Kantharyar Centre
×

အခုဆိုရင္ ေခတ္မီလာသလား၊ ဘိုဆန္လာသလား၊ ကမာၻ႔ရြာ ျဖစ္လာလို႔လား။ ပီဇာ၊ ဘာဂါ၊ စပါဂက္တီစတဲ့ အေနာက္တိုင္း အစားအစာေတြ တြင္က်ယ္လာၾကသလို ေဘကြန္ (Bacon) လို ့ေခၚတဲ့ ဝက္ေပါင္ေျခာက္ကိုလည္း ႏွစ္ၿခိဳက္စားသံုးသူ ေတြရွိလာတာေပါ့။

ဝက္ေပါင္ေျခာက္က ေကာင္းတယ္၊ ဝက္ေပါင္ေျခာက္က မေကာင္းဘူး ဆိုတာေတြလည္း ရွိလာတာေပါ့။ အနံ႔၊ အရသာ ေကာင္းတာကိုေတာ့ ျငင္းစရာမရွိတာ ဧကန္ပါ။ ဒါေပမယ့္ ဝက္ေပါင္ေျခာက္က လတ္ဆတ္တဲ့ အသားေတြနဲ႔ မတူတာေတာ့ ေမ့ထားလို႔ မျဖစ္ပါဘူး။

အသားကို က်ပ္တင္၊ ဆားထည့္ စတဲ့ ျပဳျပင္မႈအဆင့္ဆင့္ ေက်ာ္ျဖတ္ရတာ မဟုတ္လား။ အဲဒီလို လုပ္တဲ့အခါမ်ိဳးမွာ ဆားတမ်ိဳးျဖစ္တဲ့ ႏိုက္ထရိုက္ (Nitrite) ကို သံုးရပါတယ္။ ဒီဆားဓာတ္က ဟင္းသီးဟင္းရြက္ေတြမွာ ႏိုက္ထရိတ္ အျဖစ္ ပါဝင္ၿပီး ဝါးလိုက္တဲ့အခါ ႏိုက္ထရိုက္အျဖစ္ ေျပာင္းတာပါ။

အဲဒီ ႏိုက္ထရိုက္က အသားကို တာရွည္ခံေစ၊ ဘက္တီးရီးယားပိုးေတြ ေသေစသလို အနံ႔၊ အရသာလည္း တိုးေစပါသတဲ့။ ဒါေပမယ့္ ေသြးေၾကာေတြ ထိခိုက္ေစၿပီး ေလျဖတ္တာမ်ိဳးျဖစ္ဖို႔ အခြင့္အလမ္းမ်ားတယ္လို႔ ဆိုပါတယ္။

၀က္ေပါင္ေျခာက္ ခ်စ္သူေတြအတြက္ သတင္းေကာင္းမဟုတ္

၀က္ေပါင္ေျခာက္လို ျပဳျပင္စီမံထားတဲ့ အသားေတြက ကင္ဆာ ျဖစ္ႏိုင္ေျခရွိတဲ့ စာရင္းထဲ ပါဝင္ေနပါတယ္။ အသားလတ္လတ္ Red meat စာရင္းဝင္တဲ့ ဝက္သား႐ိုး႐ိုးေတာင္မွ ပန္ကရိယနဲ႔ ဆီးက်ိတ္ကင္ဆာေတြမွာ ဆက္ႏြယ္ေနတာပါ။ ဝက္ေပါင္ေျခာက္ကို ၾကက္ဥေတြ၊ ေထာပတ္ေတြနဲ႔ ေရာစားတာမ်ိဳးဆို ပိုဆိုးပါသတဲ့။

