Property Expo
×




Credit : Duwun

#Unicode Version

ခရမ်းချဉ်သီးက ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ အဓိကအချက် ဖြစ်ပါတယ်။ ခရမ်းချဉ်သီးကို လှီး၊ ထည့်ချက်လိုက်ရုံပါပဲ ဘာခက်သလဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အသေးအဖွဲဆိုပေမယ့် အရေးကြီးတဲ့ အချက် မေ့နေကြတာတစ်ခု ရှိပါတယ်။

ခရမ်းချဉ်သီးကို စွတ်ပြုတ်၊ ဟင်းချိုထဲ ထည့်မယ်ဆိုရင် အစေ့တွေကို ဒီတိုင်းထားပါ။ ခရမ်းချဉ်သီးစေ့တွေက ဟင်းလျာကို အနံ့အရသာ ပိုထူးခြားစေပါတယ်။

အကယ်၍ ခရမ်းချဉ်သီးစေ့တွေကို အသုပ်၊ ကြက်ဥခေါက်ကြော် သို့မဟုတ် အသားကို အိုးဖုံးချက် ချက်ရာမှာ ထည့်သုံးမယ်ဆိုရင် အစေ့တွေကို ဇွန်းလေးနဲ့ ကော်ထုတ်ပြီး လွင့်ပစ်ပါ။ ဒီအစေ့တွေက အသုပ်၊ ဟင်းပွဲ၊ ဟင်းလျာတွေ စေးကပ်ပျော့ပျောင်းပြီး အရည်ပြည့်လျှံအောင် ဖန်တီးပေးမယ့် အရာတွေဖြစ်ပြီး ဟင်းပွဲ အပျစ်အကျဲ၊ အပျော့အမာကို ပျက်စီးစေနိုင်ပါတယ်။ အသုပ်မှာဆိုရင် အစိုဓာတ်ပိုကဲမှုက ဆလတ်ရွက်တွေ ပျော့ကျစေပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top