တပ္ကုန္းျမိဳ႕အနီး
ကားလမ္းေဘး ၆ေပခန္႔အကြာမွာ ေပ်ာက္ဆံုးေနတဲ႕ အမ်ိဳးသမီးအေလာင္းကို
စက္တင္ဘာလ (၁၄)ရက္ေန ့ညေနပိုင္းက ရွာေဖြေတြ႔ရွိခဲ႔ပါတယ္။ ေသဆံုးသူ
အမ်ိဳးသားရဲ႕ ကားရပ္ထားခဲ႕တဲ႔ ေနရာနဲ႔ ၃မိုင္
ခန္႔အကြာမွာေတြ႕ရွိတာလို႕သိရပါတယ္။ ဓါတ္ပုံ - Tin Ko Win
ပင္ေလာင္းၿမိဳ႕ အမွတ္ (၃) အထူးေဆာက္လုပ္ေရးအင္ဂ်င္နီယာတပ္မွဴး
ဗိုလ္မွဴးေ၀ၿဖိဳးေအာင္ႏွင့္ ၎၏ ဇနီးျဖစ္ သူတို႔ ေသဆုံးမႈႏွင့္ပတ္သက္၍
ႏွစ္ဖက္မိသားစု၀င္မ်ားက အျပန္အလွန္အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ စက္တင္ဘာ ၁၄ ရက္တြင္ ဗိုလ္မွဴးေ၀ၿဖိဳးေအာင္က ၎၏ ဇနီးျဖစ္သူသည္၎၏
လည္ပင္းကို ဓားျဖင့္ထိုးေနေၾကာင္း ညီျဖစ္သူထံ ဖုန္းဆက္သြယ္ေျပာဆိုသျဖင့္
မိခင္ျဖစ္သူကသြားေရာက္ၾကည့္႐ႈရာ တပ္ကုန္း-ပင္ေလာင္းလမ္း မိုင္တိုင္အမွတ္
၈/၄ တြင္ ကားေပၚ၌ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရၿပီး
ေခၽြးမျဖစ္သူေပ်ာက္ဆုံးေနေသာေၾကာင့္ ေခၽြးမျဖစ္သူ ေဒါက္တာခင္စႏၵီေက်ာ္ကို
တပ္ကုန္းရဲစခန္း၌ အမႈဖြင့္ခဲ့သည္။
ထို႔ေနာက္ ေဒါက္တာခင္စႏၵီေက်ာ္အား ၎၏ အစ္မျဖစ္သူ ေဒၚစုမြန္မြန္ေက်ာ္က
ဆက္လက္ရွာ ေဖြခဲ့ရာ တပ္ကုန္း-ပင္ေလာင္းလမ္း မိုင္တိုင္အမွတ္ (၅/၁) တြင္
ေနရာအႏွံ႔ထိုးသြင္းဒဏ္ရာ (၂၉) ခ်က္၊ ျပတ္ရွဒဏ္ရာ (၂) ခ်က္ စုစုေပါင္း ဒဏ္ရာ
(၃) ခ်က္ျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိရေသာေၾကာင့္ အစ္မျဖစ္သူ
ေဒၚခင္စုမြန္မြန္ေက်ာ္က ညီမျဖစ္သူ ေသဆုံးမႈအတြက္ ဗိုလ္မွဴးေ၀ၿဖိဳးေအာင္ကို
အေရးယူေပးရန္ တပ္ကုန္းၿမိဳ႕မရဲစခန္းသို႔ စက္တင္ဘာ ၁၄ ရက္ ည ၁၀
နာရီခြဲခန္႔တြင္ အမႈဖြင့္တိုင္ၾကားခဲ့ျခင္းျဖစ္သည္။
ကားေပၚတြင္ က်န္ရစ္ေနသည့္ဗိုလ္မွဴးေ၀ၿဖိဳးေအာင္ႏွင့္
ေဒါက္တာခင္စႏၵီေက်ာ္တို႔၏ ၄ ႏွစ္အရြယ္သမီးျဖစ္သူက“ဖခင္ျဖစ္သူက
မိခင္ျဖစ္သူအား ဓားျဖင့္ထုိးရန္ ေပြ႕ထမ္းၿပီး ေခ်ာက္ထဲသို႔
ပစ္ခ်ခဲ့ေၾကာင္း၊ ဖခင္ျဖစ္သူသည္ ကားကို သမီးႏွင့္အတူ ဆက္ေမာင္းၿပီး
ကားရပ္ကာ ေဖႀကီးက မိမိကိုယ္တိုင္ ဓားျဖင့္ထိုးေနသည္ကို ျမင္ေတြ႕ရေၾကာင္း”
ေျပာၾကားခဲ့သည္ဟု ေဒၚစုမြန္မြန္ေက်ာ္၏ ေျပာၾကားခ်က္အရ သိရွိရသည္။
အဆုိပါ ဗိုလ္မွဴးႏွင့္ ဇနီးျဖစ္သူတို႔ ေသဆုံးမႈႏွင့္ ပတ္သက္ရန္
တပ္ကုန္းၿမိဳ႕မရဲ စခန္းက အမႈမွန္ေပၚေပါက္ေရး အတြက္ ဆက္လက္စုံစမ္းေနေၾကာင္း
သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
#Unicode Version
