Kantharyar Centre
×

 စမ္းေခ်ာင္းၿမိဳ႕နယ္ ဒဂံုစင္တာ ပထမထပ္ရွိ အလွကုန္ ပစၥည္းအေရာင္းဆိုင္ ဝန္ထမ္းအမ်ိဳးသမီးကို ကတ္ေၾကးျဖင့္ ထုိးခဲ့သည့္ ေနေဒြးအား စမ္းေခ်ာင္းၿမိဳ႕နယ္တရား႐ံုးက ပုဒ္မႏွစ္ခုျဖင့္ စြဲခ်က္တင္ အမိန္႔ခ်ခဲ့ေၾကာင္း သတင္းရရွိသည္။


အဆိုပါအမႈကို စမ္းေခ်ာင္း ၿမိဳ႕နယ္ တရားသူႀကီးက တာဝန္ ယူစစ္ေဆးခဲ့ၿပီး တရားလိုအပါအ ဝင္ တရားလိုျပသက္ေသကိုးဦး ကို စစ္ေဆးကာ လူသတ္မႈက်ဴးလြန္ရန္ အားထုတ္မႈ၊ ေဘးျဖစ္ေစ ေသာ လက္နက္ျဖင့္ အျပင္းအ ထန္နာက်င္ေစမႈ ပုဒ္မႏွစ္ခုျဖင့္ စက္တင္ဘာ ၂၀ ရက္က စြဲခ်က္ တင္ အမိန္႔ခ်ခဲ့ေၾကာင္း ၿမိဳ႕နယ္ တရား႐ံုးမွ သိရသည္။

လာမည့္႐ံုးခ်ိန္းကို ေအာက္တိုဘာ ၄ ရက္သို႔ ခ်ိန္းဆိုခဲ့ၿပီး ျပန္ေခၚသက္ေသႏွစ္ဦးကို ဆက္လက္ စစ္ေဆးမည္ျဖစ္ေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္တရား႐ံုးမွ သိရသည္။

အလွကုန္ပစၥည္း အေရာင္း ဆိုင္မွ ကတ္ေၾကးျဖင့္ ထုိးခံခဲ့ရ သည့္ အသက္(၂၀)အရြယ္ အမ်ိဳး သမီးကို စစ္ေဆးစဥ္ကလည္း ျပစ္မႈက်ဴးလြန္သူက ရည္းစားသက္ တမ္းတစ္ေလွ်ာက္ မၾကာခဏ ျပႆနာရွာကာ ေအာ္ဟစ္ဆဲဆို ခဲ့ေၾကာင္း ကာယကံရွင္ အမ်ိဳး သမီးငယ္၏ ထြက္ဆိုခ်က္အရ သိရသည္။

 ကတ္ေၾကးျဖင့္ ထိုးခံခဲ့ရ သည့္ အမ်ိဳးသမီးႏွင့္ စြပ္စြဲခံထား ရသူ ေနေဒြးတို႔ ေနျပည္ေတာ္ရွိ ရတနာသိဃၤဟိုတယ္တြင္ အလုပ္ အတူလုပ္စဥ္ကတည္းက သမီး ရည္းစားျဖစ္ခဲ့ၾကၿပီး ေနေဒြးက စိတ္ဆိုးလာပါက ၎ကို ႐ိုက္ႏွက္ ျခင္း၊ ေအာ္ဟစ္ျခင္း၊ ျပည့္တန္ဆာႏွင့္ႏိႈင္း၍ ဆဲဆိုျခင္းမ်ားပင္ရွိခဲ့ေၾကာင္း တရားခြင္အတြင္း ထြက္ဆိုခ်က္မ်ားအရ သိရသည္။

ထို႔ေနာက္ အခင္းမျဖစ္မီ ေလး၊ ငါးရက္အလိုခန္႔က ျပစ္မႈ က်ဴးလြန္သူ ေနေဒြးကို လမ္းခြဲခဲ့ ၿပီးေနာက္ ကတ္ေၾကးျဖင့္ လာ ေရာက္ထိုးမႈ ျဖစ္ပြားခဲ့ေၾကာင္း တရားခြင္အတြင္းမွ သိရသည္။ ၿပီးခဲ့သည့္ ဧၿပီ ၆ ရက္ နံနက္ ၉ နာရီခန္႔က ဒဂံုစင္တာ(၁) ONYX အလွပစၥည္း အေရာင္းဆိုင္တြင္ အလုပ္လုပ္ကိုင္ေနသည့္ အသက္ (၂၀)အရြယ္ အမ်ိဳးသမီးငယ္တစ္ ဦးသည္ ဆိုင္ဖြင့္ရန္ ျပင္ဆင္ေနစဥ္ အသက္(၂၃)ႏွစ္အရြယ္ ေနေဒြး ဆိုသူေရာက္လာၿပီး အမ်ိဳးသမီး ငယ္ကို အေပၚမွမိုးကာ ကတ္ ေၾကးျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးခဲ့ေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးဝင္းျမင့္ဦးကဆိုသည္။

