Property Expo
×

ရန္ကုန္ေလဆိပ္တြင္ ျပည္ပမွဝင္ေရာက္လာသူမ်ားအား ကူးစက္ေရာဂါ ပါလာျခင္း ရိွ၊ မရိွ စစ္ေဆးေနစဥ္ (ဓာတ္ပံု−နစ္ကီ)

ဇီကာေရာဂါႏွင့္ ပတ္ သက္၍ ေလဆိပ္မ်ားတြင္ ပိုမိုစစ္ ေဆးေနျခင္းႏွင့္ ေဆး႐ုံမ်ားတြင္  ကုသေရးအတြက္ ႀကိဳတင္ျပင္ ဆင္ထားေၾကာင္း ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရးဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ သန္းထြန္းေအာင္က ေျပာသည္။

‘‘ေလဆိပ္ေတြ ဘာေတြက ေတာ့ ပိုလုပ္ေနတယ္။ ကုသေရး အတြက္လည္း ေဆး႐ုံေတြမွာ ႀကိဳ တင္ျပင္ဆင္ထားတယ္။ လူထုက ေန ဖံုးသြန္လဲစစ္၊ ျခင္ႏွိမ္နင္းေရး ေတြလုပ္ဖို႔အတြက္ လူထုပညာ ေပးေရးလုပ္ငန္းေတြလုပ္တယ္။ ပိုအားျဖည့္လုပ္သြားမယ္’’ဟု ၎ က ေျပာသည္။

ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ ပုဂံေညာင္ဦးႏွင့္ ဟဲဟိုး စေသာ ေလဆိပ္ငါးခုတြင္ ၀င္လာသည့္ ခရီးသည္မ်ားအား အဖ်ား စစ္ေဆးတိုင္းတာစက္မ်ားျဖင့္ စစ္ ေဆးျခင္း၊ ျခင္ႏွိမ္နင္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ျခင္း၊ ကုသေရး အတြက္ ေဆး႐ုံမ်ားတြင္ ႀကိဳတင္ ျပင္ဆင္ထားျခင္းအျပင္ ျပည္သူ လူထုသို႔ ဇီကာႏွင့္ ပတ္သက္သည့္ေဆာင္ရန္၊ ေရွာင္ရန္အခ်က္မ်ား ႏိႈးေဆာ္တုိက္တြန္းျခင္းလုပ္ငန္း မ်ား ေဆာင္ရြက္လ်က္ရွိသည္။


ထို႔ျပင္ ဇီကာဗိုင္းရပ္စ္ကူး စက္ခံရေသာ သံသယလူနာေတြ႕ လွ်င္ လိုအပ္သည့္ စံုစမ္းစစ္ေဆး မႈမ်ားျပဳလုပ္သြားရန္ ၿမိဳ႕နယ္၊ ခ႐ိုင္၊ ျပည္နယ္ႏွင့္ တိုင္းက်န္းမာ ေရးဦးစီးဌာနမ်ားသို႔ ၫႊန္ၾကား ထားေၾကာင္း ျပည္သူ႕က်န္းမာ ေရးဦးစီးဌာန၊ ေရာဂါကာကြယ္ ႏွိမ္နင္းေရးႏွင့္ ေရာဂါေစာင့္ၾကပ္ ၾကည့္႐ႈေရးဌာနမွ ဒုၫႊန္ခ်ဳပ္ ေဒါက္တာသန္း၀င္းက ေျပာသည္။လက္ရွိတြင္ ေရာဂါကူးစက္ ခံေနရသည့္ တ႐ုတ္ႏွင့္ ထုိင္းႏိုင္ငံတို႔၏ နယ္စပ္လမ္းေၾကာင္းမ်ားျဖစ္ေသာ ခ်င္းေရႊေဟာ္၊ က်ဳိင္းတံု၊ မူဆယ္၊ ျမ၀တီတို႔မွ ေန႔စဥ္ခရီးသည္အ၀င္အထြက္မ်ားရွိေနၿပီး ဇီကာေရာဂါႏွင့္ ပတ္သက္၍ ပူး ေပါင္းေဆာင္ရြက္ရန္ ညႇိႏိႈင္းထား ျခင္းမ်ဳိးမရွိေသးေၾကာင္း နယ္စပ္ ေရးရာ၀န္ႀကီးဌာနမွ သိရသည္။

