Property Expo
×

ပုဂံၿမိဳ႕က ငလ်င္ဒဏ္သင့္ေစတီပုထုိးေတြကို ျပဳျပင္ထိန္းသိမ္းတာေတြလုပ္ဖို႔  တ႐ုတ္ႏိုင္ငံမွ ေရွးေဟာင္းအေဆာက္အအံုထိန္းသိမ္းေရး ပညာရွင္ ၁၂ ဦးက စက္တင္ ဘာ ၁၉ ရက္မွာ ပုဂံၿမိဳ႕ကုိလာေရာက္မယ္လို႔ ေရွးေဟာင္းသုေတသနနဲ႔ အမ်ိဳးသားျပတိုက္ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသိန္းလြင္က ေျပာပါတယ္။

‘‘တ႐ုတ္ပညာရွင္ေတြက ၁၉ ရက္ေန႔ ေရာက္လာမယ္။ ၂၆ ရက္ေန႔ထိ ေနသြားမယ္။ သူတို႔က အကုန္လံုးစစ္ေဆးမွာေပါ့။ စစ္ ေဆးၾကည့္႐ႈမႈေတြ လုပ္သြားမွာ ေပါ့။ အဲဒီမွာ ဘာေတြအႀကံေပးမယ္၊ ဘာေတြ အကူအညီေပးမယ္ဆိုတာ ေျပာမွာေပါ့’’လုိ႔ ဦးသိန္းလြင္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံကေန လာေရာက္မယ့္ ေရွးေဟာင္းအေဆာက္အအံု ထိန္းသိမ္းေရးပညာရွင္ ၁၂ ဦးက ေစတီပုထိုးေတြကို တစ္ပတ္ၾကာ စစ္ေဆးတာေတြျပဳလုပ္မွာ ျဖစ္တယ္လုိ႔  ဦးသိန္းလြင္က ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံက ပညာရွင္ေတြက ကေမၻာဒီးယားႏုိင္ငံက အန္ေကာဝပ္ဘုရားေက်ာင္း ႀကံ႕ခိုင္မႈရွိေစဖုိ႔ ေဆာင္ရြက္ေပးထားသူေတြျဖစ္တယ္လုိ႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ပုဂံမြို့က ငလျင်ဒဏ်သင့်စေတီပုထိုးတွေကို ပြုပြင်ထိန်းသိမ်းတာတွေလုပ်ဖို့  တရုတ်နိုင်ငံမှ ရှေးဟောင်းအဆောက်အအုံထိန်းသိမ်းရေး ပညာရှင် ၁၂ ဦးက စက်တင် ဘာ ၁၉ ရက်မှာ ပုဂံမြို့ကိုလာရောက်မယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။

‘‘တရုတ်ပညာရှင်တွေက ၁၉ ရက်နေ့ ရောက်လာမယ်။ ၂၆ ရက်နေ့ထိ နေသွားမယ်။ သူတို့က အကုန်လုံးစစ်ဆေးမှာပေါ့။ စစ် ဆေးကြည့်ရှုမှုတွေ လုပ်သွားမှာ ပေါ့။ အဲဒီမှာ ဘာတွေအကြံပေးမယ်၊ ဘာတွေ အကူအညီပေးမယ်ဆိုတာ ပြောမှာပေါ့’’လို့ ဦးသိန်းလွင်က ပြောပါတယ်။

တရုတ်နိုင်ငံကနေ လာရောက်မယ့် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးပညာရှင် ၁၂ ဦးက စေတီပုထိုးတွေကို တစ်ပတ်ကြာ စစ်ဆေးတာတွေပြုလုပ်မှာ ဖြစ်တယ်လို့  ဦးသိန်းလွင်က ပြောပါတယ်။

တရုတ်နိုင်ငံက ပညာရှင်တွေက ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ်ဘုရားကျောင်း ကြံ့ခိုင်မှုရှိစေဖို့ ဆောင်ရွက်ပေးထားသူတွေဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top