Kantharyar Centre
×

ကုိယ္တုိ႔ႏွစ္ေယာက္ရဲ႕ ေတြ႔ၾကံဳခဲ့ျခင္းေတြဟာ တစ္ခ်ိန္က်ရင္ အဆံုးသတ္ျဖစ္လာလိမ့္မယ္လို႔ တစ္ခါတုန္းကေတာ့ ထင္ခဲ့မွာမဟုတ္ပါဘူး။
ဒါေပမယ့္ အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ ေဝးၾကရေတာ့မယ္ဆုိရင္ ရုတ္တရက္ဆုိရင္ေတာ့ လက္ခံရခက္ခဲစရာပါပဲ။ နာက်င္စရာလည္း
ျဖစ္ေကာင္းျဖစ္ေနမွာပါ။ ဒါေပမယ့္ မျဖစ္နုိင္ေတာ့တဲ့ အခ်စ္ေရးတစ္ခုကို ၾကိဳးစားဖမ္းဆုပ္ဖို႔ ၾကိဳးစားေနရတာ ပုိျပီး ပင္ပန္းပါတယ္။ ပုိျပီး နာက်င္စရာေကာင္းပါတယ္။
ကုိယ္တုိ႔ႏွစ္ေယာက္ရဲ႕ မတူညီမႈေတြကို အခ်ိန္မွီျဖည့္ဆည္းဖုိ႔ မၾကိဳးစားခဲ့ဘဲ ျပတ္ေတာက္ကာနီးမွ အပင္ပန္းခံေနမယ္ဆိုရင္ စိတ္ႏွလံုးနာက်င္ပင္ပန္းရံုကလြဲရင္
အရာရာအခ်ည္းႏွီးပါပဲ။
.
ခ်စ္ရဲဖုိ႔လုိသလုိ လမ္းခြဲရဲဖုိ႔လည္း လုိပါတယ္။ လက္တြဲျမဲဖို႔ ၾကိဳးစားနုိင္သလို လက္တဲြျဖဳတ္တတ္ဖို႔လည္း ၾကိဳးစားရပါမယ္။ တစ္ခုခုကို ယံုၾကည္ရဲသလို
မျဖစ္နုိင္ေတာ့ဘူးဆုိတာကုိလည္း လက္ခံရဲရပါမယ္။
.
- ဘာေၾကာင့္ လမ္းခြဲရတာလဲဆုိတဲ့ အေၾကာင္းရင္းတစ္ခု ကုိယ္တုိ႔ႏွစ္ေယာက္ၾကားမွာ ရွိသင့္ပါတယ္။ ဒီအေၾကာင္းအရင္းဟာ သာမန္ ေခါင္းစဥ္ေလးတစ္ခု
မျဖစ္သင့္သလို ဒီအေၾကာင္းရင္းကို အတင္းလက္မခံဘဲ ေခါင္းမာေနလို႔လည္း မရပါဘူး။
.
- ဒီလုိ အေနအထားမ်ိဳးမွာ စိတ္ကုိ ေအးေအာင္ထားနုိင္ရင္ ခံစားရသက္သာပါလိမ့္မယ္။ အေျပာလြယ္သေလာက္ အလုပ္ေတာ့ ခက္ပါတယ္။
ကုိယ့္စိတ္တည္ျငိမ္လာတာနဲ႔အမွ် အေျခအေနတစ္ခုကို လက္ခံလာနုိင္ပါလိမ့္မယ္။
.
- ဒီလုိနဲ႔ပဲ လမ္းခြဲျဖစ္ခဲ့ၾကျပီဆုိရင္ ႏွစ္ဖက္လံုးမွာ နာက်င္ျခင္းေတြ ရွိေကာင္းရွိနုိင္ပါတယ္။ အခ်ိန္အတုိင္းအတာတစ္ခု ေက်ာ္လြန္ျပီးတဲ့အခါ ဒီနာက်င္ျခင္းေတြကေန
လြတ္ေျမာက္နုိင္မယ္ဆုိတာ ယံုၾကည္ထားသင့္ပါတယ္။ အသည္းကြဲေဝဒနာဟာ ခံစားရနာက်င္လြန္းလွေပမယ့္ ကုိယ္ေသရာပါမယ့္ ေရာဂါမ်ိဳးေတာ့ မဟုတ္ပါဘူး။
.
- လမ္းခြဲၾကဖို႔ ရည္ရြယ္ထားသလို၊ ေက်ာခုိင္းခဲ့ၾကျပီးျပီဆုိရင္ ဒီအေျခအေနတစ္ခုကို လက္ခံလုိက္ပါေတာ့။ ကုိယ္ ျပဳျပင္လုိ႔မရေတာ့မယ့္အရာကို ထပ္ျပီး
ေျပာင္းလဲဖုိ႔ မၾကိဳးစားသင့္ေတာ့ပါဘူး။ အေျခအေနကို လက္ခံလုိက္တာဟာ ေမွ်ာ္လင့္ခ်က္နဲ႔ ဖမ္းဆုပ္ခ်င္တာထက္ ပုိျပီး အက်ိဳးရွိေစမွာပါ။
.
- ကိုယ့္ေဘးမွာ ကုိယ့္ကုိခ်စ္တဲ့သူေတြ ရွိတယ္ဆုိတာကုိ မေမ့သင့္ပါဘူး။ ဘဝတစ္ခုလံုးကုိ သူ႔အေပၚမွီခုိထားစရာမလုိပါဘူး။ ကုိယ့္အသုိင္းအဝုိင္ေတြ၊ မိသားစုေတြ၊
မိတ္ေဆြေတြ။ ကုိယ္က ခ်စ္ျပီး၊ ကုိယ့္ကိုခ်စ္တဲ့သူေတြ ရွိပါေသးတယ္။
.
- အခ်ိန္ကာလတစ္ခု လြန္ေျမာက္လာျပီးတဲ့ေနာက္မွာ ဘဝသစ္တစ္ခုကို တည္ေဆာက္ရပါမယ္။ အခ်ိန္ေတြက ရပ္တန္႔မေနသလို၊ ကိုယ့္ဘဝကလည္း ရပ္တန္႔ေနလို႔
မရပါဘူး။ ေရွ႕ဆက္စရာရွိတာကို ေရွ႕ဆက္ရပါမယ္။