ကတ္ေၾကးျဖင့္ အထုိးခံရသ ျဖင့္ အမ်ိဳးသမီးငယ္၏ ယာဘက္ မ်က္လံုး ေပါက္ထြက္သြားၿပီး ဘယ္ဘက္မ်က္လံုးေအာက္၊ ဦး ေခါင္း၊ ေမးေစ့ႏွင့္ လက္တို႔တြင္ ကတ္ေၾကးဒဏ္ရာမ်ား ရရွိခဲ့ကာ ျပစ္မႈက်ဴးလြန္သူ ေနေဒြးကို စမ္း ေခ်ာင္းၿမိဳ႕မရဲစခန္းက ျပစ္မႈပုဒ္မ ၃၂၆/၃၀၇/၄၅၂ ျဖင့္ အမႈဖြင့္အ ေရးယူခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 စမ်းချောင်းမြို့နယ် ဒဂုံစင်တာ ပထမထပ်ရှိ အလှကုန် ပစ္စည်းအရောင်းဆိုင် ဝန်ထမ်းအမျိုးသမီးကို ကတ်ကြေးဖြင့် ထိုးခဲ့သည့် နေဒွေးအား စမ်းချောင်းမြို့နယ်တရားရုံးက ပုဒ်မနှစ်ခုဖြင့် စွဲချက်တင် အမိန့်ချခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါအမှုကို စမ်းချောင်း မြို့နယ် တရားသူကြီးက တာဝန် ယူစစ်ဆေးခဲ့ပြီး တရားလိုအပါအ ဝင် တရားလိုပြသက်သေကိုးဦး ကို စစ်ဆေးကာ လူသတ်မှုကျူးလွန်ရန် အားထုတ်မှု၊ ဘေးဖြစ်စေ သော လက်နက်ဖြင့် အပြင်းအ ထန်နာကျင်စေမှု ပုဒ်မနှစ်ခုဖြင့် စက်တင်ဘာ ၂၀ ရက်က စွဲချက် တင် အမိန့်ချခဲ့ကြောင်း မြို့နယ် တရားရုံးမှ သိရသည်။

လာမည့်ရုံးချိန်းကို အောက်တိုဘာ ၄ ရက်သို့ ချိန်းဆိုခဲ့ပြီး ပြန်ခေါ်သက်သေနှစ်ဦးကို ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း စမ်းချောင်းမြို့နယ်တရားရုံးမှ သိရသည်။

အလှကုန်ပစ္စည်း အရောင်း ဆိုင်မှ ကတ်ကြေးဖြင့် ထိုးခံခဲ့ရ သည့် အသက်(၂၀)အရွယ် အမျိုး သမီးကို စစ်ဆေးစဉ်ကလည်း ပြစ်မှုကျူးလွန်သူက ရည်းစားသက် တမ်းတစ်လျှောက် မကြာခဏ ပြဿနာရှာကာ အော်ဟစ်ဆဲဆို ခဲ့ကြောင်း ကာယကံရှင် အမျိုး သမီးငယ်၏ ထွက်ဆိုချက်အရ သိရသည်။

 ကတ်ကြေးဖြင့် ထိုးခံခဲ့ရ သည့် အမျိုးသမီးနှင့် စွပ်စွဲခံထား ရသူ နေဒွေးတို့ နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်တွင် အလုပ် အတူလုပ်စဉ်ကတည်းက သမီး ရည်းစားဖြစ်ခဲ့ကြပြီး နေဒွေးက စိတ်ဆိုးလာပါက ၎င်းကို ရိုက်နှက် ခြင်း၊ အော်ဟစ်ခြင်း၊ ပြည့်တန်ဆာနှင့်နှိုင်း၍ ဆဲဆိုခြင်းများပင်ရှိခဲ့ကြောင်း တရားခွင်အတွင်း ထွက်ဆိုချက်များအရ သိရသည်။

ထို့နောက် အခင်းမဖြစ်မီ လေး၊ ငါးရက်အလိုခန့်က ပြစ်မှု ကျူးလွန်သူ နေဒွေးကို လမ်းခွဲခဲ့ ပြီးနောက် ကတ်ကြေးဖြင့် လာ ရောက်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း တရားခွင်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၆ ရက် နံနက် ၉ နာရီခန့်က ဒဂုံစင်တာ(၁) ONYX အလှပစ္စည်း အရောင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ် ဦးသည် ဆိုင်ဖွင့်ရန် ပြင်ဆင်နေစဉ် အသက်(၂၃)နှစ်အရွယ် နေဒွေး ဆိုသူရောက်လာပြီး အမျိုးသမီး ငယ်ကို အပေါ်မှမိုးကာ ကတ် ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်ဦးကဆိုသည်။

ကတ်ကြေးဖြင့် အထိုးခံရသ ဖြင့် အမျိုးသမီးငယ်၏ ယာဘက် မျက်လုံး ပေါက်ထွက်သွားပြီး ဘယ်ဘက်မျက်လုံးအောက်၊ ဦး ခေါင်း၊ မေးစေ့နှင့် လက်တို့တွင် ကတ်ကြေးဒဏ်ရာများ ရရှိခဲ့ကာ ပြစ်မှုကျူးလွန်သူ နေဒွေးကို စမ်း ချောင်းမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၂၆/၃၀၇/၄၅၂ ဖြင့် အမှုဖွင့်အ ရေးယူခဲ့ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top