Kantharyar Centre
×

က်ေနာ္႔ စအိုက စပ္ဖ်င္းစပ္ဖ်င္းနဲ႔ နာေနတယ္ေလ….။ မသကၤာလို႔ စမ္းၾကည့္လိုက္ေတာ့ ေသြးစေတြပါ ရွိေနတယ္ေလ….။

လူ႔ဘ၀မွာလည္း အမႈေတြကေပြ၊ အလုပ္ေတြကမ်ား၊ ျပႆနာေတြကလည္း ပံုစံအမ်ဳိးမ်ဳိးနဲ႔ မၿပီးဆံုးႏိုင္ေတာ႔ပါဘူး။

လာျပန္ၿပီ တစ္ေယာက္…။
၀င္ခြင့္ျပဳပါ ဆရာ… ေအာ္… ဟုတ္ကဲ့ ၀င္ခဲ့ပါ ခင္ဗ်ာ..။ ထိုင္ပါ… က်ေနာ္ ဘာကူညီေပးရမလဲ သိပါရေစ။
ေဆးခန္းထဲ ၀င္လာသူမွာ အသက္ ၂၀ ၀န္းက်င္ လူငယ္ေလးတစ္ေယာက္။ ႐ုပ္ရည္သန္႔သန႔္ သားသားနားနား လူေခ်ာေလး တစ္ေယာက္။ ဒါေပမယ့္ သူမ်က္ႏွာမွာ စိုးရိမ္စိတ္ေတြ ညိႇဳးငယ္ သိမ္ငယ္ေနတဲ့ အရိပ္ေရာင္ေတြေတာ့ သန္းေနပါတယ္။ သူက ထိုင္ခံုမွာ ထိုင္လိုက္ၿပီး သက္ျပင္းတစ္ခ်က္ ခ်လိုက္ပါတယ္…။ ၿပီးမွ သူက သူ႔ကို အခ်ိန္ နည္းနည္း ေပးပါလို႔ ေတာင္းဆိုပါတယ္….။ ေဆးခန္းကလည္း လူနာ ရွင္းေနေတာ့ ဆရာ၀န္လည္း ေခါင္းညိမ့္ၿပီး သူေျပာတာကို နားေထာင္ေပးဖို႔ အသင့္ ျပင္လိုက္ပါတယ္….။

က်ေနာ္က ကိုမ်ဳိးပါ ဆရာ။ အခု အသက္ ၂၁ ႏွစ္ပါ။ ေရေၾကာင္းတကၠသိုလ္ တက္ေနပါတယ္။ ေက်ာင္းၿပီးလို႔ သေဘၤာတက္မယ္လုပ္မွ အခုေဆးက မေအာင္ဘူး ဆရာရယ္ ဘယ္လိုလုပ္ရပါ့မလဲ မသိဘူး။ အိမ္ကိုလည္း မေျပာရဲဘူး ျဖစ္ေနတယ္။

သူ႔မ်က္ႏွာ တစ္ခုလံုး ညႇိဳးက် သြားပါတယ္ …။ မ်က္ရည္ေတြလည္း မ်က္၀န္းထဲအျပည့္…။ က်ေနာ္က အရင္ကတည္းက ဘ၀ဆံုးၿပီးသားပါ ဆရာ။ သူေျပာတာကို ဆရာ၀န္ နားမလည္လိုက္ပါ။ က်ေနာ္က ဘ၀ေပး ကံမေကာင္းခဲ့ဘူး ဆရာ…။ က်ေနာ္က ေယာက္်ားစင္စစ္ကေန ေယာက္်ားခ်င္း ႀကိဳက္တဲ့သူ(ေဂး) ျဖစ္ေနတယ္ေလ….
ေဂးေတြရဲ႕ အေၾကာင္းေတြကို သိေနၿပီးသားျဖစ္တဲ့ ေဒါက္တာ မင္းႏိုင္ အတြက္ေတာ့ ဘာမွ မမႈေတာ့ပါ… ေခါင္းညိမ့္ၿပီးသာ ဆက္နားေထာင္ ေနခဲ့ပါတယ္။

က်ေနာ့္တို႔ မိသားစုနဲ႔ အရမ္း ရင္းႏွီးတဲ့ ဦးေလးတစ္ေယာက္ ရွိပါတယ္။… ေဖ့ေဖ့သူငယ္ခ်င္းပါ။ သူက ေဖေဖနဲ႔ အသက္ အတူတူ ပါပဲ။ စီးပြားေရး သမားပါ၊ ေဖေဖတို႔နဲ႔ အလုပ္အတူတူ လုပ္ၾကရင္း မိသားစုနဲ႔ အရမ္းကို ရင္းႏွီး သြားတာပါ….။ သူက လူပ်ဳိႀကီးပါ။ သူက က်ေနာ္တို႔အိမ္ကို အၿမဲ ၀င္ထြက္ေနက်ပါ…၊ အိမ္ကလည္း သူ႔ကို အျပင္လူလို႔ မသတ္မွတ္ဘူးေလ… ေဆြမ်ဳိးရင္းခ်ာလိုပဲ သေဘာထားပါတယ္…။

သူကလည္း က်ေနာ္တို႔ ေမာင္ႏွမေတြကို ဦးေလးအရင္းေတြ နီးပါး ေကာင္းရွာပါတယ္။ ဒါေပမယ့္ သူမွာ ရွိတဲ့ လူမသိတဲ့ အက်င္႔ဆိုးကိုေတာ့ က်ေနာ္ကလြဲၿပီး ဘယ္သူမွ မသိဘူးေလ။ သူက က်ေနာ့္ကို ေဂးဇာတ္ သြင္းခဲ႔တဲ႔သူပါ။ က်ေနာ့္ ၁၀ တန္းေအာင္ေတာ႔ ဂုဏ္ထူး ၃ ဘာသာ ပါတယ္ေလ။ ေအာင္စာရင္းထြက္တဲ့ ေန႔က သူက က်ေနာ္႔ကို ဆုခ်မယ္ဆိုၿပီး ၿမိဳ႕ထဲက ဒဂံုစင္တာကို ေခၚသြားပါတယ္…။ MK က Arrow ရွပ္တစ္ထည္ ၀ယ္ေပးပါတယ္။.ၿပီးေတာ့ Mr. Guiter မွာ ညစာ လိုက္ေကြ်းပါတယ္…။ ၿပီးမွ ျပန္ၾကမယ္ေပါ႔။