.
အသည္းကြဲတယ္ဆုိတာ ဘဝတစ္ခု အဆံုးသတ္သြားတာမဟုတ္ပါဘူး။ ခံစားခ်က္တစ္ခု ရပ္တန္႔သြားတာပဲ ျဖစ္ပါတယ္။ နာက်င္လို႔ရပါတယ္။ ခံစားလုိ႔ရပါတယ္။
ဒါေပမယ့္ အရံႈးေပးလုိက္စရာေတာ့ မလုိပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago


 #Unicode Version

ကိုယ်တို့နှစ်ယောက်ရဲ့ တွေ့ကြုံခဲ့ခြင်းတွေဟာ တစ်ချိန်ကျရင် အဆုံးသတ်ဖြစ်လာလိမ့်မယ်လို့ တစ်ခါတုန်းကတော့ ထင်ခဲ့မှာမဟုတ်ပါဘူး။
ဒါပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် ဝေးကြရတော့မယ်ဆိုရင် ရုတ်တရက်ဆိုရင်တော့ လက်ခံရခက်ခဲစရာပါပဲ။ နာကျင်စရာလည်း
ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါပေမယ့် မဖြစ်နိုင်တော့တဲ့ အချစ်ရေးတစ်ခုကို ကြိုးစားဖမ်းဆုပ်ဖို့ ကြိုးစားနေရတာ ပိုပြီး ပင်ပန်းပါတယ်။ ပိုပြီး နာကျင်စရာကောင်းပါတယ်။
ကိုယ်တို့နှစ်ယောက်ရဲ့ မတူညီမှုတွေကို အချိန်မှီဖြည့်ဆည်းဖို့ မကြိုးစားခဲ့ဘဲ ပြတ်တောက်ကာနီးမှ အပင်ပန်းခံနေမယ်ဆိုရင် စိတ်နှလုံးနာကျင်ပင်ပန်းရုံကလွဲရင်
အရာရာအချည်းနှီးပါပဲ။
.
ချစ်ရဲဖို့လိုသလို လမ်းခွဲရဲဖို့လည်း လိုပါတယ်။ လက်တွဲမြဲဖို့ ကြိုးစားနိုင်သလို လက်တွဲဖြုတ်တတ်ဖို့လည်း ကြိုးစားရပါမယ်။ တစ်ခုခုကို ယုံကြည်ရဲသလို
မဖြစ်နိုင်တော့ဘူးဆိုတာကိုလည်း လက်ခံရဲရပါမယ်။
.
- ဘာကြောင့် လမ်းခွဲရတာလဲဆိုတဲ့ အကြောင်းရင်းတစ်ခု ကိုယ်တို့နှစ်ယောက်ကြားမှာ ရှိသင့်ပါတယ်။ ဒီအကြောင်းအရင်းဟာ သာမန် ခေါင်းစဉ်လေးတစ်ခု
မဖြစ်သင့်သလို ဒီအကြောင်းရင်းကို အတင်းလက်မခံဘဲ ခေါင်းမာနေလို့လည်း မရပါဘူး။
.
