Property Expo
×

ရီးရဲလ္ၾကယ္ပြင့္ တိုက္ စစ္မွဴး ေရာ္နယ္ဒိုအတြက္ အသင္း ေျပာင္းေရႊ႕ေၾကးထြက္ေပၚလာပါ က ၎ကို ရီးရဲလ္ၿပိဳင္ဘက္ ဘာ စီလိုနာက ေခၚယူႏိုင္သည္ဟု ေပၚ တူဂီ နာမည္ေက်ာ္ ေဘာလံုးသ မားႀကီး လူး၀စ္ဖီဂိုက အခိုင္အမာ ေျပာၾကားသည္။

ဖီဂိုကို ထိုစဥ္က ကမၻာ့စံခ်ိန္ တင္ေၾကးျဖစ္ေသာ ေပါင္ ၃၇ ဒသမ ၂ သန္း ရပါက ေရာင္းခ် မည္ဟု ရီးရဲလ္က ၂၀၀၀ ျပည့္ ႏွစ္တြင္ ေၾကညာခဲ့ၿပီးေနာက္ ဖီဂိုသည္ ဘာစီလိုနာသို႔ ေျပာင္း ေရႊ႕သြားသည္။

ဒုတိယအႀကိမ္အျဖစ္ ဥေရာပအေကာင္းဆံုး ေဘာလံုးသမားဆု ကို မၾကာေသးမီကရရွိခဲ့ေသာ ေရာ္နယ္ဒိုသည္ ၎ႏွင့္ ရီးရဲလ္တို႔၏ လက္ရွိခ်ဳပ္ဆိုထားသည့္ ေပါင္ ၁ ဒသမ ၂၅ ဘီလီယံတန္စာခ်ဳပ္တြင္ အသင္းေျပာင္းေရႊ႕ခြင့္ျပဳမည့္ေၾကး ပါ၀င္ေနၿပီး ေရာ္နယ္ဒိုသည္ဘာစီလိုနာသို႔ ေျပာင္းေရႊ႕ႏိုင္ေျခမွမျဖစ္ႏိုင္ဆုိသည္ကို ဖီဂိုက ပယ္ခ်ခဲ့သည္။

‘‘ကြၽန္ေတာ္တို႔က လြတ္လပ္ တဲ့ ေစ်းကြက္တစ္ခုမွာ ရွိေနတာပါ။ စာခ်ဳပ္အဆံုးသတ္မယ့္အေၾကာင္း ရွိခဲ့ရင္ ဘာမဆိုျဖစ္သြားႏိုင္ပါတယ္’’ ဟု ဖီဂိုကေျပာသည္။

ရီးရဲလ္အတြက္ ပထမဆုံးအေၾကာင္းရင္းသည္ ရီးရဲလ္ဥကၠ႒ အသိအမွတ္ျပဳခံရရန္ျဖစ္ၿပီး မိမိ အတြက္ ကမ္းလွမ္းမႈရွိလာျခင္းေၾကာင့္ မိမိအေျခအေန တိုးတက္လိုေသာ အျမင္ျဖင့္ ဘာစီလိုနာသို႔ ေျပာင္းေရႊ႕ခဲ့မႈကို ဖီဂိုက ရွင္းလင္းေျပာၾကားသည္။ ထိုအေတာအတြင္းေရာ္နယ္ဒိုသည္  တနလၤာေန႔က ေလ့က်င့္ခန္း စတင္ဆင္းႏိုင္ခဲ့သျဖင့္ မၾကာမီ ေဘာလံုး ျပန္ကစားႏိုင္ေတာ့မည့္ပံု ေပၚသည္။ သို႔ေသာ္ ေရာ္နယ္ဒိုအား ျပန္လည္ထည့္သြင္း ကစားမည့္ရက္ကိုမူ ရီးရဲလ္က အတည္ျပဳျခင္း မရွိေသး ေပ။               

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရီးရဲလ်ကြယ်ပွင့် တိုက် စစ်မှူး ရော်နယ်ဒိုအတွက် အသင်း ပြောင်းရွှေ့ကြေးထွက်ပေါ်လာပါ က ၎င်းကို ရီးရဲလ်ပြိုင်ဘက် ဘာ စီလိုနာက ခေါ်ယူနိုင်သည်ဟု ပေါ် တူဂီ နာမည်ကျော် ဘောလုံးသ မားကြီး လူးဝစ်ဖီဂိုက အခိုင်အမာ ပြောကြားသည်။

ဖီဂိုကို ထိုစဉ်က ကမ္ဘာ့စံချိန် တင်ကြေးဖြစ်သော ပေါင် ၃၇ ဒသမ ၂ သန်း ရပါက ရောင်းချ မည်ဟု ရီးရဲလ်က ၂၀၀၀ ပြည့် နှစ်တွင် ကြေညာခဲ့ပြီးနောက် ဖီဂိုသည် ဘာစီလိုနာသို့ ပြောင်း ရွှေ့သွားသည်။

ဒုတိယအကြိမ်အဖြစ် ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ကို မကြာသေးမီကရရှိခဲ့သော ရော်နယ်ဒိုသည် ၎င်းနှင့် ရီးရဲလ်တို့၏ လက်ရှိချုပ်ဆိုထားသည့် ပေါင် ၁ ဒသမ ၂၅ ဘီလီယံတန်စာချုပ်တွင် အသင်းပြောင်းရွှေ့ခွင့်ပြုမည့်ကြေး ပါဝင်နေပြီး ရော်နယ်ဒိုသည်ဘာစီလိုနာသို့ ပြောင်းရွှေ့နိုင်ခြေမှမဖြစ်နိုင်ဆိုသည်ကို ဖီဂိုက ပယ်ချခဲ့သည်။

‘‘ကျွန်တော်တို့က လွတ်လပ် တဲ့ ဈေးကွက်တစ်ခုမှာ ရှိနေတာပါ။ စာချုပ်အဆုံးသတ်မယ့်အကြောင်း ရှိခဲ့ရင် ဘာမဆိုဖြစ်သွားနိုင်ပါတယ်’’ ဟု ဖီဂိုကပြောသည်။

ရီးရဲလ်အတွက် ပထမဆုံးအကြောင်းရင်းသည် ရီးရဲလ်ဥက္ကဋ္ဌ အသိအမှတ်ပြုခံရရန်ဖြစ်ပြီး မိမိ အတွက် ကမ်းလှမ်းမှုရှိလာခြင်းကြောင့် မိမိအခြေအနေ တိုးတက်လိုသော အမြင်ဖြင့် ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့မှုကို ဖီဂိုက ရှင်းလင်းပြောကြားသည်။ ထိုအတောအတွင်းရော်နယ်ဒိုသည်  တနင်္လာနေ့က လေ့ကျင့်ခန်း စတင်ဆင်းနိုင်ခဲ့သဖြင့် မကြာမီ ဘောလုံး ပြန်ကစားနိုင်တော့မည့်ပုံ ပေါ်သည်။ သို့သော် ရော်နယ်ဒိုအား ပြန်လည်ထည့်သွင်း ကစားမည့်ရက်ကိုမူ ရီးရဲလ်က အတည်ပြုခြင်း မရှိသေး ပေ။               


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top