အေရာေလးေတြနဲ႔ စား

အႏၱရာယ္ေလ်ာ့ေစဖို႔ ဝက္ေပါင္ေျခာက္နဲ႔ တြဲစားသင့္တာေလးေတြေတာ့ ရွိပါသတဲ့။ ဗီတာမင္စီပါဝင္တဲ့ လိေမၼာ္၊ သံပုရာ၊ နာနတ္၊ ကီဝီစတဲ့ အသီးေတြ၊ ေဖ်ာ္ရည္ေတြနဲ႔ ဆလတ္ရြက္လို၊ ခရမ္းခ်ဥ္သီးလို ဟင္းသီးဟင္းရြက္ေတြ ေရာစြက္ စားသင့္ပါသတဲ့။

မစားရေတာ့ဘူးလား

ဒီလို အရသာေကာင္းတဲ့ ဝက္ေပါင္ေျခာက္ကို လံုးဝ မစားရဘူးဆိုရင္လည္း ဝမ္းနည္းစရာေပါ့။ ဒါေပမယ့္ ေဘကြန္မွာ ေကာင္းမြန္တဲ့ သံလြင္ဆီလို အိုမီဂါ-၃ အဆီေတြသံုးၿပီး လုပ္ထားတာမ်ိဳးကေတာ့ ေကာင္းတယ္လို႔ ဆိုရမွာမ်ိဳးပါ။ ဒါေပမယ့္လည္း ျပည္႔ဝဆီေခၚတဲ့ မေကာင္းတဲ့အဆီေတြ ပါဝင္တာကလည္း မ်ားေနျပန္ပါတယ္။

အဲဒါေၾကာင့္ စားတဲ့အခါ ဝက္ေပါင္ေျခာက္မွာ အဆီလံုးဝ မပါဝင္တဲ့ အသားကို စားဖို ့၊ နံနက္မွာ စားမိတာမ်ားေနရင္ က်န္တဲ့ တေန႔တာ အစားအေသာက္မွာ အသီးအရြက္ေတြသာ မ်ားသည္ထက္မ်ားေအာင္ စားသံုးၿပီး ျပန္လည္ ေျဖေလွ်ာ့ေပးရပါတယ္လို႔ ဆိုပါတယ္။

ျဖစ္နိုင္ရင္ နည္းနည္းေလးသာ အာသာေျပစားသံုးသင့္တဲ့ အစာအျဖစ္ သတ္မွတ္ထားသင့္တယ္ ဆိုတာကို သတိေပး လိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy

Unicode Version

အခုဆိုရင် ခေတ်မီလာသလား၊ ဘိုဆန်လာသလား၊ ကမ္ဘာ့ရွာ ဖြစ်လာလို့လား။ ပီဇာ၊ ဘာဂါ၊ စပါဂက်တီစတဲ့ အနောက်တိုင်း အစားအစာတွေ တွင်ကျယ်လာကြသလို ဘေကွန် (Bacon) လို့ခေါ်တဲ့ ဝက်ပေါင်ခြောက်ကိုလည်း နှစ်ခြိုက်စားသုံးသူ တွေရှိလာတာပေါ့။

ဝက်ပေါင်ခြောက်က ကောင်းတယ်၊ ဝက်ပေါင်ခြောက်က မကောင်းဘူး ဆိုတာတွေလည်း ရှိလာတာပေါ့။ အနံ့၊ အရသာ ကောင်းတာကိုတော့ ငြင်းစရာမရှိတာ ဧကန်ပါ။ ဒါပေမယ့် ဝက်ပေါင်ခြောက်က လတ်ဆတ်တဲ့ အသားတွေနဲ့ မတူတာတော့ မေ့ထားလို့ မဖြစ်ပါဘူး။

အသားကို ကျပ်တင်၊ ဆားထည့် စတဲ့ ပြုပြင်မှုအဆင့်ဆင့် ကျော်ဖြတ်ရတာ မဟုတ်လား။ အဲဒီလို လုပ်တဲ့အခါမျိုးမှာ ဆားတမျိုးဖြစ်တဲ့ နိုက်ထရိုက် (Nitrite) ကို သုံးရပါတယ်။ ဒီဆားဓာတ်က ဟင်းသီးဟင်းရွက်တွေမှာ နိုက်ထရိတ် အဖြစ် ပါဝင်ပြီး ဝါးလိုက်တဲ့အခါ နိုက်ထရိုက်အဖြစ် ပြောင်းတာပါ။