သူက သူ႔ကားနဲ႔ဆိုေတာ့ အိမ္ကလည္း စိတ္ခ်တယ္ေလ။ အရင္ကလည္း ဒီလုိပဲ သြားေနက်ဆိုေတာ႔ ဘာမွ မေျပာဘူးေလ။ က်ေနာ့္ကိုလည္း ေအာင္စာရင္း ထြက္တဲ့ေန႔ဆိုေတာ့ အိမ္ကဘာမွ မေျပာဘူးေလ။ ေလွ်ာက္လည္ခ်င္လဲ လည္ပါေစေပါ႔။ ညစာ စားၿပီးေတာ႔ သူက က်ေနာ္႔ကို အိမ္ျပန္မပို႔ေပးပဲ သူ႔အိမ္ကို ခဏ၀င္ဖို႔ ေခၚပါတယ္။ အရင္တည္းက သူ႔အိမ္ကို သြားေနၾကဆိုေတာ့ က်ေနာ္လည္း လိုက္သြား ခဲ့ပါတယ္။ သူ႔အေမနဲ႔က က်ေနာ္က ေျမးအဖြားလို ျဖစ္ေနတာကိုး….။ အဖြားက အသက္ ၇၀ ေက်ာ္ေနၿပီ နားမေကာင္းဘူးေလ။ သူ႔အိ္မ္ေရာက္ေတာ့ ည ၉ နာရီေလာက္ ရွိၿပီဗ်…။ သူက က်ေနာ့္ကို ကိုကာကိုလာ တိုက္တယ္…။ ေရငတ္ေနေတာ့ က်ေနာ့္လည္း အကုန္ ေသာက္လဲတာေပါ႔….။ ၿပီးေတာ႔ အရမ္း အိပ္ခ်င္လာၿပီး ဘာမွမသိေတာ႔ဘူး ဆရာ….။

ည ၁၂ နာရီေလာက္မွ က်ေနာ့္ မ်က္လံုး ျပန္ဖြင့္ လာႏုိင္တယ္ေလ။ ပတ္၀န္းက်င္ကို ၾကည့္လိုက္ေတာ့ က်ေနာ္က သူ႔အခန္းထဲမွာ ေရာက္ေနတယ္ေလ…။ ၿပီးေတာ႔ ကန္ေတာ့ပါေစရဲ႕ က်ေနာ့္ စအိုက စပ္ဖ်င္းစပ္ဖ်င္းနဲ႔ နာေနတယ္ေလ….။ မသကၤာလို႔ စမ္းၾကည့္လိုက္ေတာ့ ေသြးစေတြပါ ရွိေနတယ္ေလ….။ က်ေနာ္ သိလိုက္ၿပီေလ…. ဒီလူႀကီး က်ေနာ့္ကို ကိုကာကိုလာထဲမွာ အိပ္ေဆး တည့္ၿပီး ေစာ္ကား လုိက္တာေလ….။ က်ေနာ့္ ဘ၀တစ္ခုလံုး မိုးေမွာင္ က်ခဲ့တဲ့ ေန႔ေပါ႔ ဆရာ….။ က်ေနာ့္မွာ ၁၀ တန္းေအာင္လို႔ ေပ်ာ္လို႔ေတာင္ မ၀ေသးပါဘူး…. ငိုခ်လိုက္ပါတယ္… ေလာကႀကီးကို လံုး၀ စိတ္ကုန္ခဲ့ပါတယ္ ဆရာ…..။

သူက ခဏၾကာေတာ့ အခန္းထဲကို၀င္လာၿပီး မသိသလိုနဲ႔ ေနပါတယ္…။ က်ေနာ္လည္း သူ႔ကို အရမ္းမုန္းတီးေနေတာ့ ဘာစကားမွ မေျပာခ်င္ဘူးေလ… ဒါနဲ႔ က်ေနာ္ သူ႔ကို အိပ္ျပန္ပို႔ေပးဖိ႔ု ေျပာခဲ့ပါတယ္… သူက ၾကည္ၾကည္ျဖဴျဖဴပဲ ျပန္လိုက္ပို႔ ေပးပါတယ္…။ သူေပးခဲ့တဲ့ အကၤ်ီကိုလည္း က်ေနာ္လံုး၀ မယူခဲ့ပါဘူး။ အဲဒီညက က်ေနာ္ အိမ္ျပန္ေရာက္ေတာ႔ က်ေနာ့္ကိုယ္ က်ေနာ္ အဆံုးစီရင္ဖို႔ မီးဖိုထဲက ဓားနဲ႔ လက္ဖ်န္ေသြးေၾကာကို လွီးပါတယ္၊ ဓားကလည္း မျပတ္ဘူးဆရာ…. ။ ေသြးနည္းနည္းပဲ ထြက္တယ္ေလ…. ေနာက္ေတာ့ က်ေနာ္လုပ္ေနတာကို ေဖေဖ ျမင္သြားေရာ….။ သူတို႔က ထင္တာကေတာ႔ က်ေနာ္က All D မရလို႔ ဒီလိုလုပ္တယ္လို႔ ထင္ေနၾကတယ္ေလ။ က်ေနာ့္ဘ၀ ပ်က္ခဲ့တာကို ဘယ္သူကမွ မသိၾကတာေလ ဆရာ……. က်ေနာ္ ဘယ္သူ႔ကို သြားတိုင္ ေျပာရမွာလဲ ဆရာ… ၿပီးေတာ့ အဲလိုထုတ္ေျပာဖို႔ က်ေနာ့မွာ လံုး၀ ေျပာမထြက္ ဘူးေလ….။ အဲဒီလူႀကီးကိုလည္း သတ္ခ်င္ေနတယ္….။ အဲဒီရက္ကေတာ႔ ေတာ္ေတာ္ေလး ေသလုေျမာပါး ခံစားခဲ့ရတယ္ ဆရာ….။

