Property Expo
×

ၿမိဳင္ႀကီးငူအထူးေဒသရွိ ဒုကၡသည္စခန္းတစ္ခုသို႔ ေရာက္ရွိေနေသာ စစ္ေဘးေရွာင္ဒုကၡသည္မ်ားကို စက္တင္ဘာ ၁၁ ရက္က ေတြ႕ရစဥ္ (ဓာတ္ပံု − BGF)

ကရင္ျပည္နယ္ မဲသေဝါ ေဒသတြင္ စက္တင္ဘာ ၁၁ ရက္ နံနက္ကစ၍ တုိက္ပြဲျပင္း ထန္ေနၿပီး ရြာေပါင္း ၂၂ ရြာမွ ေဒသခံ ၃,၅၀၀ ခန္႔ စစ္ေဘး လြတ္ရာသို႔ တိမ္းေရွာင္လာရ ေၾကာင္း သတင္းရရွိသည္။

ကရင္ျပည္နယ္ မဲသေဝါေဒ သတြင္ တပ္မေတာ္၊ ကရင္ျပည္ နယ္ နယ္ျခားေစာင့္ပူးေပါင္းတပ္ ဖြဲ႕ႏွင့္ ဒီေကဘီေအခြဲထြက္အဖြဲ႕ တို႔သည္ စက္တင္ဘာ ၂ ရက္ ကစတင္ကာ တုိက္ပြဲမ်ားျဖစ္ပြား ခဲ့သည္။

တိုက္ပြဲ ျပင္းထန္လာႏိုင္သည္ဟူေသာ သတင္းေၾကာင့္ ေဒသခံအရပ္သားမ်ားသည္ စက္တင္ဘာ ၁၀ ရက္ကစ၍ ေနအိမ္ မ်ားကို စြန္႔ခြာထြက္ေျပးခဲ့ၾကၿပီး ၿမိဳင္ႀကီးငူအထူးေဒသသို႔ လာေရာက္တိမ္းေရွာင္ေနၾကသည္။

စက္တင္ဘာ ၁၁ ရက္ ညေန ၇ နာရီခန္႔အထိ အရပ္သား ၃,၄၅၂ ဦး လာေရာက္ခိုလႈံေနေၾကာင္း ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ ဗိုလ္မွဴးတစ္ဦးက ေျပာသည္။

စစ္ေဘးေရွာင္မ်ားအား ကူ ညီေပးေနေသာ ေဒသခံ ေစာအယ္ လင္းက စစ္ေဘးေရွာင္သူမ်ား သည္ တုိက္ပြဲေနရာ အနီးဝန္း က်င္ျဖစ္ေသာ လိႈင္းဘြဲၿမိဳ႕နယ္၊ မဲသ ေဝါေဒသ ရင္းဘုိင္အုပ္စုမွ အ မ်ားဆံုးျဖစ္ၿပီး လတ္တေလာတြင္ မိုးေကာင္းေန၍ စစ္ေဘးေရွာင္သူ မ်ား အခက္အခဲမ်ိဳးစံုရင္ဆိုင္ေန ၾကရေၾကာင္း ေျပာသည္။

တိုက္ပြဲသည္ စက္တင္ဘာ ၁၁ ရက္ နံနက္ ၇ နာရီ ၃၀ မိနစ္က စတင္ျပင္းထန္ခဲ့ၿပီး ယင္းေန႔တြင္ ဒီေကဘီေအခြဲထြက္အဖြဲ႕၏စခန္း ႏွစ္ခုကို သိမ္းယူႏုိင္ခဲ့ကာ ဒီေက ဘီေအခြဲထြက္အဖြဲ႕မွ သံုးဦးက် ဆံုးေၾကာင္း ကရင္ျပည္နယ္ နယ္ ျခားေစာင့္တပ္ ဗိုလ္မွဴးတစ္ဦးက ေျပာသည္။ တုိက္ပြဲတြင္ တပ္မေတာ္မပါဝင္ဘဲ ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ႏွင့္ ဒီေကဘီေအခြဲထြက္အဖြဲ႕ ျဖစ္ပြားေနျခင္း ျဖစ္ေၾကာင္း သတင္းရရွိသည္။

