Property Expo
×

နိရဥၥရာ၊ စက္တင္ဘာ ၃

ရခိုင္ျပည္နယ္ ေမာင္ေတာျမိဳ႕နယ္ ေျမာက္ပိုင္းနယ္စပ္ႏွင့္ ကပ္ရပ္တည္ရွိေသာ ဘဂၤလာေဒ့ရွ္ႏိုင္ငံ အိုကီးယားျမိဳ႕နယ္ ေတာနက္ထဲတြင္ လုပ္ေသနတ္ထုတ္လုပ္ေနေသာ အလုပ္ရံုတစ္ခုအား ဘဂၤလာေဒ့ရွ္ အထူးတပ္ဖြဲ႕ RAB မွ ၀င္ေရာက္စီးႏွင္းရာမွ လုပ္ေသနတ္ အမ်ားအျပားကို သိမ္းဆည္းရမိေၾကာင္း ေကာ့စ္ဘဇား သတင္းတြင္ ေဖာ္ျပသည္။

ယခု လုပ္ေသနတ္မ်ား ထုတ္လုပ္ေနေသာ အလုပ္ရံုမွာ ျမန္မာနယ္စပ္အနီးရွိ ေကာ့စ္ဘဇားခရိုင္ အိုကီးယားျမိဳ႕နယ္ စြန္ေခ်ာင္း ခါလီ တြင္ ျဖစ္သည္ဟု သတင္းစာရွင္းလင္းပြဲတြင္ အမွတ္ (၇) RAB က ေျပာၾကားသည္။


ဖမ္းဆီးရမိသည့္ လက္မ်ားမွာ တစ္ခ်ိန္ေပါက္ ေသနတ္အရွည္ ၆ လက္၊ ပစၥတို ၃ လက္၊ အတို တခ်ိန္းေပါက္ လုပ္မည့္ ကာတူး ၄ လက္ အပါအ၀င္ ေသနတ္လုပ္ရာတြင္ အသံုးျပဳေသာ သံျဖတ္လႊမ်ား၊ အေသးစား စက္ငယ္မ်ား၊ တူ ေဆာက္မ်ား သိမ္းဆည္းမိသည္ဟု ဆိုသည္။

Rapid Action Battalion (RAB) တပ္ဖြဲ႕၀င္မ်ားသည္ စက္တင္ဘာလ ၁ ရက္ေန႕ ညေန ၃ နာရီမွ ၇ နာရီ အတြင္း စစ္ဆင္ေရး တစ္ရပ္ျပဳလုပ္စဥ္ ဖမ္းမိျခင္း ျဖစ္ေၾကာင္း၊ ၎စီးႏွင္းမႈ အတြင္း လူအမ်ားအျပား ထြက္ေျပးလြတ္ေျမာက္သြားေသာ္လည္း အသက္ (၇၅) ႏွစ္ အဘူယာဆိမ္းဆိုသူအား ဖမ္းမိေၾကာင္း ေျပာၾကားသည္။

၎လက္နက္မ်ားကို မည္သည့္ ရည္ရြယ္ခ်က္ျဖင့္ ထုတ္လုပ္ေနသည္ကို သိရွိႏိုင္ရန္ စစ္ေဆးေနေၾကာင္း သတင္းတြင္ ေရးသား ေဖာ္ျပသည္။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Narinjara

#Unicode Version
နိရဉ္စရာ၊ စက်တင်ဘာ ၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းနယ်စပ်နှင့် ကပ်ရပ်တည်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိုကီးယားမြို့နယ် တောနက်ထဲတွင် လုပ်သေနတ်ထုတ်လုပ်နေသော အလုပ်ရုံတစ်ခုအား ဘင်္ဂလာဒေ့ရှ် အထူးတပ်ဖွဲ့ RAB မှ ဝင်ရောက်စီးနှင်းရာမှ လုပ်သေနတ် အများအပြားကို သိမ်းဆည်းရမိကြောင်း ကော့စ်ဘဇား သတင်းတွင် ဖော်ပြသည်။

ယခု လုပ်သေနတ်များ ထုတ်လုပ်နေသော အလုပ်ရုံမှာ မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ် စွန်ချောင်း ခါလီ တွင် ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် အမှတ် (၇) RAB က ပြောကြားသည်။


ဖမ်းဆီးရမိသည့် လက်များမှာ တစ်ချိန်ပေါက် သေနတ်အရှည် ၆ လက်၊ ပစ္စတို ၃ လက်၊ အတို တချိန်းပေါက် လုပ်မည့် ကာတူး ၄ လက် အပါအဝင် သေနတ်လုပ်ရာတွင် အသုံးပြုသော သံဖြတ်လွှများ၊ အသေးစား စက်ငယ်များ၊ တူ ဆောက်များ သိမ်းဆည်းမိသည်ဟု ဆိုသည်။

Rapid Action Battalion (RAB) တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီမှ ၇ နာရီ အတွင်း စစ်ဆင်ရေး တစ်ရပ်ပြုလုပ်စဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း၊ ၎င်းစီးနှင်းမှု အတွင်း လူအများအပြား ထွက်ပြေးလွတ်မြောက်သွားသော်လည်း အသက် (၇၅) နှစ် အဘူယာဆိမ်းဆိုသူအား ဖမ်းမိကြောင်း ပြောကြားသည်။

၎င်းလက်နက်များကို မည်သည့် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်နေသည်ကို သိရှိနိုင်ရန် စစ်ဆေးနေကြောင်း သတင်းတွင် ရေးသား ဖော်ပြသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Narinjara 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top