Property Expo
×

ဒီတန္ဖိုးအႀကီးဆံုး လက္ဘက္ေျခာက္ ခတ္ထားတဲ့ လက္ဖက္ရည္ၾကမ္းတစ္အိုးဟာ ေဒၚလာ ၁၀၀၀၀ ေလာက္ တန္ေၾကးရွိေနပါတယ္။

ဒီလက္ဘက္ေျခာက္ရဲ႕ နာမည္ကေတာ့ ဒါဟုန္းေပါင္လုိ႔အမည္ရၿပီး ကမၻာေပၚမွာ အရွားဆံုးနဲ႔ တန္ဖိုးအႀကီးဆံုးလက္ဖက္တစ္မ်ိဳးျဖစ္တယ္လုိ႔ သိရပါတယ္။ ဒီလက္ဘက္ေျခာက္ တစ္ဂရမ္ဟာ ဒီဘက္ေခတ္မွာေတာ့ ေဒၚလာ ၁၄၀၀ ေလာက္အထိ တန္ေၾကးရွိေနၿပီး ေရႊတန္ဖိုးရဲ႕ အဆ ၃၀ ေလာက္အထိ ပိုမို ေဈးႏႈန္းျမင့္မားေနတာျဖစ္ပါတယ္။ သမုိင္းေၾကာင္း အစဥ္အလာႀကီးမားခဲ့တဲ့ လက္ဖက္ေျခာက္အေၾကာင္းကို အနည္းငယ္ေလ့လာၾကည့္ၾကပါမယ္။

ဒီလက္ဖက္ေျခာက္ဟာဆုိရင္ေတာ့ တရုတ္ႏုိင္ငံရဲ႕ ဝူယိေတာင္တန္းေတြေပၚမွာ အနည္းငယ္သာ ေပါက္ေရာက္ေတာ့ၿပီး ကမၻာေပၚမွာ အရွားပါးဆံုးလက္ဖက္ပင္ျဖစ္ေနၿပီလို႔ လက္ဖက္ေျခာက္ပညာရွင္ ဇန္းနင္းဝူက ေျပာပါတယ္။

ဒါဟုန္းေပါင္ လက္ဖက္ေျခာက္ကို ကနဦးတည္းက စိုက္ပ်ိဳးသူေတြဟာ ေဆာင္းရာသီဦးမွာ ဝူယိေတာင္တန္းေတြေပၚကို သြားေရာက္ၿပီး လက္ဖက္ညႊန္႕အသစ္ေလးေတြ ထြက္ရွိလာဖို႔အတြက္ နတ္ဘုရားျဖစ္သူ လူယူကို ခြင့္ပန္ရပါတယ္။ လက္ဖက္အညႊန္႔ေလးေတြကိုေတာ့ ထြက္လာတဲ့အခ်ိန္မွာေတာ့ စုိက္ပ်ိဳးသူေတြက လက္ဖက္ပင္ ဆိတ္ႏုိ႔နဲ႔ ေလာင္းၿပီး ျပဳစုရတယ္လို႔ သိရပါတယ္။

လက္ဖက္ေျခာက္ျဖစ္ေအာင္ မီးေႏြးေႏြးနဲ႔ ဖုတ္ၿပီးတဲ့အခ်ိန္မွာေတာ့ ႏွစ္ ၈၀ ေလာက္အထိ ရနံ႔သင္းပ်ံ႕ေနႏုိင္မယ့္ ဒါဟုန္းေပါင္ လက္ဖက္ေျခာက္ကို ရရွိၿပီျဖစ္တယ္လို႔ သိရပါတယ္။ ဒီလက္ဖက္ေျခာက္ဟာဆိုရင္ေတာ့ ေဆးဖက္ဝင္အပင္တစ္ပင္လည္းျဖစ္ပါတယ္။

