Property Expo
×

တ႐ုတ္ႏုိင္ငံ၏ စေတာ့ ရွယ္ယာေစ်းႏႈန္းမ်ား ဆက္တုိက္ က်ဆင္းလာသျဖင့္ ေက်ာက္စိမ္း ပုံမွန္၀ယ္ယူသူ တ႐ုတ္ကုန္သည္ မ်ား သိသာစြာ အ၀ယ္က်ဆင္းသြားေၾကာင္း ေက်ာက္မ်က္ ရတနာလုပ္ငန္းရွင္မ်ားထံမွ သတင္းရရွိသည္။

‘‘ၿပီးခဲ့တဲ့လက တ႐ုတ္စေတာ့ ရွယ္ယာေစ်းေတြ ထုိးက်သြား ေတာ့ ပုံမွန္လာေနက် ကုန္သည္ ေတြေတာင္ မလာေတာ့ဘူး’’ ဟု ဖားကန္႔ၿမိဳ႕နယ္မွ ေက်ာက္မ်က္ ရတနာလုပ္ငန္းရွင္ဦးေအာင္၀င္း က ေျပာသည္။

 လက္ရွိ ေက်ာက္စိမ္းေစ်း ကြက္  ေအးစက္ေနခ်ိန္တြင္ တ႐ုတ္ႏုိင္ငံ၏ ႏုိင္ငံေရး အေျခအ ေနအခ်ဳိ႕ႏွင့္ တ႐ုတ္ေငြေစ်း အ တက္အက် မတည္ၿငိမ္မႈမ်ားက လည္း ျမန္မာႏုိင္ငံ၏ ေက်ာက္စိမ္းေစ်းကြက္ကို သက္ေရာက္မႈရွိ ေၾကာင္း ဖားကန္႔ေက်ာက္မ်က္ရ တနာလုပ္ငန္းရွင္မ်ား အသင္း၀င္ ဦးစိုင္းေက်ာက္ႏုိင္က ဆုိသည္။

၂၀၁၅ - ၁၆ ျပည္ေထာင္စု အခြန္အေကာက္ ဥပေဒအရ ေက်ာက္စိမ္းေက်ာက္မ်က္အ႐ိုင္း ထည္ကို ကုန္သြယ္ လုပ္ငန္းခြန္ ၁၅ ရာခုိင္ႏႈန္းေကာက္ရန္ သတ္ မွတ္လုိက္ျခင္းေၾကာင့္လည္း ေစ်းကြက္တြင္ ကုန္သည္မ်ားအေပၚပို ၍ ၀န္ထုပ္၀န္ပိုးျဖစ္ေစေၾကာင္း ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားက ဆုိသည္။

ဇူလုိင္က ေနျပည္ေတာ္တြင္ (၅၂) ႀကိမ္ေျမာက္ က်င္းပျပဳလုပ္သည့္  ေက်ာက္မ်က္ရတနာျပပဲြ၌ လည္း ထင္သေလာက္ ေရာင္းမ ေကာင္းခဲ့သျဖင့္ ေက်ာက္စိမ္းေစ်း ကြက္က်ဆင္းဆဲျဖစ္ေၾကာင္း သိရ သည္။

ေနျပည္ေတာ္တြင္ တစ္ႏွစ္ ႏွစ္ႀကိမ္ႏႈန္းက်င္းပသည့္ ဒုတိယ ေျမာက္ေက်ာက္မ်က္ရတနာျပပဲြ တြင္ အေရာင္းအ၀ယ္ ေကာင္းႏုိင္ ရန္ ေက်ာက္မ်က္ရတနာ ကုန္ သည္မ်ားက ေမွ်ာ္လင့္ေနသည္။

 ဖားကန္႔ေဒသရွိ ေက်ာက္ စိမ္းတူးေဖာ္မႈတြင္ ေက်ာက္အထြက္ႏႈန္းသည္ ပုံမွန္ရွိေသာ္လည္း ေက်ာက္တူးေဖာ္ရာ၌ ယခင္က ေပ ၁၀၀ တြင္ ေတြ႕ရွိႏုိင္ေသာ္လည္း လက္ရွိတြင္ ေပ ၂၀၀ မွ ၃၀၀ ၾကားတြင္သာ တူးေဖာ္ေတြ႕ရွိႏုိင္ေၾကာင္း ေက်ာက္စိမ္း တူးေဖာ္ေရး လုပ္ငန္းရွင္မ်ားက ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

တရုတ်နိုင်ငံ၏ စတော့ ရှယ်ယာဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာသဖြင့် ကျောက်စိမ်း ပုံမှန်ဝယ်ယူသူ တရုတ်ကုန်သည် များ သိသာစွာ အဝယ်ကျဆင်းသွားကြောင်း ကျောက်မျက် ရတနာလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့လက တရုတ်စတော့ ရှယ်ယာဈေးတွေ ထိုးကျသွား တော့ ပုံမှန်လာနေကျ ကုန်သည် တွေတောင် မလာတော့ဘူး’’ ဟု ဖားကန့်မြို့နယ်မှ ကျောက်မျက် ရတနာလုပ်ငန်းရှင်ဦးအောင်ဝင်း က ပြောသည်။

 လက်ရှိ ကျောက်စိမ်းဈေး ကွက်  အေးစက်နေချိန်တွင် တရုတ်နိုင်ငံ၏ နိုင်ငံရေး အခြေအ နေအချို့နှင့် တရုတ်ငွေဈေး အ တက်အကျ မတည်ငြိမ်မှုများက လည်း မြန်မာနိုင်ငံ၏ ကျောက်စိမ်းဈေးကွက်ကို သက်ရောက်မှုရှိ ကြောင်း ဖားကန့်ကျောက်မျက်ရ တနာလုပ်ငန်းရှင်များ အသင်းဝင် ဦးစိုင်းကျောက်နိုင်က ဆိုသည်။

၂၀၁၅ - ၁၆ ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ကျောက်စိမ်းကျောက်မျက်အရိုင်း ထည်ကို ကုန်သွယ် လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်းကောက်ရန် သတ် မှတ်လိုက်ခြင်းကြောင့်လည်း ဈေးကွက်တွင် ကုန်သည်များအပေါ်ပို ၍ ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များက ဆိုသည်။

ဇူလိုင်က နေပြည်တော်တွင် (၅၂) ကြိမ်မြောက် ကျင်းပပြုလုပ်သည့်  ကျောက်မျက်ရတနာပြပွဲ၌ လည်း ထင်သလောက် ရောင်းမ ကောင်းခဲ့သဖြင့် ကျောက်စိမ်းဈေး ကွက်ကျဆင်းဆဲဖြစ်ကြောင်း သိရ သည်။

နေပြည်တော်တွင် တစ်နှစ် နှစ်ကြိမ်နှုန်းကျင်းပသည့် ဒုတိယ မြောက်ကျောက်မျက်ရတနာပြပွဲ တွင် အရောင်းအဝယ် ကောင်းနိုင် ရန် ကျောက်မျက်ရတနာ ကုန် သည်များက မျှော်လင့်နေသည်။

 ဖားကန့်ဒေသရှိ ကျောက် စိမ်းတူးဖော်မှုတွင် ကျောက်အထွက်နှုန်းသည် ပုံမှန်ရှိသော်လည်း ကျောက်တူးဖော်ရာ၌ ယခင်က ပေ ၁၀၀ တွင် တွေ့ရှိနိုင်သော်လည်း လက်ရှိတွင် ပေ ၂၀၀ မှ ၃၀၀ ကြားတွင်သာ တူးဖော်တွေ့ရှိနိုင်ကြောင်း ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းရှင်များက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top