ေနာက္… က်ေနာ္ ေက်ာင္းတက္ခဲ့ပါတယ္…။ ေက်ာင္းတက္ေနတုန္း ေဖေဖက မႏၱေလးမွာ ကားအက္ဆီးဒန္႔နဲ႔ ေဆး႐ံုတက္လိုက္ ရတယ္ေလ… မိသားစုေတြက ေဖေဖ႔ကို သြားၾကည့္ ၾကတယ္ေလ..။ က်ေနာ္က စာေမးပြဲရွွိလို႔ မလိုက္သြားရဘူး။ ဒါကိုေမေမက က်ေနာ႔ကို စိတ္မခ်လို႔ဆိုၿပီး အဲဒီဦးေလးကို အိမ္မွာ လာအိပ္ဖို႔ ေျပာခဲ့တယ္ေလ….။ အစကေတာ႔ က်ေနာ္က မသိခဲ႔ပါဘူး…။ ေက်ာင္းကျပန္လာမွ ဧည့္ခန္းထဲမွာ သူအၾကာႀကီး ေနတာကို သတိထား မိသြားတာပါ။

တစ္အိမ္လံုးမွာလဲ ထမင္းခ်က္ေပးတဲ႔ အမႀကီးရယ္ က်ေနာ္ရယ္ အဲဒီဦးေလးရယ္ပဲ ရွိတာေလ။ သူက ညအထိ မျပန္ေတာ့မွ သူဒီမွာ ညအိမ္ေတာ့မယ္ ဆိုတာကို သိလိုက္ရတာပါ၊ က်ေနာ့ အတြက္ေတာ႔ ငရဲက်ေန သလုိပဲေလ…။ က်ေနာ္က တံခါးကို ေလာ့ခ်ၿပီး စာက်က္ ေနခဲ့ပါတယ္….။ ည ၁၁ နာရီေလာက္မွာ က်ေနာ္ အိပ္ယာ၀င္ခဲ့ ပါတယ္…။ ည ၂ နာရီေလာက္ တေရးလဲႏိုးေရာ အဲဒီဦးေလးႀကီးက က်ေနာ္႔ အိပ္ယာထဲ ေရာက္ေနတယ္ေလ….. ၿပီးေတာ႔ က်ေနာ္႔ကိုလည္း သူထပ္ေစာ္ကား ထားျပန္တယ္ေလ…. က်ေနာ့္အတြက္ေတာ့ ေျပးလို႔ မလြတ္ေတာ့ဘူးေလ။ ေမေမက သူ႔ကို အိမ္က ေသာ့ေတြ အကုန္ေပးခဲ့တာကိုး…။

သူက က်ေနာ႔ကို တကယ္ခ်စ္ပါတယ္တဲ့..။ က်ေနာ႔ကိုလည္း မိဘေတြကို မေျပာပါနဲ႔တဲ့။ အမ်ဳိးမ်ဳိး ေျပာတယ္ေလ။ ၿပီးေတာ႔ က်ေနာ္႔ကို သူက လက္ထပ္မယ္ေတာင္ ေျပာေသးတယ္။ က်ေနာ္က ဒါမ်ဳိးေတြကို တစ္ခါမွေတာင္ မၾကားဖူးခဲ့ပါဘူး…။ ေနာက္ေတာ့သူက ေယာကၤ်ားခ်င္း မဖြယ္မရာ လုပ္ေနတဲ့ ပံုေတြနဲ႔ ဗီြဒီယိုေတြကို က်ေနာ္႔ကို ျပတယ္ေလ….။ သူက ေျပာေသးတယ္ ဒါက ေခတ္မီတဲ့ ႏိုင္ငံေတြမွာပဲ ရွိတာတဲ့။

က်ေနာ္ အႀကိမ္ႀကိမ္ ျငင္းပါတယ္… ဒါေပမယ္႔ မရခဲ့ဘူးေလ.. ပိုဆိုးတာက ေဖေဖ့အက္ဆီးဒန္႔မွာ အိမ္က ေငြေတာ္ေတာ္ ကုန္သြားတယ္ေလ။ ေနာက္ဆံုး က်ေနာ႔ ေက်ာင္းစရိတ္ေတာင္ အိမ္က မတတ္ႏိုင္ေတာ႔ဘူး။ အဲဒီမွာ သူက က်ေနာ္႔ကို ေန႔တိုင္းေက်ာင္းကို သူ႔ကားနဲ႔ လိုက္ပို႔ ေပးတယ္ေလ။ အိမ္က မေထာက္ပံ့ ႏိုင္တာကိုလည္း သူက သိေနတယ္ေလ…. ေမေမတို႔နဲ႔က လူရင္းေတြ ျဖစ္ေနတာကိုး။ သူက က်ေနာ္ ေက်ာင္းမုန္႔ဖိုးလည္း ေပးတယ္။ လိုတဲ့ စာအုပ္ေတြ စာရြက္စာတမ္း ေတြကိုလည္း ၀ယ္ေပးတယ္ေလ…

ဒီလိုနဲ႔ က်ေနာ္ ပထမႏွစ္ ေအာင္ခဲ့တာပါ။ ဒုတိယနွစ္မွာ ေဖေဖ ဆံုးသြားပါတယ္။ အရင္ ကားအက္ဆီးဒန္႔ ၿပီးတည္းက ေဖေဖ့ က်န္းမာေရးက မေကာင္းပါဘူး၊ ေဖေဖဆံုးေတာ့ သူကပဲ က်ေနာ္တို႔ မိသားစုကို ေထာက္ပံ့ ခဲ့တယ္ေလ။ ဒီေတာ့ သူလိုခ်င္တာကို က်ေနာ္က ကိုယ္နဲ႔ရင္းၿပီး ေပးခဲ့ရတယ္ဆရာ။ ဒီလိုမ်ဳိးေတြကို အရမ္းမုန္းေပမယ့္ မိသားစုကို ေထာက္ပံ့ေနတဲ့ သူ႔အလိုကို က်ေနာ္ လိုက္ခဲ့ ရတယ္ေလ။

သူေတာင္းဆိုလာတိုင္း က်ေနာ္ မညင္းသာ ခဲ့ပါဘူး။ သူအိမ္ကိုလည္း သြားျဖစ္တယ္။ သူ႔အိမ္မွာက သူ႔အတြက္ လြတ္လပ္တယ္ေလ….. အဖြားကလည္း အသက္ႀကီး နားကေလး ဆိုေတာ့ သူ႔အႀကိဳက္ပဲေလ။

