Property Expo
×

အမ်ိဳးသမီးတုိင္းအတြက္ေတာ့ ဘရာစီယာဆုိတာ အေရးပါတဲ့ လ်ွိဳ႕၀ွက္ခ်က္ေလးတစ္ခုလုိ႕ ဆုိရပါလိမ့္မယ္။ အ၀တ္ပိတ္စတစ္ခုနဲ႕ ခ်ဳပ္လုပ္ထားတဲ့ ဒီရာကို သင့္ခႏၶာကိုယ္ေပၚ ဆင္ျမန္းထားေပမယ့္ တစ္ကမ႓ာလံုး ဘယ္သူကမွ ဒါကို မျမင္ရဘူးေလ။ ဒီေတာ့ သင့္မွာ ဆိုက္ဒ္မွန္ျပီး တကယ္ကို ၀တ္လို႕ေကာင္းတဲ့ ဘရာစီယာတစ္ထည္ရွိေနျပီဆုိရင္ ဒီလိုမ်ိဳး ေနာက္ထပ္တစ္ထည္ ရွာေတြ႕ဖုိ႕က ထင္သေလာက္ေတာ့ မလြယ္ကူပါဘူး။ ဒါ့ေၾကာင့္ ဘရာစီယာေကာင္းေတြကို အခ်ိန္အၾကာၾကီး ၀တ္ဆင္ႏိုင္ေအာင္ သိထားရမယ့္ အခ်က္ကေလးေတြ ေျပာျပေပးခ်င္ပါတယ္။

ပထမဆံုးအခ်က္အေနနဲ႕ ကိုယ့္ဘရာစီယာကို ဘယ္ေလာက္သေဘာက်က် ေန႕စဥ္ရက္ဆက္ေတာ့ မ၀တ္သင့္ပါဘူး။ သူ႕မွာက ဆြဲသားလုိ material ေတြနဲ႕ ထည့္ခ်ဳပ္ထားတာေၾကာင့္ သူ႕ကုိ တစ္ေန႕၀တ္ဆင္ျပီး ေနာက္တစ္ရက္မွာ ခ်ိတ္လွန္းထားလိုက္တာ ပိုေကာင္းပါတယ္။ ဘရာစီယာေတြကို  ၾကာရွည္ခံခ်င္တယ္ဆုိရင္ေတာ့ တစ္ေန႕ဘရာစီယာတစ္ထည္ ၀တ္တာ အေကာင္းဆံုးပါ။

ေနာက္တစ္ခ်က္က ေလ်ွာ္တဲ့အပိုင္းပါ။ ဘရာစီယာ ေလ်ွာ္ခါနီးတုိင္း ဘရာစီယာ အံု ပ်က္မသြားဖုိ႕ လက္နဲ႕ေလ်ွာ္ရမလား၊ စက္နဲ႕ေလ်ွာ္ရမလားဆုိျပီး ဦးေႏွာက္စားၾကရပါတယ္။ ဒီအတြက္ေတာ့ သိပ္ေခါင္းစားမခံပါနဲ႕။ လက္နဲ႕ပဲျဖစ္ျဖစ္၊ စက္နဲ႕ပဲျဖစ္ျဖစ္ ေလ်ွာ္ႏိုင္ပါတယ္။ လက္နဲ႕ေလ်ွာ္မယ္ဆုိရင္ေတာ့ ေလ်ွာ္မယ့္ဇလံုထဲကို သိပ္မျပင္းတဲ့ဆပ္ျပာဆီတစ္ခုကို ထည့္ျပီး လက္နဲ႕ေမႊပါ။ ျပီးရင္ ဘရာစီယာေလးကို ထည့္ျပီး အေပၚကေန ဆပ္ျပာေတြ ၀င္သြားေအာင္ နည္းနည္းခ်င္းစီ ဖိေပးပါ။ မိနစ္ခဏေလာက္ထားလိုက္ျပီးရင္ေတာ့ အံုေလးကို ထပ္ဖိေပး၊ ေနာက္တစ္ခါ အံုေဘးနားေလးေတြကို သာသာေလး ပြတ္ေပးပါ။ ေနာက္ ၾကိဳးေတြနဲ႕ အေနာက္ဘက္သားေတြကိုလည္း ျဖည္းျဖည္းသာ လက္ေလးနဲ႕ ပြတ္ေပးလိုက္ပါ။ ျပီးတာနဲ႕ဒါကို ေရနဲ႕ျပန္စိမ္ျပီ ဆပ္ျပာေတြ သန္႕စင္သြားေအာင္ အရမ္းမပြတ္၊မဖိပဲ သန္႕စင္လိုက္ပါ။ ျပီးရင္ တဘက္တစ္ထည္ကို ခံုေပၚမွာ ဒါမွမဟုတ္ ၾကမ္းျပင္ေပၚ ျဖန္႕ခင္းျပီး ေလ်ွာ္ထားတဲ့ ဘရာကို တဘက္ေစာင္ေပၚ တင္လိုက္ပါ။ မိနစ္ပိုင္းအတုိင္းမွာပဲ။ တဘက္ကို ေခါက္ျပီး ဘရားကုိ တဘက္ေစာင္ၾကားထဲ ထည့္ကာ တဘက္ကဘရာစီယာက ေရေတြစုပ္ယူေအာင္ လုပ္ေဆာင္လုပ္ပါ။ ဘရာကို ခ်ိတ္လွန္းထားမယ္ဆုိရင္လည္း ရပါတယ္။

