Property Expo
×
၅။သင်စိတ်တိုနေတဲ့အချိန် ဒေါသမီးတွေငြိမ်းသွားအောင် သူဘယ်လိုလုပ်ပေးရမလဲ သူသိတယ်။
Credit:yomalan
Unicode Version
လူတစ်ဦးနဲ့ တစ်ဦး ကြုံဆုံလာကြပြီ၊ အဲ့ဒီနောက် ဖူးစာပါလို့ ချစ်ကြိုက်ကြပြီဟေ့ဆိုရင် ဘာ့ကြောင့်များတစ်ဖက်လူကို ငါချစ်မိသွားရသလဲဆိုပြီး သင်အမြဲတွေးမိနေပါလိမ့်မယ်။ နောက်တစ်ချက်က သူသာသင့်ရဲ့ ဖူးစာရှင် အစစ်အမှန်ဆိုရင် ငါသူ့ကို တကယ်ကိုချစ်မိနေပြီပဲ ဆိုပြီးတော့လည်း သင်နက်နက်နဲနဲ ခံစားမိနေပါလိမ့်မယ်။ သင်ဟာ ရုပ်ရှင်တွေ၊ ယုံတမ်းစကားတွေ၊ ပုံပြင်တွေထဲက ဖူးစာရှင်အစစ်ဆိုတာကို ယုံချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက် သင့်ဘေးမှာ နောက်ထပ် အခြားတစ်ယောက်ရှိနေပေးတာကိုတော့ သင်ယုံကြည်ရပါလိမ့်မယ်။ သင်ဟာ သင့်ဖူးစားဖက်နဲ့ ဆုံတွေ့နေပြီလားဆိုတာ သင့်စိတ်က သိပြီးဖြစ်ပေမယ့် ဒါကို အတည်ပြုပေးနိုင်မယ့် အချက်လေးတွေလည်း ရှိနေပါတယ်။
၁။တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တာနဲ့ သူဘာတွေ တွေးနေတယ်ဆိုတာကို ခံစားလို့ရတယ်။
၂။သူ မရှိပဲ ဘယ်လိုနေရမလဲဆိုတာ တွေးတောင်တွေးမကြည့်ချင်တော့ဘူး။
၃။သင့်ဘဝမှာ တိုးတက်ရာတိုးတက်ကြောင်းအတွက် သူအမြဲကူညီပေးတယ်။
၄။အချိန်ကာလတစ်ခုရှိလာသည့်တိုင် သင်တို့နှစ်ဦးရဲ့ အချစ်တွေက လျော့မသွားဘူး။
၅။သင်စိတ်တိုနေတဲ့အချိန် ဒေါသမီးတွေငြိမ်းသွားအောင် သူဘယ်လိုလုုပ်ပေးရမလဲ သူသိတယ်။
သင်စိတ်ဖိစီးမှုတွေရှိနေတဲ့အခါ ဒီအရာတွေက ရုန်းထွက်နိုင်အောင် သူဘယ်လိုစိတ်ဓာတ်ခွန်အားပေးရမလဲဆိုတာလည်း သူသိတယ်။
၆။ သူဘေးနားရှိတဲ့အခါ အမြဲသက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်မျိုးရှိတယ်။ စိတ်ထဲကျေနပ်နေမိတယ်။
၇။နှစ်ဦးသား ခွဲခွာနေရင်တောင် ဘယ်နေရာမှာ ဘာလုပ်နေတယ်ဆိုတာမျိုး ကိုယ့်အသိစိတ်နဲ့ကိုယ် ပြောဆိုအသိပေးကြတယ်။
၈။နှစ်ယောက်စလုံး ခံစားမိနေတာက ငါတို့နှစ်ယောက်က ဟိုးအရင်ကတည်းက သိခဲ့ကြသလိုမျိုး။ တစ်နှစ် ၊နှစ်နှစ်မက ကလေးဘဝကတည်းကကို ရင်းနှီးခင်မင်ခဲ့ကြသလိုမျိုး။
၉။တစ်ယောက်ကိုတစ်ယောက် အလျှော့ပေးကြတယ်။ စိတ်ကောက် ၊ ရန်ဖြစ်ရင်လည်း ခဏပဲ။
၁၀။ သင့်ဘေးနားက လူတွေတောင် မသိတဲ့ သံယောဇဉ်ကြိုးမျိုး သင့်တို့နှစ်ဦးမှာရှိတယ်။
၁၁။နောက်ထပ်တစ်ယောက်ဆိုတဲ့ အတွေးမျိုး သင့်မှာ မရှိတော့တာ သူနဲ့ချစ်သူဖြစ်ပြီးကတည်းကပါပဲ။
၁၂။သူနာကျင်တဲ့အခါ သင်ပါနာကျင်ရတယ်။ သူပြုံးပျော်တဲ့အခါလည်း သင်ပါပြုံးပျော်ရတယ်။
၁၃။သင်ပြောဖြစ်တဲ့ အကြောင်းအရာတော်တော်များများက သူ့အကြောင်းဖြစ်နေတာများတယ်။
၁၄။သူနဲ့မတွေ့ခင်အချိန်နဲ့ ခုတွေ့ပြီးအချိန်မှာ သင်ဟာ ပိုမိုကောင်းမွန်တဲ့၊ တော်ပြီးထက်မြက်တဲ့ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်လာတယ်။
၁၅။သူဟာ သင့်ကိုအမြဲကာကွယ်ပေးတယ်လို့ ခံစားရတယ်။ သူရှိမှ လုံခြုံတယ်လို့တောင် သင်ခံစားလာရတယ်။
၁၆။ သူကမှ သင့်ဖူးစာရှင်အစစ်လို့ သင်အမြဲတမ်းတွေးမိနေခဲ့ပြီ။
သင်ဟာ ဒီလိုလူမျိုးနဲ့တွေ့နေပြီ၊ ချစ်ကျွမ်းဝင်နေပြီဆိုရင်တော့ ဘယ်လိုအကြောင်းကြောင့်နဲ့မှ သူ့ကို လက်လွှတ်မခံပါနဲ့လို့ ။
ဖိုးသူတော် (www.phothutaw.com)
Credit:yomalan
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top