မင္မင္းဆက္ရဲ႕ မိခင္ႀကီးျဖစ္သူဟာ အဖ်ားေရာဂါစြဲကပ္ၿပီး အိပ္ရာထဲလဲခဲ့ခ်ိန္တုန္းကလည္း ဒီလက္ဖက္ေျခာက္အသံုးျပဳထားတဲ့ ေရေႏြးၾကမ္းကို ေသာက္သံုးရင္းနဲ႔ပဲ ျပန္လည္နာလန္ထလာခဲ့တာျဖစ္ပါတယ္လုိ႔ သိရပါတယ္။

အဲ့ဒီေနာက္မွာေတာ့ မ်ိဳးစိတ္ရွားပါးလြန္းၿပီး ေလးရံုသာ က်န္ရွိေတာ့တဲ့ လက္ဖက္ပင္ေတြကို ေတာ္ဝင္မ်ိဳးႏြယ္ေတြအတြက္ ေဆးေကာင္းတစ္လက္ျဖစ္တယ္ဆုိၿပီး အေစာင့္အေရွာက္ေတြနဲ႔အတူ အနီေရာင္ဝတ္ရံုရွည္ႀကီးေတြနဲ႔ လက္ဖက္ခင္းကို ဖုံုးအုပ္ထားခဲ့့တယ္လို႔ သိရပါတယ္။ “အနီေရာင္ဝတ္ရံုရွည္ႀကီး” ကို တရုတ္လုိ ဒါဟုုန္းေပါင္လို႔ ေခၚဆိုတာေၾကာင့္ ဒီလိုနာမည္တြင္လာတာျဖစ္တယ္လို႔ သိရပါတယ္။
READ ေပ်ာ္ရႊင္မႈကို ေငြျဖင့္ ၀ယ္လုိ႔ရသည္

တရုတ္မင္းေတြရဲ႕ ေစာင့္ေရွာက္မႈေၾကာင့္ ဒီလက္ဖက္ရံုဟာ ေျခာက္ရံုအထိ တုိးလာတယ္လို႔ သိရပါတယ္။

အခုဆိုရင္ေတာ့ ဒီလက္ဖက္ေတြဟာ စိန္ေတြလိုပဲ တန္ဖိုးႀကီးေနၿပီး သင့္အေနနဲ႔ လန္ဒန္မွာတည္ရွိေနတဲ့ တရုတ္ေတာ္ဝင္အဖြဲ႕မွာ လက္ဖက္ရည္ၾကမ္း ေလးခြက္ကို ေဒၚလာ ၂၅၀ နဲ႔ သြားေရာက္ ေသာက္သံုးႏုိင္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lwin Pyin

#Unicode Version

ဒီတန်ဖိုးအကြီးဆုံး လက်ဘက်ခြောက် ခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းတစ်အိုးဟာ ဒေါ်လာ ၁၀၀၀၀ လောက် တန်ကြေးရှိနေပါတယ်။

ဒီလက်ဘက်ခြောက်ရဲ့ နာမည်ကတော့ ဒါဟုန်းပေါင်လို့အမည်ရပြီး ကမ္ဘာပေါ်မှာ အရှားဆုံးနဲ့ တန်ဖိုးအကြီးဆုံးလက်ဖက်တစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ ဒီလက်ဘက်ခြောက် တစ်ဂရမ်ဟာ ဒီဘက်ခေတ်မှာတော့ ဒေါ်လာ ၁၄၀၀ လောက်အထိ တန်ကြေးရှိနေပြီး ရွှေတန်ဖိုးရဲ့ အဆ ၃၀ လောက်အထိ ပိုမို ဈေးနှုန်းမြင့်မားနေတာဖြစ်ပါတယ်။ သမိုင်းကြောင်း အစဉ်အလာကြီးမားခဲ့တဲ့ လက်ဖက်ခြောက်အကြောင်းကို အနည်းငယ်လေ့လာကြည့်ကြပါမယ်။

ဒီလက်ဖက်ခြောက်ဟာဆိုရင်တော့ တရုတ်နိုင်ငံရဲ့ ဝူယိတောင်တန်းတွေပေါ်မှာ အနည်းငယ်သာ ပေါက်ရောက်တော့ပြီး ကမ္ဘာပေါ်မှာ အရှားပါးဆုံးလက်ဖက်ပင်ဖြစ်နေပြီလို့ လက်ဖက်ခြောက်ပညာရှင် ဇန်းနင်းဝူက ပြောပါတယ်။