‘‘က်န္းမာေရး၀န္ႀကီးဌာနက ပဲ အဓိကလုပ္တယ္။ ႀကိဳတင္ကာ ကြယ္ေရးလုပ္ငန္းေတြလုပ္ေန တယ္ၾကားတယ္။ နယ္စပ္ဂိတ္ ေတြမွာ နယ္စပ္ေရးရာ၀န္ႀကီးဌာနအေနနဲ႔ လိုအပ္တဲ့ ေပါင္းစပ္ညႇိ ႏိႈင္းရမယ့္ကိစၥေတြရွိလာရင္ လုပ္ ေပးသြားမယ္။ အခုလက္ရွိမွာ ေတာ့ ကြၽန္ေတာ္တို႔ဆီကို ဇီကာနဲ႔ ပတ္သက္လို႔ ေပါင္းစပ္ညႇိႏိႈင္းၿပီး လုပ္ကိုင္ဖို႔ ကမ္းလွမ္းထားတာမ်ဳိး မရွိေသးပါဘူး’’ဟု နယ္စပ္ေရးရာ ၀န္ႀကီးဌာနမွ လက္ေထာက္အ တြင္း၀န္ ဦးစိုင္းထြန္းညိဳက ေျပာ သည္။

ျမန္မာႏွင့္ အိမ္နီးခ်င္းႏုိင္ငံ မ်ားျဖစ္ေသာ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕၌ အဆိုပါ ဇီကာဗိုင္းရပ္စ္ကူး စက္ျပန္႔ပြားမႈမ်ားရွိေနၿပီး စင္ကာပူႏိုင္ငံတြင္လည္း ယင္းေရာဂါကူး စက္ခံရမႈမ်ားရွိေနျခင္းေၾကာင့္ ျမန္မာႏိုင္ငံမွ ကိုယ္၀န္ေဆာင္မ်ား ႏွင့္ ကိုယ္၀န္ယူရန္ ရည္ရြယ္ထား သည့္ မိခင္ေလာင္းမ်ားအေနျဖင့္ စင္ကာပူႏုိင္ငံသို႔ လာေရာက္ျခင္း ရပ္ဆိုင္းထားရန္ ျမန္မာသံ႐ုံးက သတင္းထုတ္ျပန္ထားသည္။

ဇီကာေရာဂါသည္ လက္ရွိ အခ်ိန္တြင္ ႏိုင္ငံေပါင္း ၅၈ ႏုိင္ငံတြင္ျဖစ္ပြားေနေၾကာင္း အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဌာန (CDC) က ထုတ္ျပန္ထားသည္။ ဇီကာဗိုင္းရပ္စ္သည္ ေအးဒိစ္ျခင္က်ား ကိုက္ခံရျခင္းမွတစ္ဆင့္ ကူးစက္ခံရျခင္းျဖစ္ကာ ေရာဂါလကၡဏာမ်ားမွာ ဖ်ားျခင္း၊ အေရျပားတြင္ အနီေရာင္အကြက္အစက္မ်ား ထြက္ျခင္း၊ မ်က္စိနာျခင္း၊ မ်က္သားနီ၍ ေရာင္ရမ္းျခင္း၊ ႂကြက္သားႏွင့္ အဆစ္အျမစ္မ်ား ကိုက္ခဲျခင္းတို႔ျဖစ္ၿပီး ၎တို႔ကို ႏွစ္ရက္မွ ခုနစ္ရက္အထိ ခံစားရေလ့ရွိသည္။