- ဒီလို အနေအထားမျိုးမှာ စိတ်ကို အေးအောင်ထားနိုင်ရင် ခံစားရသက်သာပါလိမ့်မယ်။ အပြောလွယ်သလောက် အလုပ်တော့ ခက်ပါတယ်။
ကိုယ့်စိတ်တည်ငြိမ်လာတာနဲ့အမျှ အခြေအနေတစ်ခုကို လက်ခံလာနိုင်ပါလိမ့်မယ်။
.
- ဒီလိုနဲ့ပဲ လမ်းခွဲဖြစ်ခဲ့ကြပြီဆိုရင် နှစ်ဖက်လုံးမှာ နာကျင်ခြင်းတွေ ရှိကောင်းရှိနိုင်ပါတယ်။ အချိန်အတိုင်းအတာတစ်ခု ကျော်လွန်ပြီးတဲ့အခါ ဒီနာကျင်ခြင်းတွေကနေ
လွတ်မြောက်နိုင်မယ်ဆိုတာ ယုံကြည်ထားသင့်ပါတယ်။ အသည်းကွဲဝေဒနာဟာ ခံစားရနာကျင်လွန်းလှပေမယ့် ကိုယ်သေရာပါမယ့် ရောဂါမျိုးတော့ မဟုတ်ပါဘူး။
.
- လမ်းခွဲကြဖို့ ရည်ရွယ်ထားသလို၊ ကျောခိုင်းခဲ့ကြပြီးပြီဆိုရင် ဒီအခြေအနေတစ်ခုကို လက်ခံလိုက်ပါတော့။ ကိုယ် ပြုပြင်လို့မရတော့မယ့်အရာကို ထပ်ပြီး
ပြောင်းလဲဖို့ မကြိုးစားသင့်တော့ပါဘူး။ အခြေအနေကို လက်ခံလိုက်တာဟာ မျှော်လင့်ချက်နဲ့ ဖမ်းဆုပ်ချင်တာထက် ပိုပြီး အကျိုးရှိစေမှာပါ။
.
- ကိုယ့်ဘေးမှာ ကိုယ့်ကိုချစ်တဲ့သူတွေ ရှိတယ်ဆိုတာကို မမေ့သင့်ပါဘူး။ ဘဝတစ်ခုလုံးကို သူ့အပေါ်မှီခိုထားစရာမလိုပါဘူး။ ကိုယ့်အသိုင်းအဝိုင်တွေ၊ မိသားစုတွေ၊
မိတ်ဆွေတွေ။ ကိုယ်က ချစ်ပြီး၊ ကိုယ့်ကိုချစ်တဲ့သူတွေ ရှိပါသေးတယ်။
.
- အချိန်ကာလတစ်ခု လွန်မြောက်လာပြီးတဲ့နောက်မှာ ဘဝသစ်တစ်ခုကို တည်ဆောက်ရပါမယ်။ အချိန်တွေက ရပ်တန့်မနေသလို၊ ကိုယ့်ဘဝကလည်း ရပ်တန့်နေလို့
မရပါဘူး။ ရှေ့ဆက်စရာရှိတာကို ရှေ့ဆက်ရပါမယ်။

အသည်းကွဲတယ်ဆိုတာ ဘဝတစ်ခု အဆုံးသတ်သွားတာမဟုတ်ပါဘူး။ ခံစားချက်တစ်ခု ရပ်တန့်သွားတာပဲ ဖြစ်ပါတယ်။ နာကျင်လို့ရပါတယ်။ ခံစားလို့ရပါတယ်။
ဒါပေမယ့် အရှုံးပေးလိုက်စရာတော့ မလိုပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top