Kantharyar Centre
×

 ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္သည္ က်န္းမာေရးအေျခ အေန သက္သာလာေသာ္လည္းရက္အနည္းငယ္ၾကာ အနားယူ ရမည္ျဖစ္ေၾကာင္း သမၼတ႐ံုးေျပာ ေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားသည္။

‘‘ကြၽမ္းက်င္တဲ့ ဆရာဝန္ႀကီး ေတြ၊ ဘာသာရပ္ဆုိင္ရာ ဆရာဝန္ႀကီးေတြနဲ႔ ေသခ်ာကုသမႈခံယူ တယ္။ ေတာ္ေတာ္ေလး ျပန္သက္ သာလာပါၿပီ။ ဒီေန႔ အိမ္မွာ နားေနတယ္။ ရန္ကုန္အိမ္မွာပါ။ အဲဒီမွာ နားနားေနေန ေနတယ္။ ရက္အ နည္းငယ္ အနားယူရမွာပါ’’ဟု ဦးေဇာ္ေဌးက ေျပာသည္။

အသက္ (၇၁) ႏွစ္အရြယ္ ေဒၚေအာင္ဆန္းစုၾကည္၏က်န္း မာေရးအေျခအေနကို ကြၽမ္းက်င္သူ ဆရာဝန္ႀကီးမ်ားႏွင့္စစ္ေဆးခဲ့ရာ အေမရိကန္ျပည္ေထာင္စုခရီးစဥ္အတြင္း အစီအစဥ္မ်ားျပားလြန္းၿပီး နားခ်ိန္ နည္းပါးသျဖင့္ ပင္ပန္းႏြမ္းနယ္ျခင္း၊ ခရီးစဥ္အတြင္း စားခ်ိန္ေသာက္ခ်ိန္ မမွန္သျဖင့္ အစာအိမ္ေရာင္ရမ္းျခင္းႏွင့္ ကြန္ပ်ဴတာ အသံုးမ်ားသျဖင့္ အ႐ိုးက်ီးေပါင္းတက္ျခင္းတို႔ကိုေတြ႕ရွိရေၾကာင္း အတိုင္ပင္ခံ ပုဂၢိဳလ္႐ံုးက သတင္းထုတ္ျပန္ သည္။

က်န္းမာေရး အေျခအေန အထူးစိုးရိမ္ဖြယ္ရာမရွိဘဲ ေကာင္း မြန္လ်က္ရွိၿပီး အခ်ိန္အနည္းငယ္ အနားယူရန္ လိုအပ္ေၾကာင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္႐ံုး ၏ သတင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

စက္တင္ဘာ ၂၂ ရက္တြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ အ ျပည္ျပည္ဆုိင္ရာ အဖြဲ႕အစည္း မ်ား၏အႀကီးအကဲမ်ားႏွင့္ေတြ႕ ဆံုၿပီးေနာက္ပိုင္း ခရီးပန္း၍ ဆရာဝန္က အနားယူရန္ အႀကံေပး ေသာေၾကာင့္ စက္တင္ဘာ ၂၃ ရက္ႏွင့္ ၂၄ ရက္တြင္ ျပဳလုပ္သည့္ အစည္းအေဝးမ်ားသို႔ တက္ ေရာက္ခဲ့ျခင္းမရွိေပ။

ေဒၚေအာင္ဆန္းစုၾကည္ မ တက္ေရာက္ႏိုင္ခဲ့ေသာ အဆိုပါ အစည္းအေဝးတြင္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ ဘန္ကီမြန္းက အျမန္ေနေကာင္းေစရန္ ဆုေတာင္းစကား ေျပာၾကားခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္ သည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္တည္ေထာင္ျခင္း (၂၈)ႏွစ္ ေျမာက္အခမ္းအနားသို႔ တက္ ေရာက္မည္မဟုတ္ဘဲ စီးပြားေရး လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆံုပြဲကို လည္း ေရႊ႕ဆိုင္းခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ကျန်းမာရေးအခြေ အနေ သက်သာလာသော်လည်းရက်အနည်းငယ်ကြာ အနားယူ ရမည်ဖြစ်ကြောင်း သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

‘‘ကျွမ်းကျင်တဲ့ ဆရာဝန်ကြီး တွေ၊ ဘာသာရပ်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ သေချာကုသမှုခံယူ တယ်။ တော်တော်လေး ပြန်သက် သာလာပါပြီ။ ဒီနေ့ အိမ်မှာ နားနေတယ်။ ရန်ကုန်အိမ်မှာပါ။ အဲဒီမှာ နားနားနေနေ နေတယ်။ ရက်အ နည်းငယ် အနားယူရမှာပါ’’ဟု ဦးဇော်ဌေးက ပြောသည်။

အသက် (၇၁) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ကျန်း မာရေးအခြေအနေကို ကျွမ်းကျင်သူ ဆရာဝန်ကြီးများနှင့်စစ်ဆေးခဲ့ရာ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း အစီအစဉ်များပြားလွန်းပြီး နားချိန် နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ခရီးစဉ်အတွင်း စားချိန်သောက်ချိန် မမှန်သဖြင့် အစာအိမ်ရောင်ရမ်းခြင်းနှင့် ကွန်ပျူတာ အသုံးများသဖြင့် အရိုးကျီးပေါင်းတက်ခြင်းတို့ကိုတွေ့ရှိရကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန် သည်။

ကျန်းမာရေး အခြေအနေ အထူးစိုးရိမ်ဖွယ်ရာမရှိဘဲ ကောင်း မွန်လျက်ရှိပြီး အချိန်အနည်းငယ် အနားယူရန် လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စက်တင်ဘာ ၂၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အ ပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၏အကြီးအကဲများနှင့်တွေ့ ဆုံပြီးနောက်ပိုင်း ခရီးပန်း၍ ဆရာဝန်က အနားယူရန် အကြံပေး သောကြောင့် စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးများသို့ တက် ရောက်ခဲ့ခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည် မ တက်ရောက်နိုင်ခဲ့သော အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အမြန်နေကောင်းစေရန် ဆုတောင်းစကား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တည်ထောင်ခြင်း (၂၈)နှစ် မြောက်အခမ်းအနားသို့ တက် ရောက်မည်မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို လည်း ရွှေ့ဆိုင်းခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top