စစ္ေဘးေရွာင္သူမ်ားကို ၿမိဳင္ႀကီးငူအထူးေဒသရွိ ေအး လင္းသာယာေက်ာက္စာကြင္း တြင္ ယာယီေနရာခ်ထားေၾကာင္း လိႈင္းဘြဲၿမိဳ႕နယ္ အေထြေထြအုပ္ ခ်ဳပ္ေရးမွဴး ဦးႏုိင္ဝင္းေဇာ္က ေျပာသည္။

ကရင္ျပည္နယ္ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာနကမူ စစ္ေဘးေရွာင္သူဦးေရ အတိအက်မရရွိေသးေၾကာင္း ေျပာသည္။

တိုးတက္ေသာ ဗုဒၶဘာသာ ကရင္အမ်ိဳးသားတပ္မေတာ္ (DKBA)အမည္ျဖင့္ ဖြဲ႕စည္းထားေသာဒီေကဘီေအ ခြဲထြက္အဖြဲ႕ကို ၂၀၁၆ ဇန္နဝါရီ ၁၆ ရက္တြင္ ျပန္လည္ဖြဲ႕စည္းခဲ့ၿပီး ယင္းအဖြဲ႕သည္အစိုးရႏွင့္ အပစ္ရပ္လက္မွတ္ေရးထိုးထားေသာ ဒီမိုကေရစီအက်ိဳး ျပဳ ကရင့္တပ္မေတာ္(DKBA)မွ ၂၀၁၆ ဇန္နဝါရီ ၁၆ ရက္၌ ခြဲထြက္၍ ဖြဲ႕စည္းထားျခင္းျဖစ္သည္။ ေဒ သတြင္း စစ္မ်က္ႏွာဖြင့္တိုက္ခိုက္ မည္ဟု ၾသဂုတ္ ၃၁ ရက္က ေၾက ညာခဲ့ၿပီး မၾကာမီ မဲသေဝါေဒသ၌ တုိက္ပြဲမ်ားျဖစ္ပြားျခင္းျဖစ္သည္။

၁၉၈၈ က မဲသေဝါေဒသ တြင္ ျမန္မာ့ တပ္မေတာ္ႏွင့္ KNU တို႔ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ႏွစ္ေပါင္း ၂၈ ႏွစ္အၾကာ၌ ျမန္မာ့တပ္မေတာ္၊ ကရင္ျပည္နယ္ နယ္ျခားေစာင့္ပူးေပါင္းတပ္ဖြဲ႕ႏွင့္ ဒီေကဘီေအခြဲထြက္အဖြဲ႕တို႔ တင္း မာမႈျဖစ္ကာ တုိက္ပြဲျပန္လည္ျဖစ္ ပြားျခင္းျဖစ္သည္။ ယခုအခါ KNUသည္ အစိုးရႏွင့္ ၿငိမ္းခ်မ္းေရး လက္မွတ္ထုိးထားၿပီး တပ္မေတာ္ႏွင့္လည္း ေကာင္းမြန္ေသာ ဆက္ဆံေရးတည္ေဆာက္ထားသည္။

၂၀၁၄ ႏွင့္ ၂၀၁၅ က ကရင္ ျပည္နယ္ ေကာ့ကရိတ္ႏွင့္ ျမဝတီ ၿမိဳ႕အနီးေဒသမ်ားတြင္ ျဖစ္ပြား ေသာ တုိက္ပြဲမ်ားေၾကာင့္ အရပ္ သား ငါးဦးထက္မနည္းေသဆံုးၿပီး ၁၀ ဦးေက်ာ္ ဒဏ္ရာရရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မြိုင်ကြီးငူအထူးဒေသရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်ရှိနေသော စစ်ဘေးရှောင်ဒုက္ခသည်များကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − BGF)

ကရင်ပြည်နယ် မဲသဝေါ ဒေသတွင် စက်တင်ဘာ ၁၁ ရက် နံနက်ကစ၍ တိုက်ပွဲပြင်း ထန်နေပြီး ရွာပေါင်း ၂၂ ရွာမှ ဒေသခံ ၃,၅၀၀ ခန့် စစ်ဘေး လွတ်ရာသို့ တိမ်းရှောင်လာရ ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် မဲသဝေါဒေ သတွင် တပ်မတော်၊ ကရင်ပြည် နယ် နယ်ခြားစောင့်ပူးပေါင်းတပ် ဖွဲ့နှင့် ဒီကေဘီအေခွဲထွက်အဖွဲ့ တို့သည် စက်တင်ဘာ ၂ ရက် ကစတင်ကာ တိုက်ပွဲများဖြစ်ပွား ခဲ့သည်။