ေနာက္ဆံုးေတာ့ က်ေနာ္႔ကိုယ္က်ေနာ္ ေဂးအျဖစ္ ခံယူလိုက္မိပါတယ္။ က်ေနာ္ လူပ်ိဳစျဖစ္တည္းက ဒီလိုအျဖစ္မ်ဳိးေတြကို တစ္ခါမွ မေတြးထားမိပါဘူး။ ထင္လည္း မထင္ထား ခဲ့ဘူးေလ။ က်ေနာ့္စိတ္ကိုလည္း က်ေနာ္ ျပန္ေမးၾကည့္ မိတယ္ေလ။ ငါတကယ္ ဒီလို ေဂးျဖစ္သြားၿပီလား ဆိုၿပီးေတာ့. က်ေနာ္ တတိယႏွစ္မွာ ရည္းစာထားဖို႔ ႀကိဳးစားပါတယ္။ ေကာင္မေလး တစ္ေယာက္ကို လိုက္ခဲ့ပါတယ္။ ၂ လေလာက္ ၾကာေတာ့ ခ်စ္သူေတြ ျဖစ္သြား ခဲ့ပါတယ္။

က်ေနာ္ က်ေနာ႔ခ်စ္သူကို ခ်စ္လို႔ေတာ့ ရတယ္ဆရာ….။ ဟိုိလိုမ်ဳိးေတာ႔ ဘယ္လိုမွ ေတြးလို႔ကို မရဘူး….။ သူ႔ဘက္က အခြင္႔ေရးေတြ ေပးခဲ႔တာေတာင္ က်ေနာ့္ ဘက္က စိတ္လံုး၀ မလာခဲ့ဘူးေလ။ အဲဒီမွာ က်ေနာ႔္ကိုက်ေနာ္ နားလည္ခဲ့ပါတယ္… က်ေနာ္႔ကို က်ေနာ္ ေဂးလို႔ ခံယူခဲ့ပါတယ္။ ေကာင္မေလးကိုလည္း အဆက္ျဖတ္ခဲ့ ပါတယ္။ အဲဒီ ဦးေလးႀကီးနဲ႔ပဲ ႏွစ္ပါးသြား ေနခဲ့တယ္ ဆရာ။ ဒါေပမယ္႔ အဲဒီဦးေလးႀကီးက ႏွစ္ဖက္ခြ်န္ေလ.. မိန္းမလည္း ေပြတယ္…. ေမာ္ဒယ္ ငယ္ငယ္ ေလးေတြနဲ႔လည္း တြဲတယ္ေလ…။ တစ္ခါတစ္ေလ သူ႔အခန္းကိုပါ ေခၚလာတယ္….

က်ေနာ္ ေက်ာင္းၿပီးေတာ့ သူက က်ေနာ့္ကို သေဘၤာတင္ေပးမလို႔ Agent နဲ႔ ခ်ိတ္ေပးပါတယ္။ ၿပီးမွ ေဆးစစ္တာပါ ဆရာ…။ အခုေတာ့ က်ေနာ့္ ဘ၀က ႏွစ္ခါနာပဲေလ….. ေမေမ့ကိုလည္း မေျပာျပရဲဘူး။ ဆရာ… ေမေမက ႏွလံုးေရာဂါသည္ေလ…. က်ေနာ့္မွာ ညီမေလးလည္း ရွိေသးတယ္ေလ…။ က်ေနာ္က ညီမေလးအေပၚ တာ၀န္ရွိတယ္ေလ…။ ေဖေဖ မရွိေတာ့တဲ့ ေနာက္ပိုင္း က်ေနာ့္ ဘ၀ကို ေမေမနဲ႔ ညီမေလးအတြက္ပဲလို႔ သတ္မွတ္ ထားခဲ့တာပါ။ ဒီဦးေလးကိုလည္း မိသားစုကို ေထာက္ပံ့ထားတဲ့ မ်က္ႏွာနဲ႔ သူ႔လိုအင္ကို ျဖည့္ေပး ေနခဲ့တာပါ။ က်ေနာ့္ သူ႔ကိုေတာ့ ေျပာျပ ထားပါတယ္…။ သူ႔က အစကေတာ့ အေၾကာက္အကန္ ျငင္းပါတယ္။ သူက သန္႔တယ္ ဘယ္သူနဲ႔မွ မ႐ႈပ္ဘူး ေပါ႔ေလ။ က်ေနာ္ကသာ တျခားလူေတြနဲ႔ လိုက္႐ႈပ္လို႔ HIV ကူးတယ္ ေပါ႔ေလ။ က်ေနာ္ သူ႔ကို ေသြးစစ္ဖို႔ အႀကိမ္ႀကိမ္ ေျပာခဲ့ေပမယ့္ သူက မစစ္ခဲ့ဘူးေလ။ ေနာက္ဆံုး အတင္းအၾကပ္ ေျပာမွ စစ္ေတာ့ သူ႔မွာလည္း HIV ပိုး ရွိေနတယ္ေလ….။ ဒီေတာ့မွ က်ေနာ္လည္း သူ႔ဆီက ကူးတယ္ ဆိုတာကို သိလိုက္ရတာပါ။

သူကေတာ့ က်ေနာ့္ တစ္ဘ၀လံုးကို အညႊန္႔ ခ်ဳိး႐ံုသာမက က်ေနာ့္ နာမည္ကိုပါ အမည္းစက္ ထက္ေတြ ဆင့္ေနေအာင္ လုပ္ခဲ့တယ္ေလ။ က်ေနာ္ ဘာဆက္လုပ္သင့္လဲ ဆိုတာကို အႀကံေပးပါဦး ဆရာ……။

အားကိုးတႀကီးစိတ္နဲ႔ သူ႔မ်က္လံုးေတြက ဆရာ၀န္ကို ေတာင္းပန္ ေနရွာေလရဲ႕။ ဆရာ၀န္လည္း ျဖစ္သင့္တာေတြ… လုပ္သင့္တာေတြကို တစ္ခုခ်င္း ေျပာေနေလရဲ႕…။

ဆရာ၀န္ရဲ႕ အသံုးေတာ္ျဖစ္တဲ့ က်ဳပ္ ေဘာလ္ပင္ခမ်ာမွာေတာ့ ရင္ထဲ မခ်ိသာဘူးေလ..

