Property Expo
×

၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္မွာ ႏုိင္ငံပုိင္စီးပြားေရးလုပ္ငန္းေတြကေန က်ပ္ဘီလီယံ ၇၀၀ ခန္႔ အ႐ႈံးေပၚခဲ့တယ္လုိ႔ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္ အမ်ိဳးသားစီမံကိန္း ႏွစ္ပတ္လည္အစီရင္ခံစာရဲ႕ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။

စြမ္းေဆာင္ရည္မေကာင္းလုိ႔ အ႐ႈံးေပၚတဲ့ လုပ္ငန္းေတြက က်ပ္ ၁၅၄ ဘီလီယံေက်ာ္ရွိၿပီး အစိုးရက အ႐ႈံးခံလည္ပတ္ေပးေနတဲ့ လုပ္ငန္းေတြက က်ပ္ ၄၆၁ ဘီလီယံေက်ာ္ထိ ဆံုး႐ႈံးေနတယ္လို႔  ျပည္သူ႔ လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာသက္သက္ႏုိင္က စက္တင္ဘာ ၂၀ ရက္က ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးခဲ့ပါတယ္။

အ႐ႈံးခံလည္ပတ္ေပးေနတဲ့ လုပ္ငန္းေတြမွာ ျမန္မာ့လွ်ပ္စစ္ဓာတ္အားလုပ္ငန္းတစ္ခုတည္းက က်ပ္ဘီလီယံ ၄၀၀ ခန္႔ (၃၈၆ ဘီလီယံေက်ာ္) အ႐ႈံးေပၚခဲ့ၿပီး  ျမန္မာ့မီးရထား၊ ကုန္းလမ္းပို႔ေဆာင္ေရးလုပ္ငန္း၊ ျပည္တြင္းေရေၾကာင္းနဲ႔ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္းေတြကလည္း အ႐ႈံးခံလည္ပတ္ေပးေနတဲ့  လုပ္ငန္းေတြမွာ ပါ၀င္တယ္လုိ႔ ဆိုပါတယ္။

စြမ္းေဆာင္ရည္မေကာင္းလို႔ အ႐ႈံးေပၚရတဲ့လုပ္ငန္းေတြထဲမွာ စက္မႈ၀န္ႀကီးဌာနလက္ေအာက္က လုပ္ငန္းေတြက အမ်ားဆံုးျဖစ္ၿပီး ျမန္မာ့ေဆး၀ါးလုပ္ငန္း၊ ျမန္မာ့ေရနံဓာတုေဗဒလုပ္ငန္းနဲ႔ ျမန္မာ့သေဘၤာက်င္းလုပ္ငန္းေတြကလည္း စြမ္းေဆာင္ရည္ မေကာင္းလို႔ အ႐ႈံးေပၚရတဲ့ လုပ္ငန္းေတြစာရင္းမွာ ပါ၀င္တယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကနေ ကျပ်ဘီလီယံ ၇၀၀ ခန့် အရှုံးပေါ်ခဲ့တယ်လို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။

စွမ်းဆောင်ရည်မကောင်းလို့ အရှုံးပေါ်တဲ့ လုပ်ငန်းတွေက ကျပ် ၁၅၄ ဘီလီယံကျော်ရှိပြီး အစိုးရက အရှုံးခံလည်ပတ်ပေးနေတဲ့ လုပ်ငန်းတွေက ကျပ် ၄၆၁ ဘီလီယံကျော်ထိ ဆုံးရှုံးနေတယ်လို့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်နိုင်က စက်တင်ဘာ ၂၀ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

အရှုံးခံလည်ပတ်ပေးနေတဲ့ လုပ်ငန်းတွေမှာ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းတစ်ခုတည်းက ကျပ်ဘီလီယံ ၄၀၀ ခန့် (၃၈၆ ဘီလီယံကျော်) အရှုံးပေါ်ခဲ့ပြီး  မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်း၊ ပြည်တွင်းရေကြောင်းနဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းတွေကလည်း အရှုံးခံလည်ပတ်ပေးနေတဲ့  လုပ်ငန်းတွေမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

စွမ်းဆောင်ရည်မကောင်းလို့ အရှုံးပေါ်ရတဲ့လုပ်ငန်းတွေထဲမှာ စက်မှုဝန်ကြီးဌာနလက်အောက်က လုပ်ငန်းတွေက အများဆုံးဖြစ်ပြီး မြန်မာ့ဆေးဝါးလုပ်ငန်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနဲ့ မြန်မာ့သငေ်္ဘာကျင်းလုပ်ငန်းတွေကလည်း စွမ်းဆောင်ရည် မကောင်းလို့ အရှုံးပေါ်ရတဲ့ လုပ်ငန်းတွေစာရင်းမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top