Kantharyar Centre
×






#Unicode Version

တစ်ရက်လျှင် စီးကရက် ၁၀ လိပ်နီးပါးကို စွဲလမ်းပြီး သောက်သုံး နေတဲ့ လိပ်တစ်ကောင်ကြောင့် သူ့ရဲ့သခင်ဖြစ်သူက သိပ်ကိုစိတ် ညစ် အကြံအိုက်နေပါသတဲ့။

တရုတ်နိုင်ငံ၊ ဂျန်လင်း၊ ချန်ချွမ်မှာ နေထိုင်တဲ့ အမျိုးသား တန်ဆို သူက ၄.၃ ကီလိုဂရမ်အလေးချိန်ရှိတဲ့ လိပ်တစ်ကောင်ကို မွေးထား ပြီးတော့ သူ့ကို ဆေးလိပ်သောက်သုံးတဲ့ အကျင့်ကို လုပ်ပေးထား ရာကနေ တဖြည်းဖြည်းနဲ့ဆေးလိပ်သောက်သုံးတဲ့ အကျင့်ကိုလုပ် ပေးရာကနေမှ အလွန်အကျွံကို သောက်သုံးတဲ့ အကျင့်ဖြစ်လာခဲ့ပါ တယ်။

ဒီ့အတွက်ကြောင့် ဆေးရွက်ကြီးနဲ့ ဆေးလိပ်သောက်သုံးမှုတွေကို အငမ်းမရဖြစ်နေတဲ့ သူ့ရဲ့လိပ်က အမြဲလိုလို ပါးစပ်ထဲမှာစီးကရက် ကိုက်ခဲနေတာကို မြင်တွေ့ရတတ်ပါတယ်။ သူ့အတွက် ဆေးလိပ် မသောက်ရရင်ဖြင့် သခင်ဖြစ်သူနောက်ကို လိုက်ပြီးတော့ တောင်း လေ့ရှိတယ်လို့ ဆိုပါတယ်။

တန်အနေနဲ့လည်း ဒီလိုမျိုး မူးယစ်ဆေး ဝါးစွဲစွဲလန်းလန်းဖြစ်သွားပြီဖြစ်တဲ့ သူ့လိပ်ရဲ့ ကျန်းမာရေးအခြေအ နေကို စိုးရိမ်နေပြီးတော့ ဘယ်လိုမျိုး ဆေးလိပ်ဖြတ်ပစ်ရမလဲဆိုတာ ကို တွေးနေတယ်လို့ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top