• ဒီလိုလူငယ္ေလးေတြ ဒီလိုဘ၀ကိုေရာက္ေအာင္ လုပ္တာ ဘယ္သူ႔ကို အျပစ္တင္ရမလဲ? ဘယ္သူ႔မွာ တာ၀န္ရွိလဲ။ ဒီလို လူငယ္ေလးေတြကို ဘယ္သူက ကာကြယ္ ေစာင့္ေရွာက္ဖို႔ တာ၀န္ရွိသလဲ?

• သူတို႔ ဒီဘ၀မ်ဳိး မေရာက္ခင္မွာ သူတို႔ ရင္ဖြင့္သမွ်ကို နားေထာင္ေပးမယ့္ နားေတြေရာ ေလာကႀကီးမွာ အဆင္သင့္ ရွိေနၿပီလား? • သူတို႔ကို ဒီလိုမ်ဳိး မျဖစ္ေအာင္ ကာကြယ္ေပးမယ့္ ဥပေဒေတြေရာ ရွိေနၿပီလား?

• ဒီလို ကေလးသူငယ္ကို အဓမၼ ျပဳက်င္႔တာေတြကိုေရာ ဘယ္သူေတြက ဆန္႔က်င္ တိုက္ဖ်က္ၿပီး ကေလး သူငယ္ေတြရဲ႕ အခြင့္ေရးအတြက္ တိုက္ပြဲ၀င္ ေပးၾကမွာလဲ?

က်ေနာ္ေမာင္ေဘာလ္ပင္ ဒီလိုေတြးေနတုန္းမွာပဲ ဆရာ၀န္က က်ေနာ့္ ေခါင္းကို အဖံုးနဲ႔ စြပ္ၿပီး က်ေနာ့္ကို စာအုပ္ၾကားထဲ ညႇပ္ထားခဲ့ၿပီး ေဆးခန္းသိမ္းလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ

Unicode Version

ကျနော့် စအိုက စပ်ဖျင်းစပ်ဖျင်းနဲ့ နာနေတယ်လေ….။ မသင်္ကာလို့ စမ်းကြည့်လိုက်တော့ သွေးစတွေပါ ရှိနေတယ်လေ….။

လူ့ဘဝမှာလည်း အမှုတွေကပွေ၊ အလုပ်တွေကများ၊ ပြဿနာတွေကလည်း ပုံစံအမျိုးမျိုးနဲ့ မပြီးဆုံးနိုင်တော့ပါဘူး။

လာပြန်ပြီ တစ်ယောက်…။
ဝင်ခွင့်ပြုပါ ဆရာ… အော်… ဟုတ်ကဲ့ ဝင်ခဲ့ပါ ခင်ဗျာ..။ ထိုင်ပါ… ကျနော် ဘာကူညီပေးရမလဲ သိပါရစေ။
ဆေးခန်းထဲ ဝင်လာသူမှာ အသက် ၂၀ ဝန်းကျင် လူငယ်လေးတစ်ယောက်။ ရုပ်ရည်သန့်သန့် သားသားနားနား လူချောလေး တစ်ယောက်။ ဒါပေမယ့် သူမျက်နှာမှာ စိုးရိမ်စိတ်တွေ ညှိုးငယ် သိမ်ငယ်နေတဲ့ အရိပ်ရောင်တွေတော့ သန်းနေပါတယ်။ သူက ထိုင်ခုံမှာ ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်…။ ပြီးမှ သူက သူ့ကို အချိန် နည်းနည်း ပေးပါလို့ တောင်းဆိုပါတယ်….။ ဆေးခန်းကလည်း လူနာ ရှင်းနေတော့ ဆရာဝန်လည်း ခေါင်းညိမ့်ပြီး သူပြောတာကို နားထောင်ပေးဖို့ အသင့် ပြင်လိုက်ပါတယ်….။

ကျနော်က ကိုမျိုးပါ ဆရာ။ အခု အသက် ၂၁ နှစ်ပါ။ ရေကြောင်းတက္ကသိုလ် တက်နေပါတယ်။ ကျောင်းပြီးလို့ သငေ်္ဘာတက်မယ်လုပ်မှ အခုဆေးက မအောင်ဘူး ဆရာရယ် ဘယ်လိုလုပ်ရပါ့မလဲ မသိဘူး။ အိမ်ကိုလည်း မပြောရဲဘူး ဖြစ်နေတယ်။

သူ့မျက်နှာ တစ်ခုလုံး ညှိုးကျ သွားပါတယ် …။ မျက်ရည်တွေလည်း မျက်ဝန်းထဲအပြည့်…။ ကျနော်က အရင်ကတည်းက ဘဝဆုံးပြီးသားပါ ဆရာ။ သူပြောတာကို ဆရာဝန် နားမလည်လိုက်ပါ။ ကျနော်က ဘဝပေး ကံမကောင်းခဲ့ဘူး ဆရာ…။ ကျနော်က ယောက်ျားစင်စစ်ကနေ ယောက်ျားချင်း ကြိုက်တဲ့သူ(ဂေး) ဖြစ်နေတယ်လေ….
ဂေးတွေရဲ့ အကြောင်းတွေကို သိနေပြီးသားဖြစ်တဲ့ ဒေါက်တာ မင်းနိုင် အတွက်တော့ ဘာမှ မမှုတော့ပါ… ခေါင်းညိမ့်ပြီးသာ ဆက်နားထောင် နေခဲ့ပါတယ်။

ကျနော့်တို့ မိသားစုနဲ့ အရမ်း ရင်းနှီးတဲ့ ဦးလေးတစ်ယောက် ရှိပါတယ်။… ဖေ့ဖေ့သူငယ်ချင်းပါ။ သူက ဖေဖေနဲ့ အသက် အတူတူ ပါပဲ။ စီးပွားရေး သမားပါ၊ ဖေဖေတို့နဲ့ အလုပ်အတူတူ လုပ်ကြရင်း မိသားစုနဲ့ အရမ်းကို ရင်းနှီး သွားတာပါ….။ သူက လူပျိုကြီးပါ။ သူက ကျနော်တို့အိမ်ကို အမြဲ ဝင်ထွက်နေကျပါ…၊ အိမ်ကလည်း သူ့ကို အပြင်လူလို့ မသတ်မှတ်ဘူးလေ… ဆွေမျိုးရင်းချာလိုပဲ သဘောထားပါတယ်…။