ဒါဟုန်းပေါင် လက်ဖက်ခြောက်ကို ကနဦးတည်းက စိုက်ပျိုးသူတွေဟာ ဆောင်းရာသီဦးမှာ ဝူယိတောင်တန်းတွေပေါ်ကို သွားရောက်ပြီး လက်ဖက်ညွှန့်အသစ်လေးတွေ ထွက်ရှိလာဖို့အတွက် နတ်ဘုရားဖြစ်သူ လူယူကို ခွင့်ပန်ရပါတယ်။ လက်ဖက်အညွှန့်လေးတွေကိုတော့ ထွက်လာတဲ့အချိန်မှာတော့ စိုက်ပျိုးသူတွေက လက်ဖက်ပင် ဆိတ်နို့နဲ့ လောင်းပြီး ပြုစုရတယ်လို့ သိရပါတယ်။

လက်ဖက်ခြောက်ဖြစ်အောင် မီးနွေးနွေးနဲ့ ဖုတ်ပြီးတဲ့အချိန်မှာတော့ နှစ် ၈၀ လောက်အထိ ရနံ့သင်းပျံ့နေနိုင်မယ့် ဒါဟုန်းပေါင် လက်ဖက်ခြောက်ကို ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီလက်ဖက်ခြောက်ဟာဆိုရင်တော့ ဆေးဖက်ဝင်အပင်တစ်ပင်လည်းဖြစ်ပါတယ်။

မင်မင်းဆက်ရဲ့ မိခင်ကြီးဖြစ်သူဟာ အဖျားရောဂါစွဲကပ်ပြီး အိပ်ရာထဲလဲခဲ့ချိန်တုန်းကလည်း ဒီလက်ဖက်ခြောက်အသုံးပြုထားတဲ့ ရေနွေးကြမ်းကို သောက်သုံးရင်းနဲ့ပဲ ပြန်လည်နာလန်ထလာခဲ့တာဖြစ်ပါတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ မျိုးစိတ်ရှားပါးလွန်းပြီး လေးရုံသာ ကျန်ရှိတော့တဲ့ လက်ဖက်ပင်တွေကို တော်ဝင်မျိုးနွယ်တွေအတွက် ဆေးကောင်းတစ်လက်ဖြစ်တယ်ဆိုပြီး အစောင့်အရှောက်တွေနဲ့အတူ အနီရောင်ဝတ်ရုံရှည်ကြီးတွေနဲ့ လက်ဖက်ခင်းကို ဖုံးအုပ်ထားခဲ့တယ်လို့ သိရပါတယ်။ “အနီရောင်ဝတ်ရုံရှည်ကြီး” ကို တရုတ်လို ဒါဟုုန်းပေါင်လို့ ခေါ်ဆိုတာကြောင့် ဒီလိုနာမည်တွင်လာတာဖြစ်တယ်လို့ သိရပါတယ်။
READ ပျော်ရွှင်မှုကို ငွေဖြင့် ဝယ်လို့ရသည်

တရုတ်မင်းတွေရဲ့ စောင့်ရှောက်မှုကြောင့် ဒီလက်ဖက်ရုံဟာ ခြောက်ရုံအထိ တိုးလာတယ်လို့ သိရပါတယ်။

အခုဆိုရင်တော့ ဒီလက်ဖက်တွေဟာ စိန်တွေလိုပဲ တန်ဖိုးကြီးနေပြီး သင့်အနေနဲ့ လန်ဒန်မှာတည်ရှိနေတဲ့ တရုတ်တော်ဝင်အဖွဲ့မှာ လက်ဖက်ရည်ကြမ်း လေးခွက်ကို ဒေါ်လာ ၂၅၀ နဲ့ သွားရောက် သောက်သုံးနိုင်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top