Property Expo
×

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ လတ္တေလာ၌ အဖ်ားတုိင္းစက္ျဖင့္ စစ္ေဆးမႈမ်ားရွိေနသည္ (ဓာတ္ပုံ-နစ္ကီ)

 ထိုင္းႏိုင္ငံ ေျမာက္ပိုင္း ခ်င္းမိုင္ၿမိဳ႕တြင္ အလုပ္လုပ္ကိုင္ ေနေသာ ကိုယ္ဝန္ေဆာင္ ျမန္မာအမ်ိဳးသမီးတစ္ဦး ဇီကာဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီး ယင္းေရာဂါပိုး ျပန္႔ပြားေနျခင္းေၾကာင့္ ျမန္မာႏုိင္ငံမွ ကိုယ္ဝန္ေဆာင္မိခင္မ်ား ႏွင့္ ကိုယ္ဝန္ေဆာင္ရန္ ရည္ရြယ္ ထားသည့္ မိခင္ေလာင္းမ်ား ယခု ရက္ပိုင္းအတြင္း ခ်င္းမိုင္သို႔ မလာရန္ ခ်င္းမိုင္ၿမိဳ႕ရွိ ျမန္မာေကာင္ စစ္ဝန္႐ံုးက သတိေပးထုတ္ျပန္ ထားသည္။

ခ်င္းမုိင္ျပည္နယ္ ဆန္းဆိုင္းခ႐ုိင္တြင္ အလုပ္လုပ္ကိုင္ေန သည့္ ကိုယ္ဝန္ရွစ္လရွိ အသက္(၂၈) ႏွစ္အရြယ္ ျမန္မာအမ်ိဳးသမီးတစ္ဦးသည္ စက္တင္ဘာ ၅ ရက္တြင္ ဇီကာဗုိင္းရပ္စ္ ကူးစက္ခံ ရ၍ ဆန္းဆုိင္းျပည္နယ္ ျပည္သူ႔ေဆး႐ံု ျပည္သူ႔က်န္းမာေရး အေရး ေပၚဌာနတြင္ အနီးကပ္ေစာင့္ ၾကည့္ကုသေပးလ်က္ရွိေၾကာင္း ခ်င္းမိုင္ၿမိဳ႕ ျမန္မာေကာင္စစ္ဝန္ ႐ံုးက စက္တင္ဘာ ၇ ရက္၌ ထုတ္ျပန္ထားသည္။

‘‘ျမန္မာႏုိင္ငံသား အမ်ိဳးသမီးတစ္ဦးေပါ့။ အသက္ (၂၈)ႏွစ္ အရြယ္ ကိုယ္ဝန္ေဆာင္ရွစ္လ ေပါ့။ ခ်င္းမိုင္ ဆန္းဆုိင္းျပည္သူ႔ ေဆး႐ံုမွာ ဇီကာဗိုင္းရပ္စ္ကူးစက္ ခံရလုိ႔ ေဆး႐ံုတင္ၿပီး ကုသေနရ တာ မွန္ပါတယ္။ ျမန္မာအမ်ိဳး သမီးကို ျပည္သူ႔က်န္းမာေရးအ ေရးေပၚဌာနမွာ အနီးကပ္ေစာင့္ ၾကည့္ ကုသေပးေနပါတယ္။ ေရာဂါကူးစက္တာေတာ့ ကြၽန္ ေတာ္တုိ႔ ျမန္မာႏုိင္ငံသူ အမ်ိဳး သမီးတစ္ေယာက္တည္းေတာ့ မဟုတ္ဘူးဗ်။ ထိုင္းေတြလည္း ပါတာေပါ့။ ထိုင္းကိုယ္ဝန္ေဆာင္ ေတြလည္းပါတယ္။ ကိုယ္ဝန္ ေဆာင္ မဟုတ္တာလည္းပါတယ္’’ဟု ခ်င္းမိုင္ၿမိဳ႕ ျမန္္မာေကာင္စစ္ ဝန္႐ံုးမွ သံမွဴးဦးစန္းယုေက်ာ္က 7Day Daily အား ေျပာၾကား သည္။