တိုက်ပွဲ ပြင်းထန်လာနိုင်သည်ဟူသော သတင်းကြောင့် ဒေသခံအရပ်သားများသည် စက်တင်ဘာ ၁၀ ရက်ကစ၍ နေအိမ် များကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး မြိုင်ကြီးငူအထူးဒေသသို့ လာရောက်တိမ်းရှောင်နေကြသည်။

စက်တင်ဘာ ၁၁ ရက် ညနေ ၇ နာရီခန့်အထိ အရပ်သား ၃,၄၅၂ ဦး လာရောက်ခိုလှုံနေကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗိုလ်မှူးတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များအား ကူ ညီပေးနေသော ဒေသခံ စောအယ် လင်းက စစ်ဘေးရှောင်သူများ သည် တိုက်ပွဲနေရာ အနီးဝန်း ကျင်ဖြစ်သော လှိုင်းဘွဲမြို့နယ်၊ မဲသ ဝေါဒေသ ရင်းဘိုင်အုပ်စုမှ အ များဆုံးဖြစ်ပြီး လတ်တလောတွင် မိုးကောင်းနေ၍ စစ်ဘေးရှောင်သူ များ အခက်အခဲမျိုးစုံရင်ဆိုင်နေ ကြရကြောင်း ပြောသည်။

တိုက်ပွဲသည် စက်တင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က စတင်ပြင်းထန်ခဲ့ပြီး ယင်းနေ့တွင် ဒီကေဘီအေခွဲထွက်အဖွဲ့၏စခန်း နှစ်ခုကို သိမ်းယူနိုင်ခဲ့ကာ ဒီကေ ဘီအေခွဲထွက်အဖွဲ့မှ သုံးဦးကျ ဆုံးကြောင်း ကရင်ပြည်နယ် နယ် ခြားစောင့်တပ် ဗိုလ်မှူးတစ်ဦးက ပြောသည်။ တိုက်ပွဲတွင် တပ်မတော်မပါဝင်ဘဲ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေခွဲထွက်အဖွဲ့ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်ဘေးရှောင်သူများကို မြိုင်ကြီးငူအထူးဒေသရှိ အေး လင်းသာယာကျောက်စာကွင်း တွင် ယာယီနေရာချထားကြောင်း လှိုင်းဘွဲမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က ပြောသည်။

ကရင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကမူ စစ်ဘေးရှောင်သူဦးရေ အတိအကျမရရှိသေးကြောင်း ပြောသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)အမည်ဖြင့် ဖွဲ့စည်းထားသောဒီကေဘီအေ ခွဲထွက်အဖွဲ့ကို ၂၀၁၆ ဇန်နဝါရီ ၁၆ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့သည်အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသော ဒီမိုကရေစီအကျိုး ပြု ကရင့်တပ်မတော်(DKBA)မှ ၂၀၁၆ ဇန်နဝါရီ ၁၆ ရက်၌ ခွဲထွက်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဒေ သတွင်း စစ်မျက်နှာဖွင့်တိုက်ခိုက် မည်ဟု သြဂုတ် ၃၁ ရက်က ကြေ ညာခဲ့ပြီး မကြာမီ မဲသဝေါဒေသ၌ တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်သည်။

၁၉၈၈ က မဲသဝေါဒေသ တွင် မြန်မာ့ တပ်မတော်နှင့် KNU တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၂၈ နှစ်အကြာ၌ မြန်မာ့တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲ့နှင့် ဒီကေဘီအေခွဲထွက်အဖွဲ့တို့ တင်း မာမှုဖြစ်ကာ တိုက်ပွဲပြန်လည်ဖြစ် ပွားခြင်းဖြစ်သည်။ ယခုအခါ KNUသည် အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားပြီး တပ်မတော်နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ထားသည်။

၂၀၁၄ နှင့် ၂၀၁၅ က ကရင် ပြည်နယ် ကော့ကရိတ်နှင့် မြဝတီ မြို့အနီးဒေသများတွင် ဖြစ်ပွား သော တိုက်ပွဲများကြောင့် အရပ် သား ငါးဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top