သူကလည်း ကျနော်တို့ မောင်နှမတွေကို ဦးလေးအရင်းတွေ နီးပါး ကောင်းရှာပါတယ်။ ဒါပေမယ့် သူမှာ ရှိတဲ့ လူမသိတဲ့ အကျင့်ဆိုးကိုတော့ ကျနော်ကလွဲပြီး ဘယ်သူမှ မသိဘူးလေ။ သူက ကျနော့်ကို ဂေးဇာတ် သွင်းခဲ့တဲ့သူပါ။ ကျနော့် ၁၀ တန်းအောင်တော့ ဂုဏ်ထူး ၃ ဘာသာ ပါတယ်လေ။ အောင်စာရင်းထွက်တဲ့ နေ့က သူက ကျနော့်ကို ဆုချမယ်ဆိုပြီး မြို့ထဲက ဒဂုံစင်တာကို ခေါ်သွားပါတယ်…။ MK က Arrow ရှပ်တစ်ထည် ဝယ်ပေးပါတယ်။.ပြီးတော့ Mr. Guiter မှာ ညစာ လိုက်ကျွေးပါတယ်…။ ပြီးမှ ပြန်ကြမယ်ပေါ့။

သူက သူ့ကားနဲ့ဆိုတော့ အိမ်ကလည်း စိတ်ချတယ်လေ။ အရင်ကလည်း ဒီလိုပဲ သွားနေကျဆိုတော့ ဘာမှ မပြောဘူးလေ။ ကျနော့်ကိုလည်း အောင်စာရင်း ထွက်တဲ့နေ့ဆိုတော့ အိမ်ကဘာမှ မပြောဘူးလေ။ လျှောက်လည်ချင်လဲ လည်ပါစေပေါ့။ ညစာ စားပြီးတော့ သူက ကျနော့်ကို အိမ်ပြန်မပို့ပေးပဲ သူ့အိမ်ကို ခဏဝင်ဖို့ ခေါ်ပါတယ်။ အရင်တည်းက သူ့အိမ်ကို သွားနေကြဆိုတော့ ကျနော်လည်း လိုက်သွား ခဲ့ပါတယ်။ သူ့အမေနဲ့က ကျနော်က မြေးအဖွားလို ဖြစ်နေတာကိုး….။ အဖွားက အသက် ၇၀ ကျော်နေပြီ နားမကောင်းဘူးလေ။ သူ့အိမ်ရောက်တော့ ည ၉ နာရီလောက် ရှိပြီဗျ…။ သူက ကျနော့်ကို ကိုကာကိုလာ တိုက်တယ်…။ ရေငတ်နေတော့ ကျနော့်လည်း အကုန် သောက်လဲတာပေါ့….။ ပြီးတော့ အရမ်း အိပ်ချင်လာပြီး ဘာမှမသိတော့ဘူး ဆရာ….။

ည ၁၂ နာရီလောက်မှ ကျနော့် မျက်လုံး ပြန်ဖွင့် လာနိုင်တယ်လေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကျနော်က သူ့အခန်းထဲမှာ ရောက်နေတယ်လေ…။ ပြီးတော့ ကန်တော့ပါစေရဲ့ ကျနော့် စအိုက စပ်ဖျင်းစပ်ဖျင်းနဲ့ နာနေတယ်လေ….။ မသင်္ကာလို့ စမ်းကြည့်လိုက်တော့ သွေးစတွေပါ ရှိနေတယ်လေ….။ ကျနော် သိလိုက်ပြီလေ…. ဒီလူကြီး ကျနော့်ကို ကိုကာကိုလာထဲမှာ အိပ်ဆေး တည့်ပြီး စော်ကား လိုက်တာလေ….။ ကျနော့် ဘဝတစ်ခုလုံး မိုးမှောင် ကျခဲ့တဲ့ နေ့ပေါ့ ဆရာ….။ ကျနော့်မှာ ၁၀ တန်းအောင်လို့ ပျော်လို့တောင် မဝသေးပါဘူး…. ငိုချလိုက်ပါတယ်… လောကကြီးကို လုံး၀ စိတ်ကုန်ခဲ့ပါတယ် ဆရာ…..။

သူက ခဏကြာတော့ အခန်းထဲကိုဝင်လာပြီး မသိသလိုနဲ့ နေပါတယ်…။ ကျနော်လည်း သူ့ကို အရမ်းမုန်းတီးနေတော့ ဘာစကားမှ မပြောချင်ဘူးလေ… ဒါနဲ့ ကျနော် သူ့ကို အိပ်ပြန်ပို့ပေးဖိ့ု ပြောခဲ့ပါတယ်… သူက ကြည်ကြည်ဖြူဖြူပဲ ပြန်လိုက်ပို့ ပေးပါတယ်…။ သူပေးခဲ့တဲ့ အင်္ကျီကိုလည်း ကျနော်လုံး၀ မယူခဲ့ပါဘူး။ အဲဒီညက ကျနော် အိမ်ပြန်ရောက်တော့ ကျနော့်ကိုယ် ကျနော် အဆုံးစီရင်ဖို့ မီးဖိုထဲက ဓားနဲ့ လက်ဖျန်သွေးကြောကို လှီးပါတယ်၊ ဓားကလည်း မပြတ်ဘူးဆရာ…. ။ သွေးနည်းနည်းပဲ ထွက်တယ်လေ…. နောက်တော့ ကျနော်လုပ်နေတာကို ဖေဖေ မြင်သွားရော….။ သူတို့က ထင်တာကတော့ ကျနော်က All D မရလို့ ဒီလိုလုပ်တယ်လို့ ထင်နေကြတယ်လေ။ ကျနော့်ဘ၀ ပျက်ခဲ့တာကို ဘယ်သူကမှ မသိကြတာလေ ဆရာ……. ကျနော် ဘယ်သူ့ကို သွားတိုင် ပြောရမှာလဲ ဆရာ… ပြီးတော့ အဲလိုထုတ်ပြောဖို့ ကျနော့မှာ လုံး၀ ပြောမထွက် ဘူးလေ….။ အဲဒီလူကြီးကိုလည်း သတ်ချင်နေတယ်….။ အဲဒီရက်ကတော့ တော်တော်လေး သေလုမြောပါး ခံစားခဲ့ရတယ် ဆရာ….။