 ေရာဂါပိုးရွိသူကိုယ္၀န္ ေဆာင္မိခင္မွ သေႏၶသားသို႔ ကူး စက္ကာ ဦးေခါင္းေသးကေလးမ်ားေမြးဖြားႏိုင္ၿပီး ေမြးကင္းစကေလးငယ္မ်ား၏ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစႏိုင္သည္။ လက္ရွိအခ်ိန္ထိ ဇီကာဗိုင္းရပ္စ္ကာကြယ္ကုသရန္ ေဆးမရွိေသးေပ။ အေကာင္းဆံုးကာကြယ္မႈမွာ မိမိအိမ္တြင္ ျခင္မေပါက္ဖြားေအာင္ျခင္က်ား၊ ပိုးေလာက္လမ္းႏွိမ္နင္းေရးေဆာင္ရြက္ျခင္း၊ ျခင္ကိုက္မခံရေစရန္ ျခင္ေဆးလိမ္းျခင္း၊ အက်ႌလက္ရွည္ႏွင့္ ေဘာင္းဘီရွည္မ်ား၀တ္ဆင္ျခင္း၊ ေနအိမ္၌ ျခင္လံုဆန္ခါတပ္ဆင္ျခင္းမ်ား ေဆာင္ရြက္ျခင္းျဖင့္ ကာကြယ္ႏုိင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်လေဆိပ်တွင် ပြည်ပမှဝင်ရောက်လာသူများအား ကူးစက်ရောဂါ ပါလာခြင်း ရှိ၊ မရှိ စစ်ဆေးနေစဉ် (ဓာတ်ပုံ−နစ်ကီ)

ဇီကာရောဂါနှင့် ပတ် သက်၍ လေဆိပ်များတွင် ပိုမိုစစ် ဆေးနေခြင်းနှင့် ဆေးရုံများတွင်  ကုသရေးအတွက် ကြိုတင်ပြင် ဆင်ထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

‘‘လေဆိပ်တွေ ဘာတွေက တော့ ပိုလုပ်နေတယ်။ ကုသရေး အတွက်လည်း ဆေးရုံတွေမှာ ကြို တင်ပြင်ဆင်ထားတယ်။ လူထုက နေ ဖုံးသွန်လဲစစ်၊ ခြင်နှိမ်နင်းရေး တွေလုပ်ဖို့အတွက် လူထုပညာ ပေးရေးလုပ်ငန်းတွေလုပ်တယ်။ ပိုအားဖြည့်လုပ်သွားမယ်’’ဟု ၎င်း က ပြောသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦးနှင့် ဟဲဟိုး စသော လေဆိပ်ငါးခုတွင် ဝင်လာသည့် ခရီးသည်များအား အဖျား စစ်ဆေးတိုင်းတာစက်များဖြင့် စစ် ဆေးခြင်း၊ ခြင်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုသရေး အတွက် ဆေးရုံများတွင် ကြိုတင် ပြင်ဆင်ထားခြင်းအပြင် ပြည်သူ လူထုသို့ ဇီကာနှင့် ပတ်သက်သည့်ဆောင်ရန်၊ ရှောင်ရန်အချက်များ နှိုးဆော်တိုက်တွန်းခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ဇီကာဗိုင်းရပ်စ်ကူး စက်ခံရသော သံသယလူနာတွေ့ လျှင် လိုအပ်သည့် စုံစမ်းစစ်ဆေး မှုများပြုလုပ်သွားရန် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းကျန်းမာ ရေးဦးစီးဌာနများသို့ ညွှန်ကြား ထားကြောင်း ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ရောဂါကာကွယ် နှိမ်နင်းရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှုရေးဌာနမှ ဒုညွှန်ချုပ် ဒေါက်တာသန်းဝင်းက ပြောသည်။လက်ရှိတွင် ရောဂါကူးစက် ခံနေရသည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်လမ်းကြောင်းများဖြစ်သော ချင်းရွှေဟော်၊ ကျိုင်းတုံ၊ မူဆယ်၊ မြဝတီတို့မှ နေ့စဉ်ခရီးသည်အဝင်အထွက်များရှိနေပြီး ဇီကာရောဂါနှင့် ပတ်သက်၍ ပူး ပေါင်းဆောင်ရွက်ရန် ညှိနှိုင်းထား ခြင်းမျိုးမရှိသေးကြောင်း နယ်စပ် ရေးရာဝန်ကြီးဌာနမှ သိရသည်။

