ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

Niamh Geaney ၊Terence manzanga နဲ႔ Harry English တို႕သုံးေယာက္က တစ္လအတြင္း ကိုယ္နဲ႕တူတဲ့ ေနာက္တစ္ေယာက္ကို ရွာေပးဖို႕ စိန္ေခၚထားတဲ့ ထူးဆန္းတဲ့ လုပ္ငန္းတစ္ခုကို မိတ္ဆက္ခဲ့ပါတယ္။
ေဖ့ဘုတ္ေပၚမွာ လုပ္ငန္းကို မိတ္ဆက္ခဲ့ၿပီး ႏွစ္ပတ္အၾကာမွာပဲ လူသိမ်ားလာခဲ့ပါတယ္။

 တူတဲ့လူေတြရွာေပးဖို႕ ေတာင္းဆိုတာေတြ အမ်ားႀကီး ရရွိလာခဲ့ပါတယ္။

ကမာၻေပၚမွာ ရွိတဲ့လူေတြအတြက္ သူတို႕နဲ႔တူတဲ့ လူ အနည္းဆံုး ၇ေယာက္ ကမာၻတစ္လႊမ္းမွာ ရွိေနႏိုင္ပါတယ္တဲ့။

အိုင္းရစ္အမ်ိဳးသမီးတစ္ေယာက္ကေတာ့ သူ႕ရဲ႕ ကိုယ္ပြားတစ္ေယာက္ကို ၁နာရီ ခရီးေလာက္သာ ကြာေ၀းတဲ့ ေနရာမွာ ေနထိုင္တာကို ေတြ႕ရွိခဲ့ပါတယ္။

အခုဆိုရင္ေတာ့ Niamh က သူနဲ႕ အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ အရမး္တူတဲ့ အသက္ ၂၉ႏွစ္ ရွိၿပီျဖစ္တဲ့ Karen Branigan ကို ေတြ႕ခဲ့ပါတယ္။

‘Karen ကို ဆိုရွယ္မီဒီယာ ရဲ႕ စြမ္းအားနဲ႕ ဒီတစ္ပါတ္ လက္ေတြ႕ဘ၀ထဲမွာ ေတြ႕ဆံုဖို႕ျဖစ္လာပါၿပီ ‘လို႕ ေဖ့ဘုတ္စာမ်က္ႏွာေပၚမွာ Niamh က ေရးသားခဲ့ပါတယ္။

‘ညာမေျပာဘူး။ ကၽြန္မတို႕ရဲ႕ ႏွစ္ကိုယ္ခြဲကို အျပင္မွာ ေတြ႕ရမွာ တကယ္ကို စိတ္လႈပ္ရွားရမွာပါပဲ။’

‘ေတြ႕ဆံုရတဲ့ အခ်ိန္အတြင္းမွာ ကၽြန္မျဖင့္ သူ႕ကို စိုက္ၾကည့္လို႕ကို အ၀ဘူး။ သူ႕ရဲ႕ လႈပ္ရွားမႈ အခ်ိဳ႕က ကၽြန္မကို ကၽြန္မ ျမင္ေန ရသလိုပဲ။ ဒါင့ါမ်က္ႏွာပဲလို႕လဲ  အက်ယ္ႀကီး ေျပာလိုက္မိတယ္။ တကယ္ထူးဆန္းတယ္၊ တကယ္မယံုႏိုင္စရာပဲလို႕ ဘယ္ႏွစ္ေခါက္ ေျပာမိတယ္ဆိုတာေတာင္ မမွတ္မိဘူး’ လုိ႕ Niamh က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


#Unicode Version

Niamh Geaney ၊Terence manzanga နဲ့ Harry English တို့သုံးယောက်က တစ်လအတွင်း ကိုယ်နဲ့တူတဲ့ နောက်တစ်ယောက်ကို ရှာပေးဖို့ စိန်ခေါ်ထားတဲ့ ထူးဆန်းတဲ့ လုပ်ငန်းတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။
ဖေ့ဘုတ်ပေါ်မှာ လုပ်ငန်းကို မိတ်ဆက်ခဲ့ပြီး နှစ်ပတ်အကြာမှာပဲ လူသိများလာခဲ့ပါတယ်။

 တူတဲ့လူတွေရှာပေးဖို့ တောင်းဆိုတာတွေ အများကြီး ရရှိလာခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေအတွက် သူတို့နဲ့တူတဲ့ လူ အနည်းဆုံး ၇ယောက် ကမ္ဘာတစ်လွှမ်းမှာ ရှိနေနိုင်ပါတယ်တဲ့။

အိုင်းရစ်အမျိုးသမီးတစ်ယောက်ကတော့ သူ့ရဲ့ ကိုယ်ပွားတစ်ယောက်ကို ၁နာရီ ခရီးလောက်သာ ကွာဝေးတဲ့ နေရာမှာ နေထိုင်တာကို တွေ့ရှိခဲ့ပါတယ်။

အခုဆိုရင်တော့ Niamh က သူနဲ့ အံ့သြဖွယ်ကောင်းလောက်အောင် အရမ်းတူတဲ့ အသက် ၂၉နှစ် ရှိပြီဖြစ်တဲ့ Karen Branigan ကို တွေ့ခဲ့ပါတယ်။

‘Karen ကို ဆိုရှယ်မီဒီယာ ရဲ့ စွမ်းအားနဲ့ ဒီတစ်ပါတ် လက်တွေ့ဘဝထဲမှာ တွေ့ဆုံဖို့ဖြစ်လာပါပြီ ‘လို့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ Niamh က ရေးသားခဲ့ပါတယ်။

‘ညာမပြောဘူး။ ကျွန်မတို့ရဲ့ နှစ်ကိုယ်ခွဲကို အပြင်မှာ တွေ့ရမှာ တကယ်ကို စိတ်လှုပ်ရှားရမှာပါပဲ။’

‘တွေ့ဆုံရတဲ့ အချိန်အတွင်းမှာ ကျွန်မဖြင့် သူ့ကို စိုက်ကြည့်လို့ကို အဝဘူး။ သူ့ရဲ့ လှုပ်ရှားမှု အချို့က ကျွန်မကို ကျွန်မ မြင်နေ ရသလိုပဲ။ ဒါင့ါမျက်နှာပဲလို့လဲ  အကျယ်ကြီး ပြောလိုက်မိတယ်။ တကယ်ထူးဆန်းတယ်၊ တကယ်မယုံနိုင်စရာပဲလို့ ဘယ်နှစ်ခေါက် ပြောမိတယ်ဆိုတာတောင် မမှတ်မိဘူး’ လို့ Niamh က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top