နောက်… ကျနော် ကျောင်းတက်ခဲ့ပါတယ်…။ ကျောင်းတက်နေတုန်း ဖေဖေက မန္တလေးမှာ ကားအက်ဆီးဒန့်နဲ့ ဆေးရုံတက်လိုက် ရတယ်လေ… မိသားစုတွေက ဖေဖေ့ကို သွားကြည့် ကြတယ်လေ..။ ကျနော်က စာမေးပွဲရှှိလို့ မလိုက်သွားရဘူး။ ဒါကိုမေမေက ကျနော့ကို စိတ်မချလို့ဆိုပြီး အဲဒီဦးလေးကို အိမ်မှာ လာအိပ်ဖို့ ပြောခဲ့တယ်လေ….။ အစကတော့ ကျနော်က မသိခဲ့ပါဘူး…။ ကျောင်းကပြန်လာမှ ဧည့်ခန်းထဲမှာ သူအကြာကြီး နေတာကို သတိထား မိသွားတာပါ။

တစ်အိမ်လုံးမှာလဲ ထမင်းချက်ပေးတဲ့ အမကြီးရယ် ကျနော်ရယ် အဲဒီဦးလေးရယ်ပဲ ရှိတာလေ။ သူက ညအထိ မပြန်တော့မှ သူဒီမှာ ညအိမ်တော့မယ် ဆိုတာကို သိလိုက်ရတာပါ၊ ကျနော့ အတွက်တော့ ငရဲကျနေ သလိုပဲလေ…။ ကျနော်က တံခါးကို လော့ချပြီး စာကျက် နေခဲ့ပါတယ်….။ ည ၁၁ နာရီလောက်မှာ ကျနော် အိပ်ယာဝင်ခဲ့ ပါတယ်…။ ည ၂ နာရီလောက် တရေးလဲနိုးရော အဲဒီဦးလေးကြီးက ကျနော့် အိပ်ယာထဲ ရောက်နေတယ်လေ….. ပြီးတော့ ကျနော့်ကိုလည်း သူထပ်စော်ကား ထားပြန်တယ်လေ…. ကျနော့်အတွက်တော့ ပြေးလို့ မလွတ်တော့ဘူးလေ။ မေမေက သူ့ကို အိမ်က သော့တွေ အကုန်ပေးခဲ့တာကိုး…။

သူက ကျနော့ကို တကယ်ချစ်ပါတယ်တဲ့..။ ကျနော့ကိုလည်း မိဘတွေကို မပြောပါနဲ့တဲ့။ အမျိုးမျိုး ပြောတယ်လေ။ ပြီးတော့ ကျနော့်ကို သူက လက်ထပ်မယ်တောင် ပြောသေးတယ်။ ကျနော်က ဒါမျိုးတွေကို တစ်ခါမှတောင် မကြားဖူးခဲ့ပါဘူး…။ နောက်တော့သူက ယောင်္ကျားချင်း မဖွယ်မရာ လုပ်နေတဲ့ ပုံတွေနဲ့ ဗွီဒီယိုတွေကို ကျနော့်ကို ပြတယ်လေ….။ သူက ပြောသေးတယ် ဒါက ခေတ်မီတဲ့ နိုင်ငံတွေမှာပဲ ရှိတာတဲ့။

ကျနော် အကြိမ်ကြိမ် ငြင်းပါတယ်… ဒါပေမယ့် မရခဲ့ဘူးလေ.. ပိုဆိုးတာက ဖေဖေ့အက်ဆီးဒန့်မှာ အိမ်က ငွေတော်တော် ကုန်သွားတယ်လေ။ နောက်ဆုံး ကျနော့ ကျောင်းစရိတ်တောင် အိမ်က မတတ်နိုင်တော့ဘူး။ အဲဒီမှာ သူက ကျနော့်ကို နေ့တိုင်းကျောင်းကို သူ့ကားနဲ့ လိုက်ပို့ ပေးတယ်လေ။ အိမ်က မထောက်ပံ့ နိုင်တာကိုလည်း သူက သိနေတယ်လေ…. မေမေတို့နဲ့က လူရင်းတွေ ဖြစ်နေတာကိုး။ သူက ကျနော် ကျောင်းမုန့်ဖိုးလည်း ပေးတယ်။ လိုတဲ့ စာအုပ်တွေ စာရွက်စာတမ်း တွေကိုလည်း ဝယ်ပေးတယ်လေ…

ဒီလိုနဲ့ ကျနော် ပထမနှစ် အောင်ခဲ့တာပါ။ ဒုတိယနှစ်မှာ ဖေဖေ ဆုံးသွားပါတယ်။ အရင် ကားအက်ဆီးဒန့် ပြီးတည်းက ဖေဖေ့ ကျန်းမာရေးက မကောင်းပါဘူး၊ ဖေဖေဆုံးတော့ သူကပဲ ကျနော်တို့ မိသားစုကို ထောက်ပံ့ ခဲ့တယ်လေ။ ဒီတော့ သူလိုချင်တာကို ကျနော်က ကိုယ်နဲ့ရင်းပြီး ပေးခဲ့ရတယ်ဆရာ။ ဒီလိုမျိုးတွေကို အရမ်းမုန်းပေမယ့် မိသားစုကို ထောက်ပံ့နေတဲ့ သူ့အလိုကို ကျနော် လိုက်ခဲ့ ရတယ်လေ။

သူတောင်းဆိုလာတိုင်း ကျနော် မညင်းသာ ခဲ့ပါဘူး။ သူအိမ်ကိုလည်း သွားဖြစ်တယ်။ သူ့အိမ်မှာက သူ့အတွက် လွတ်လပ်တယ်လေ….. အဖွားကလည်း အသက်ကြီး နားကလေး ဆိုတော့ သူ့အကြိုက်ပဲလေ။

နောက်ဆုံးတော့ ကျနော့်ကိုယ်ကျနော် ဂေးအဖြစ် ခံယူလိုက်မိပါတယ်။ ကျနော် လူပျိုစဖြစ်တည်းက ဒီလိုအဖြစ်မျိုးတွေကို တစ်ခါမှ မတွေးထားမိပါဘူး။ ထင်လည်း မထင်ထား ခဲ့ဘူးလေ။ ကျနော့်စိတ်ကိုလည်း ကျနော် ပြန်မေးကြည့် မိတယ်လေ။ ငါတကယ် ဒီလို ဂေးဖြစ်သွားပြီလား ဆိုပြီးတော့. ကျနော် တတိယနှစ်မှာ ရည်းစာထားဖို့ ကြိုးစားပါတယ်။ ကောင်မလေး တစ်ယောက်ကို လိုက်ခဲ့ပါတယ်။ ၂ လလောက် ကြာတော့ ချစ်သူတွေ ဖြစ်သွား ခဲ့ပါတယ်။