ေနာက္တစ္နည္းကေတာ့ စက္နဲ႕ေလ်ွာ္တဲ့အပိုင္းပါ။ ဘရာစီယာကို အ၀တ္ေလွ်ာ္စက္ထဲ ထည့္ေလ်ွာ္မယ္ဆုိရင္ Laundary bag လုိ႕ေခၚတဲ့ အ၀တ္ေလ်ွာ္တဲ့အခါ အ၀တ္အစား၊ ဘရာစီယာေတြ ထည့္ေလ်ွာ္ေလ့ရွိၾကတဲ့ အိတ္ေလး ရွိရပါမယ္။ ဒီအတိုင္းေလ်ွာ္ရင္ ဘရာစီယာအံုပ်က္သြားမွာစိုးလို႕ပါ။ ပထမဆံုး ကိုယ့္ဘရာကို အဲ့ဒီ အ၀တ္ေလ်ွာ္အိတ္ေလးထဲ ထည့္ျပီးမွ အဲ့ဒီအိတ္ကို အ၀တ္ေလ်ွာ္စက္ထဲ ထည့္ေလ်ွာ္ပါ။ ေလ်ွာ္ျပီးတဲ့အခါ ရိုးရိုးသာ အေျခာက္ခံရမွာ ျဖစ္ပါတယ္။ အ၀တ္ေလွ်ာ္စက္ရဲ႕ အေျခာက္ခံနည္းကိုေတာ့ လံုး၀အသံုးမျပဳပါနဲ႕။ ပံုပ်က္ဖုိ႕ ရာခုိင္ႏႈန္းမ်ားလို႕ပါ။
ကဲ ဒီနည္းေလးေတြအတုိင္း အသံုးျပဳျပီး သင့္စိတ္ၾကိဳက္ ဘရာစီယာေလးေတြကို ႏွစ္အၾကာၾကီး ၀တ္ဆင္ႏိုင္ေအာင္ ထိန္းသိမ္းႏိုင္ပါျပီ။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

အမျိုးသမီးတိုင်းအတွက်တော့ ဘရာစီယာဆိုတာ အရေးပါတဲ့ လျှို့ဝှက်ချက်လေးတစ်ခုလို့ ဆိုရပါလိမ့်မယ်။ အဝတ်ပိတ်စတစ်ခုနဲ့ ချုပ်လုပ်ထားတဲ့ ဒီရာကို သင့်ခန္ဓာကိုယ်ပေါ် ဆင်မြန်းထားပေမယ့် တစ်ကမ္ဘာလုံး ဘယ်သူကမှ ဒါကို မမြင်ရဘူးလေ။ ဒီတော့ သင့်မှာ ဆိုက်ဒ်မှန်ပြီး တကယ်ကို ဝတ်လို့ကောင်းတဲ့ ဘရာစီယာတစ်ထည်ရှိနေပြီဆိုရင် ဒီလိုမျိုး နောက်ထပ်တစ်ထည် ရှာတွေ့ဖို့က ထင်သလောက်တော့ မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဘရာစီယာကောင်းတွေကို အချိန်အကြာကြီး ဝတ်ဆင်နိုင်အောင် သိထားရမယ့် အချက်ကလေးတွေ ပြောပြပေးချင်ပါတယ်။

ပထမဆုံးအချက်အနေနဲ့ ကိုယ့်ဘရာစီယာကို ဘယ်လောက်သဘောကျကျ နေ့စဉ်ရက်ဆက်တော့ မဝတ်သင့်ပါဘူး။ သူ့မှာက ဆွဲသားလို material တွေနဲ့ ထည့်ချုပ်ထားတာကြောင့် သူ့ကို တစ်နေ့ဝတ်ဆင်ပြီး နောက်တစ်ရက်မှာ ချိတ်လှန်းထားလိုက်တာ ပိုကောင်းပါတယ်။ ဘရာစီယာတွေကို  ကြာရှည်ခံချင်တယ်ဆိုရင်တော့ တစ်နေ့ဘရာစီယာတစ်ထည် ဝတ်တာ အကောင်းဆုံးပါ။