ခ်င္းမုိင္ခ႐ိုင္တြင္ ဇီကာဗိုင္း ရပ္စ္ပိုးကူးစက္ခံရသူ ကိုယ္ဝန္ ေဆာင္ ျမန္မာအမ်ိဳးသမီးအပါ အဝင္ ၁၁ ဦးရွိေနၿပီး ၎တုိ႔အား လံုးသည္ ဆန္းဆိုင္း ၿမိဳ႕တြင္ေန ထုိင္သူမ်ားျဖစ္ေၾကာင္း ထိုင္းႏုိင္ငံ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

‘‘ေရာဂါကူးစက္ခံထားရတဲ့ လူနာရဲ႕ အိမ္အတြင္းအျပင္ေတြ အကုန္လံုးကိုလည္း ျပည္သူ႔က်န္း မာေရးဌာနကေနၿပီးေတာ့ပဲ ျခင္ ႏွိမ္နင္းေရးကအစ လုပ္ေနၾကပါ တယ္။ လူနာရဲ႕ ကိုယ္ေရးအခ်က္ အလက္ေတြေတာ့   လူနာရဲ႕ သေဘာတူညီခ်က္မရလို႔ ကြၽန္ ေတာ္တုိ႔ကို မေပးပါဘူး’’ဟု သံမွဴးဦးစန္းယုေက်ာ္က ေျပာသည္။

ထို႔အျပင္ စင္ကာပူႏုိင္ငံ ေရာက္ ျမန္မာလုပ္သားတစ္ဦး ဇီ ကာဗိုင္းရပ္စ္  ကူးစက္ခံရၿပီး စင္ကာပူႏုိင္ငံတြင္ ဇီကာဗိုင္းရပ္စ္ ျပန္႔ပြားကူးစက္ေနသျဖင့္ ျမန္မာ ႏုိင္ငံမွ ကိုယ္ဝန္ေဆာင္မိခင္မ်ား ႏွင့္ ကိုယ္ဝန္ေဆာင္ရန္ ရည္ရြယ္ ထားသည့္ မိခင္ေလာင္းမ်ား ယခု ရက္ပိုင္းအတြင္း စင္ကာပူႏုိင္ငံသို႔ မလာေရာက္ရန္ စင္ကာပူႏုိင္ငံ ဆုိင္ရာ ျမန္မာသံ႐ံုးက စက္တင္ ဘာ ၂ ရက္၌ အသိေပးထုတ္ျပန္ ထားသည္။

ျမန္မာႏုိင္ငံသို႔ အဆုိပါ ေရာဂါပုိး ကူးစက္ဝင္ေရာက္လာ ျခင္းမရွိေစရန္ ရန္ကုန္အျပည္ ျပည္ဆုိင္ရာ ေလဆိပ္တြင္ အဖ်ား တုိင္းတာစက္မ်ားျဖင့္ စစ္ေဆးမႈ မ်ား ျပဳလုပ္ေနသည္။

ျမန္မာႏုိင္ငံ၏ အိမ္နီးခ်င္း ႏုိင္ငံမ်ားျဖစ္ေသာ ထုိင္းႏွင့္ အာ ဆီယံေဒသတြင္း ႏုိင္ငံမ်ားျဖစ္ ေသာ စင္ကာပူႏွင့္ မေလးရွား ႏုိင္ငံတို႔တြင္ ဇီကာဗိုင္းရပ္စ္ကူး စက္မႈမ်ားရွိေနသည္။ စင္ကာပူ ႏုိင္ငံတြင္ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၇၅ ဦးအထိ ရွိေနၿပီး မေလးရွားႏုိင္ငံ၌ တစ္ဦးရွိေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လတ်တလော၌ အဖျားတိုင်းစက်ဖြင့် စစ်ဆေးမှုများရှိနေသည် (ဓာတ်ပုံ-နစ်ကီ)

 ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင် နေသော ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ယင်းရောဂါပိုး ပြန့်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ် ထားသည့် မိခင်လောင်းများ ယခု ရက်ပိုင်းအတွင်း ချင်းမိုင်သို့ မလာရန် ချင်းမိုင်မြို့ရှိ မြန်မာကောင် စစ်ဝန်ရုံးက သတိပေးထုတ်ပြန် ထားသည်။