ကျနော် ကျနော့ချစ်သူကို ချစ်လို့တော့ ရတယ်ဆရာ….။ ဟိုလိုမျိုးတော့ ဘယ်လိုမှ တွေးလို့ကို မရဘူး….။ သူ့ဘက်က အခွင့်ရေးတွေ ပေးခဲ့တာတောင် ကျနော့် ဘက်က စိတ်လုံး၀ မလာခဲ့ဘူးလေ။ အဲဒီမှာ ကျနော့်ကိုကျနော် နားလည်ခဲ့ပါတယ်… ကျနော့်ကို ကျနော် ဂေးလို့ ခံယူခဲ့ပါတယ်။ ကောင်မလေးကိုလည်း အဆက်ဖြတ်ခဲ့ ပါတယ်။ အဲဒီ ဦးလေးကြီးနဲ့ပဲ နှစ်ပါးသွား နေခဲ့တယ် ဆရာ။ ဒါပေမယ့် အဲဒီဦးလေးကြီးက နှစ်ဖက်ချွန်လေ.. မိန်းမလည်း ပွေတယ်…. မော်ဒယ် ငယ်ငယ် လေးတွေနဲ့လည်း တွဲတယ်လေ…။ တစ်ခါတစ်လေ သူ့အခန်းကိုပါ ခေါ်လာတယ်….

ကျနော် ကျောင်းပြီးတော့ သူက ကျနော့်ကို သငေ်္ဘာတင်ပေးမလို့ Agent နဲ့ ချိတ်ပေးပါတယ်။ ပြီးမှ ဆေးစစ်တာပါ ဆရာ…။ အခုတော့ ကျနော့် ဘဝက နှစ်ခါနာပဲလေ….. မေမေ့ကိုလည်း မပြောပြရဲဘူး။ ဆရာ… မေမေက နှလုံးရောဂါသည်လေ…. ကျနော့်မှာ ညီမလေးလည်း ရှိသေးတယ်လေ…။ ကျနော်က ညီမလေးအပေါ် တာဝန်ရှိတယ်လေ…။ ဖေဖေ မရှိတော့တဲ့ နောက်ပိုင်း ကျနော့် ဘဝကို မေမေနဲ့ ညီမလေးအတွက်ပဲလို့ သတ်မှတ် ထားခဲ့တာပါ။ ဒီဦးလေးကိုလည်း မိသားစုကို ထောက်ပံ့ထားတဲ့ မျက်နှာနဲ့ သူ့လိုအင်ကို ဖြည့်ပေး နေခဲ့တာပါ။ ကျနော့် သူ့ကိုတော့ ပြောပြ ထားပါတယ်…။ သူ့က အစကတော့ အကြောက်အကန် ငြင်းပါတယ်။ သူက သန့်တယ် ဘယ်သူနဲ့မှ မရှုပ်ဘူး ပေါ့လေ။ ကျနော်ကသာ တခြားလူတွေနဲ့ လိုက်ရှုပ်လို့ HIV ကူးတယ် ပေါ့လေ။ ကျနော် သူ့ကို သွေးစစ်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် သူက မစစ်ခဲ့ဘူးလေ။ နောက်ဆုံး အတင်းအကြပ် ပြောမှ စစ်တော့ သူ့မှာလည်း HIV ပိုး ရှိနေတယ်လေ….။ ဒီတော့မှ ကျနော်လည်း သူ့ဆီက ကူးတယ် ဆိုတာကို သိလိုက်ရတာပါ။

သူကတော့ ကျနော့် တစ်ဘဝလုံးကို အညွှန့် ချိုးရုံသာမက ကျနော့် နာမည်ကိုပါ အမည်းစက် ထက်တွေ ဆင့်နေအောင် လုပ်ခဲ့တယ်လေ။ ကျနော် ဘာဆက်လုပ်သင့်လဲ ဆိုတာကို အကြံပေးပါဦး ဆရာ……။

အားကိုးတကြီးစိတ်နဲ့ သူ့မျက်လုံးတွေက ဆရာဝန်ကို တောင်းပန် နေရှာလေရဲ့။ ဆရာဝန်လည်း ဖြစ်သင့်တာတွေ… လုပ်သင့်တာတွေကို တစ်ခုချင်း ပြောနေလေရဲ့…။

ဆရာဝန်ရဲ့ အသုံးတော်ဖြစ်တဲ့ ကျုပ် ဘောလ်ပင်ခမျာမှာတော့ ရင်ထဲ မချိသာဘူးလေ..

• ဒီလိုလူငယ်လေးတွေ ဒီလိုဘဝကိုရောက်အောင် လုပ်တာ ဘယ်သူ့ကို အပြစ်တင်ရမလဲ? ဘယ်သူ့မှာ တာဝန်ရှိလဲ။ ဒီလို လူငယ်လေးတွေကို ဘယ်သူက ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိသလဲ?

• သူတို့ ဒီဘဝမျိုး မရောက်ခင်မှာ သူတို့ ရင်ဖွင့်သမျှကို နားထောင်ပေးမယ့် နားတွေရော လောကကြီးမှာ အဆင်သင့် ရှိနေပြီလား? • သူတို့ကို ဒီလိုမျိုး မဖြစ်အောင် ကာကွယ်ပေးမယ့် ဥပဒေတွေရော ရှိနေပြီလား?

• ဒီလို ကလေးသူငယ်ကို အဓမ္မ ပြုကျင့်တာတွေကိုရော ဘယ်သူတွေက ဆန့်ကျင် တိုက်ဖျက်ပြီး ကလေး သူငယ်တွေရဲ့ အခွင့်ရေးအတွက် တိုက်ပွဲဝင် ပေးကြမှာလဲ?

ကျနော်မောင်ဘောလ်ပင် ဒီလိုတွေးနေတုန်းမှာပဲ ဆရာဝန်က ကျနော့် ခေါင်းကို အဖုံးနဲ့ စွပ်ပြီး ကျနော့်ကို စာအုပ်ကြားထဲ ညှပ်ထားခဲ့ပြီး ဆေးခန်းသိမ်းလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top