အဲဒီ နိုက်ထရိုက်က အသားကို တာရှည်ခံစေ၊ ဘက်တီးရီးယားပိုးတွေ သေစေသလို အနံ့၊ အရသာလည်း တိုးစေပါသတဲ့။ ဒါပေမယ့် သွေးကြောတွေ ထိခိုက်စေပြီး လေဖြတ်တာမျိုးဖြစ်ဖို့ အခွင့်အလမ်းများတယ်လို့ ဆိုပါတယ်။

ဝက်ပေါင်ခြောက် ချစ်သူတွေအတွက် သတင်းကောင်းမဟုတ်

ဝက်ပေါင်ခြောက်လို ပြုပြင်စီမံထားတဲ့ အသားတွေက ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲ ပါဝင်နေပါတယ်။ အသားလတ်လတ် Red meat စာရင်းဝင်တဲ့ ဝက်သားရိုးရိုးတောင်မှ ပန်ကရိယနဲ့ ဆီးကျိတ်ကင်ဆာတွေမှာ ဆက်နွယ်နေတာပါ။ ဝက်ပေါင်ခြောက်ကို ကြက်ဥတွေ၊ ထောပတ်တွေနဲ့ ရောစားတာမျိုးဆို ပိုဆိုးပါသတဲ့။

အရောလေးတွေနဲ့ စား

အန္တရာယ်လျော့စေဖို့ ဝက်ပေါင်ခြောက်နဲ့ တွဲစားသင့်တာလေးတွေတော့ ရှိပါသတဲ့။ ဗီတာမင်စီပါဝင်တဲ့ လိမ္မော်၊ သံပုရာ၊ နာနတ်၊ ကီဝီစတဲ့ အသီးတွေ၊ ဖျော်ရည်တွေနဲ့ ဆလတ်ရွက်လို၊ ခရမ်းချဉ်သီးလို ဟင်းသီးဟင်းရွက်တွေ ရောစွက် စားသင့်ပါသတဲ့။

မစားရတော့ဘူးလား

ဒီလို အရသာကောင်းတဲ့ ဝက်ပေါင်ခြောက်ကို လုံးဝ မစားရဘူးဆိုရင်လည်း ဝမ်းနည်းစရာပေါ့။ ဒါပေမယ့် ဘေကွန်မှာ ကောင်းမွန်တဲ့ သံလွင်ဆီလို အိုမီဂါ-၃ အဆီတွေသုံးပြီး လုပ်ထားတာမျိုးကတော့ ကောင်းတယ်လို့ ဆိုရမှာမျိုးပါ။ ဒါပေမယ့်လည်း ပြည့်ဝဆီခေါ်တဲ့ မကောင်းတဲ့အဆီတွေ ပါဝင်တာကလည်း များနေပြန်ပါတယ်။

အဲဒါကြောင့် စားတဲ့အခါ ဝက်ပေါင်ခြောက်မှာ အဆီလုံးဝ မပါဝင်တဲ့ အသားကို စားဖို့၊ နံနက်မှာ စားမိတာများနေရင် ကျန်တဲ့ တနေ့တာ အစားအသောက်မှာ အသီးအရွက်တွေသာ များသည်ထက်များအောင် စားသုံးပြီး ပြန်လည် ဖြေလျှော့ပေးရပါတယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်ရင် နည်းနည်းလေးသာ အာသာပြေစားသုံးသင့်တဲ့ အစာအဖြစ် သတ်မှတ်ထားသင့်တယ် ဆိုတာကို သတိပေး လိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Irrawaddy
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top