ချင်းမိုင်ပြည်နယ် ဆန်းဆိုင်းခရိုင်တွင် အလုပ်လုပ်ကိုင်နေ သည့် ကိုယ်ဝန်ရှစ်လရှိ အသက်(၂၈) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် စက်တင်ဘာ ၅ ရက်တွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံ ရ၍ ဆန်းဆိုင်းပြည်နယ် ပြည်သူ့ဆေးရုံ ပြည်သူ့ကျန်းမာရေး အရေး ပေါ်ဌာနတွင် အနီးကပ်စောင့် ကြည့်ကုသပေးလျက်ရှိကြောင်း ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန် ရုံးက စက်တင်ဘာ ၇ ရက်၌ ထုတ်ပြန်ထားသည်။

‘‘မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးပေါ့။ အသက် (၂၈)နှစ် အရွယ် ကိုယ်ဝန်ဆောင်ရှစ်လ ပေါ့။ ချင်းမိုင် ဆန်းဆိုင်းပြည်သူ့ ဆေးရုံမှာ ဇီကာဗိုင်းရပ်စ်ကူးစက် ခံရလို့ ဆေးရုံတင်ပြီး ကုသနေရ တာ မှန်ပါတယ်။ မြန်မာအမျိုး သမီးကို ပြည်သူ့ကျန်းမာရေးအ ရေးပေါ်ဌာနမှာ အနီးကပ်စောင့် ကြည့် ကုသပေးနေပါတယ်။ ရောဂါကူးစက်တာတော့ ကျွန် တော်တို့ မြန်မာနိုင်ငံသူ အမျိုး သမီးတစ်ယောက်တည်းတော့ မဟုတ်ဘူးဗျ။ ထိုင်းတွေလည်း ပါတာပေါ့။ ထိုင်းကိုယ်ဝန်ဆောင် တွေလည်းပါတယ်။ ကိုယ်ဝန် ဆောင် မဟုတ်တာလည်းပါတယ်’’ဟု ချင်းမိုင်မြို့ မြန်မာကောင်စစ် ဝန်ရုံးမှ သံမှူးဦးစန်းယုကျော်က 7Day Daily အား ပြောကြား သည်။

ချင်းမိုင်ခရိုင်တွင် ဇီကာဗိုင်း ရပ်စ်ပိုးကူးစက်ခံရသူ ကိုယ်ဝန် ဆောင် မြန်မာအမျိုးသမီးအပါ အဝင် ၁၁ ဦးရှိနေပြီး ၎င်းတို့အား လုံးသည် ဆန်းဆိုင်း မြို့တွင်နေ ထိုင်သူများဖြစ်ကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

‘‘ရောဂါကူးစက်ခံထားရတဲ့ လူနာရဲ့ အိမ်အတွင်းအပြင်တွေ အကုန်လုံးကိုလည်း ပြည်သူ့ကျန်း မာရေးဌာနကနေပြီးတော့ပဲ ခြင် နှိမ်နင်းရေးကအစ လုပ်နေကြပါ တယ်။ လူနာရဲ့ ကိုယ်ရေးအချက် အလက်တွေတော့   လူနာရဲ့ သဘောတူညီချက်မရလို့ ကျွန် တော်တို့ကို မပေးပါဘူး’’ဟု သံမှူးဦးစန်းယုကျော်က ပြောသည်။

ထို့အပြင် စင်ကာပူနိုင်ငံ ရောက် မြန်မာလုပ်သားတစ်ဦး ဇီ ကာဗိုင်းရပ်စ်  ကူးစက်ခံရပြီး စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ပြန့်ပွားကူးစက်နေသဖြင့် မြန်မာ နိုင်ငံမှ ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ် ထားသည့် မိခင်လောင်းများ ယခု ရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံသို့ မလာရောက်ရန် စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက စက်တင် ဘာ ၂ ရက်၌ အသိပေးထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံသို့ အဆိုပါ ရောဂါပိုး ကူးစက်ဝင်ရောက်လာ ခြင်းမရှိစေရန် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် အဖျား တိုင်းတာစက်များဖြင့် စစ်ဆေးမှု များ ပြုလုပ်နေသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနှင့် အာ ဆီယံဒေသတွင်း နိုင်ငံများဖြစ် သော စင်ကာပူနှင့် မလေးရှား နိုင်ငံတို့တွင် ဇီကာဗိုင်းရပ်စ်ကူး စက်မှုများရှိနေသည်။ စင်ကာပူ နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇၅ ဦးအထိ ရှိနေပြီး မလေးရှားနိုင်ငံ၌ တစ်ဦးရှိကြောင်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top