Kantharyar Centre
×

ဘူးသီးေတာင္ၿမိဳ႕ နယ္ ေဆးသမားေက်းရြာအုပ္စု ေဖာင္ေတာ္ျပင္တြင္ မီးေလာင္မႈ ေၾကာင့္ ေနအိမ္တစ္လံုးႏွင့္ ဆရာ မမ်ား၏ အေဆာင္တစ္လံုး ဆံုး ႐ံႈးခဲ့ေၾကာင္း သတင္းရရွိသည္။

စက္တင္ဘာ ၁၅ ရက္ နံနက္၁၀ နာရီခြဲက စတင္ေလာင္ကြၽမ္း ခဲ့ၿပီး ၁၅ မိနစ္အၾကာတြင္ မီးၿငိႇမ္းသတ္ႏိုင္ခဲ့ေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွဴး ဦးေအာင္မင္းထိုက္က  ေျပာၾကားသည္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ေဆး သမားေက်းရြာအုပ္စု ေဖာင္ေတာ္ ျပင္ေက်းရြာေန ေရွာ္ရွီအာမတ္ (၅၀) ႏွစ္၏ ေနအိမ္မီးဖိုေခ်ာင္ရွိ မီးႂကြင္း မီးက်န္မွ စတင္ေလာင္ ကြၽမ္းရာ ၎၏ေနအိမ္ႏွင့္ အနီးရွိ ေဖာင္ေတာ္ျပင္မူလတန္း ေက်ာင္းမွ ဆရာမမ်ား ေနထုိင္သည့္ အေဆာင္သို႔ ကူးစက္ေလာင္ကြၽမ္းျခင္းျဖစ္ေၾကာင္း ဦးေအာင္မင္းထုိက္က ေျပာသည္။

 ‘‘မီးေလာင္ကြၽမ္းမႈေၾကာင့္ လူႏွင့္တိရစၧာန္ ထိခိုက္ဒဏ္ရာရရွိ ခဲ့တာ မရွိပါဘူး။ စေလာင္တဲ့ေန အိမ္တစ္လံုးနဲ႔ ဆရာမေတြရဲ႕ အေဆာင္တစ္လံုး ဆံုး႐ံႈးခဲ့တာျဖစ္ ပါတယ္။ ဆံုး႐ံႈးမႈတန္ဖိုးက သံုး သိန္းငါးေသာင္းက်ပ္  ျဖစ္ပါ တယ္’’ဟု ၎က ဆက္လက္ေျပာ ၾကားသည္။

မီးေလာင္ကြၽမ္းမႈႏွင့္  ပတ္ သက္၍ ေရွာ္ရွီအာမတ္ကို ဘူးသီး ေတာင္ၿမိဳ႕နယ္ ေတာင္ဘဇာနယ္ ျခားေစာင့္ ရဲစခန္းက မီးေပါ့ဆမႈ ပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူ ထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဘူးသီးတောင်မြို့ နယ် ဆေးသမားကျေးရွာအုပ်စု ဖောင်တော်ပြင်တွင် မီးလောင်မှု ကြောင့် နေအိမ်တစ်လုံးနှင့် ဆရာ မများ၏ အဆောင်တစ်လုံး ဆုံး ရှုံးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၅ ရက် နံနက်၁၀ နာရီခွဲက စတင်လောင်ကျွမ်း ခဲ့ပြီး ၁၅ မိနစ်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးအောင်မင်းထိုက်က  ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် ဆေး သမားကျေးရွာအုပ်စု ဖောင်တော် ပြင်ကျေးရွာနေ ရှော်ရှီအာမတ် (၅၀) နှစ်၏ နေအိမ်မီးဖိုချောင်ရှိ မီးကြွင်း မီးကျန်မှ စတင်လောင် ကျွမ်းရာ ၎င်း၏နေအိမ်နှင့် အနီးရှိ ဖောင်တော်ပြင်မူလတန်း ကျောင်းမှ ဆရာမများ နေထိုင်သည့် အဆောင်သို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဦးအောင်မင်းထိုက်က ပြောသည်။

 ‘‘မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိ ခဲ့တာ မရှိပါဘူး။ စလောင်တဲ့နေ အိမ်တစ်လုံးနဲ့ ဆရာမတွေရဲ့ အဆောင်တစ်လုံး ဆုံးရှုံးခဲ့တာဖြစ် ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးက သုံး သိန်းငါးသောင်းကျပ်  ဖြစ်ပါ တယ်’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

မီးလောင်ကျွမ်းမှုနှင့်  ပတ် သက်၍ ရှော်ရှီအာမတ်ကို ဘူးသီး တောင်မြို့နယ် တောင်ဘဇာနယ် ခြားစောင့် ရဲစခန်းက မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top