တပ်ကုန်းမြို့အနီး ကားလမ်းဘေး ၆ပေခန့်အကွာမှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးအလောင်းကို စက်တင်ဘာလ (၁၄)ရက်နေ့ညနေပိုင်းက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူ အမျိုးသားရဲ့ ကားရပ်ထားခဲ့တဲ့ နေရာနဲ့ ၃မိုင် ခန့်အကွာမှာတွေ့ရှိတာလို့သိရပါတယ်။ ဓါတ်ပုံ - Tin Ko Win ပင်လောင်းမြို့ အမှတ် (၃) အထူးဆောက်လုပ်ရေးအင်ဂျင်နီယာတပ်မှူး ဗိုလ်မှူးဝေဖြိုးအောင်နှင့် ၎င်း၏ ဇနီးဖြစ် သူတို့ သေဆုံးမှုနှင့်ပတ်သက်၍ နှစ်ဖက်မိသားစုဝင်များက အပြန်အလှန်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်တွင် ဗိုလ်မှူးဝေဖြိုးအောင်က ၎င်း၏ ဇနီးဖြစ်သူသည်၎င်း၏ လည်ပင်းကို ဓားဖြင့်ထိုးနေကြောင်း ညီဖြစ်သူထံ ဖုန်းဆက်သွယ်ပြောဆိုသဖြင့် မိခင်ဖြစ်သူကသွားရောက်ကြည့်ရှုရာ တပ်ကုန်း-ပင်လောင်းလမ်း မိုင်တိုင်အမှတ် ၈/၄ တွင် ကားပေါ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ချွေးမဖြစ်သူပျောက်ဆုံးနေသောကြောင့် ချွေးမဖြစ်သူ ဒေါက်တာခင်စန္ဒီကျော်ကို တပ်ကုန်းရဲစခန်း၌ အမှုဖွင့်ခဲ့သည်။
ထို့နောက် ဒေါက်တာခင်စန္ဒီကျော်အား ၎င်း၏ အစ်မဖြစ်သူ ဒေါ်စုမွန်မွန်ကျော်က ဆက်လက်ရှာ ဖွေခဲ့ရာ တပ်ကုန်း-ပင်လောင်းလမ်း မိုင်တိုင်အမှတ် (၅/၁) တွင် နေရာအနှံ့ထိုးသွင်းဒဏ်ရာ (၂၉) ချက်၊ ပြတ်ရှဒဏ်ရာ (၂) ချက် စုစုပေါင်း ဒဏ်ရာ (၃) ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် အစ်မဖြစ်သူ ဒေါ်ခင်စုမွန်မွန်ကျော်က ညီမဖြစ်သူ သေဆုံးမှုအတွက် ဗိုလ်မှူးဝေဖြိုးအောင်ကို အရေးယူပေးရန် တပ်ကုန်းမြို့မရဲစခန်းသို့ စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီခွဲခန့်တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ကားပေါ်တွင် ကျန်ရစ်နေသည့်ဗိုလ်မှူးဝေဖြိုးအောင်နှင့် ဒေါက်တာခင်စန္ဒီကျော်တို့၏ ၄ နှစ်အရွယ်သမီးဖြစ်သူက“ဖခင်ဖြစ်သူက မိခင်ဖြစ်သူအား ဓားဖြင့်ထိုးရန် ပွေ့ထမ်းပြီး ချောက်ထဲသို့ ပစ်ချခဲ့ကြောင်း၊ ဖခင်ဖြစ်သူသည် ကားကို သမီးနှင့်အတူ ဆက်မောင်းပြီး ကားရပ်ကာ ဖေကြီးက မိမိကိုယ်တိုင် ဓားဖြင့်ထိုးနေသည်ကို မြင်တွေ့ရကြောင်း” ပြောကြားခဲ့သည်ဟု ဒေါ်စုမွန်မွန်ကျော်၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ ဗိုလ်မှူးနှင့် ဇနီးဖြစ်သူတို့ သေဆုံးမှုနှင့် ပတ်သက်ရန် တပ်ကုန်းမြို့မရဲ စခန်းက အမှုမှန်ပေါ်ပေါက်ရေး အတွက် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)