နောက်တစ်ချက်က လျှော်တဲ့အပိုင်းပါ။ ဘရာစီယာ လျှော်ခါနီးတိုင်း ဘရာစီယာ အုံ ပျက်မသွားဖို့ လက်နဲ့လျှော်ရမလား၊ စက်နဲ့လျှော်ရမလားဆိုပြီး ဦးနှောက်စားကြရပါတယ်။ ဒီအတွက်တော့ သိပ်ခေါင်းစားမခံပါနဲ့။ လက်နဲ့ပဲဖြစ်ဖြစ်၊ စက်နဲ့ပဲဖြစ်ဖြစ် လျှော်နိုင်ပါတယ်။ လက်နဲ့လျှော်မယ်ဆိုရင်တော့ လျှော်မယ့်ဇလုံထဲကို သိပ်မပြင်းတဲ့ဆပ်ပြာဆီတစ်ခုကို ထည့်ပြီး လက်နဲ့မွှေပါ။ ပြီးရင် ဘရာစီယာလေးကို ထည့်ပြီး အပေါ်ကနေ ဆပ်ပြာတွေ ဝင်သွားအောင် နည်းနည်းချင်းစီ ဖိပေးပါ။ မိနစ်ခဏလောက်ထားလိုက်ပြီးရင်တော့ အုံလေးကို ထပ်ဖိပေး၊ နောက်တစ်ခါ အုံဘေးနားလေးတွေကို သာသာလေး ပွတ်ပေးပါ။ နောက် ကြိုးတွေနဲ့ အနောက်ဘက်သားတွေကိုလည်း ဖြည်းဖြည်းသာ လက်လေးနဲ့ ပွတ်ပေးလိုက်ပါ။ ပြီးတာနဲ့ဒါကို ရေနဲ့ပြန်စိမ်ပြီ ဆပ်ပြာတွေ သန့်စင်သွားအောင် အရမ်းမပွတ်၊မဖိပဲ သန့်စင်လိုက်ပါ။ ပြီးရင် တဘက်တစ်ထည်ကို ခုံပေါ်မှာ ဒါမှမဟုတ် ကြမ်းပြင်ပေါ် ဖြန့်ခင်းပြီး လျှော်ထားတဲ့ ဘရာကို တဘက်စောင်ပေါ် တင်လိုက်ပါ။ မိနစ်ပိုင်းအတိုင်းမှာပဲ။ တဘက်ကို ခေါက်ပြီး ဘရားကို တဘက်စောင်ကြားထဲ ထည့်ကာ တဘက်ကဘရာစီယာက ရေတွေစုပ်ယူအောင် လုပ်ဆောင်လုပ်ပါ။ ဘရာကို ချိတ်လှန်းထားမယ်ဆိုရင်လည်း ရပါတယ်။

နောက်တစ်နည်းကတော့ စက်နဲ့လျှော်တဲ့အပိုင်းပါ။ ဘရာစီယာကို အဝတ်လျှော်စက်ထဲ ထည့်လျှော်မယ်ဆိုရင် Laundary bag လို့ခေါ်တဲ့ အဝတ်လျှော်တဲ့အခါ အဝတ်အစား၊ ဘရာစီယာတွေ ထည့်လျှော်လေ့ရှိကြတဲ့ အိတ်လေး ရှိရပါမယ်။ ဒီအတိုင်းလျှော်ရင် ဘရာစီယာအုံပျက်သွားမှာစိုးလို့ပါ။ ပထမဆုံး ကိုယ့်ဘရာကို အဲ့ဒီ အဝတ်လျှော်အိတ်လေးထဲ ထည့်ပြီးမှ အဲ့ဒီအိတ်ကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ပါ။ လျှော်ပြီးတဲ့အခါ ရိုးရိုးသာ အခြောက်ခံရမှာ ဖြစ်ပါတယ်။ အဝတ်လျှော်စက်ရဲ့ အခြောက်ခံနည်းကိုတော့ လုံးဝအသုံးမပြုပါနဲ့။ ပုံပျက်ဖို့ ရာခိုင်နှုန်းများလို့ပါ။
ကဲ ဒီနည်းလေးတွေအတိုင်း အသုံးပြုပြီး သင့်စိတ်ကြိုက် ဘရာစီယာလေးတွေကို နှစ်အကြာကြီး ဝတ်ဆင်နိုင်အောင် ထိန်းသိမ်းနိုင်ပါပြီ။

 ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top