‘‘ကျန်းမာရေးဝန်ကြီးဌာနက ပဲ အဓိကလုပ်တယ်။ ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းတွေလုပ်နေ တယ်ကြားတယ်။ နယ်စပ်ဂိတ် တွေမှာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ပေါင်းစပ်ညှိ နှိုင်းရမယ့်ကိစ္စတွေရှိလာရင် လုပ် ပေးသွားမယ်။ အခုလက်ရှိမှာ တော့ ကျွန်တော်တို့ဆီကို ဇီကာနဲ့ ပတ်သက်လို့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ကိုင်ဖို့ ကမ်းလှမ်းထားတာမျိုး မရှိသေးပါဘူး’’ဟု နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ လက်ထောက်အ တွင်းဝန် ဦးစိုင်းထွန်းညိုက ပြော သည်။

မြန်မာနှင့် အိမ်နီးချင်းနိုင်ငံ များဖြစ်သော ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အဆိုပါ ဇီကာဗိုင်းရပ်စ်ကူး စက်ပြန့်ပွားမှုများရှိနေပြီး စင်ကာပူနိုင်ငံတွင်လည်း ယင်းရောဂါကူး စက်ခံရမှုများရှိနေခြင်းကြောင့် မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်များ နှင့် ကိုယ်ဝန်ယူရန် ရည်ရွယ်ထား သည့် မိခင်လောင်းများအနေဖြင့် စင်ကာပူနိုင်ငံသို့ လာရောက်ခြင်း ရပ်ဆိုင်းထားရန် မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

ဇီကာရောဂါသည် လက်ရှိ အချိန်တွင် နိုင်ငံပေါင်း ၅၈ နိုင်ငံတွင်ဖြစ်ပွားနေကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) က ထုတ်ပြန်ထားသည်။ ဇီကာဗိုင်းရပ်စ်သည် အေးဒိစ်ခြင်ကျား ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်ကာ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အရေပြားတွင် အနီရောင်အကွက်အစက်များ ထွက်ခြင်း၊ မျက်စိနာခြင်း၊ မျက်သားနီ၍ ရောင်ရမ်းခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ ကိုက်ခဲခြင်းတို့ဖြစ်ပြီး ၎င်းတို့ကို နှစ်ရက်မှ ခုနစ်ရက်အထိ ခံစားရလေ့ရှိသည်။

 ရောဂါပိုးရှိသူကိုယ်ဝန် ဆောင်မိခင်မှ သန္ဓေသားသို့ ကူး စက်ကာ ဦးခေါင်းသေးကလေးများမွေးဖွားနိုင်ပြီး မွေးကင်းစကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။ လက်ရှိအချိန်ထိ ဇီကာဗိုင်းရပ်စ်ကာကွယ်ကုသရန် ဆေးမရှိသေးပေ။ အကောင်းဆုံးကာကွယ်မှုမှာ မိမိအိမ်တွင် ခြင်မပေါက်ဖွားအောင်ခြင်ကျား၊ ပိုးလောက်လမ်းနှိမ်နင်းရေးဆောင်ရွက်ခြင်း၊ ခြင်ကိုက်မခံရစေရန် ခြင်ဆေးလိမ်းခြင်း၊ အကျႌလက်ရှည်နှင့် ဘောင်းဘီရှည်များဝတ်ဆင်ခြင်း၊ နေအိမ်၌ ခြင်လုံဆန်ခါတပ်ဆင်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top