Property Expo
×

 ဇူလုိင္အတြင္းက လိႈင္ ၿမိဳ႕နယ္ (၆)ရပ္ကြက္အတြင္းေန အသက္ (၆၀)ေက်ာ္အရြယ္ အဘိုးအိုတစ္ဦး အသတ္ခံရမႈႏွင့္ ပတ္ သက္၍ အေနာက္ပိုင္းခ႐ိုင္တရား ႐ံုးတြင္ ပထမဆံုးအႀကိမ္ စတင္ စစ္ေဆးခဲ့ေၾကာင္း သတင္းရရွိ သည္။

သုခလမ္းအတြင္းေန အ သက္ (၆၂)ႏွစ္အရြယ္ ဦးသိန္းလွ ထြန္း အသတ္ခံရမႈတြင္ ေသဆံုးသူ၏တူ တရားလို ကိုတင္ျမင့္သိန္းအား စက္တင္ဘာ ၁၅ ရက္က စစ္ေဆးခဲ့ျခင္းျဖစ္သည္။


တရားလိုအား စစ္ေဆးရာ တြင္ အခင္းျဖစ္ပြားခ်ိန္က ျမင္ေတြ႕ခဲ့ပံုမ်ားကို အဓိကထြက္ဆို သြားခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူဟု စြပ္စြဲခံရသူက ေသဆံုးသူအား ယခင္ကလည္း ႏွစ္ႀကိမ္႐ိုက္ႏွက္ခဲ့ဖူး သည္ကို ထြက္ဆုိခဲ့ေၾကာင္း တရားခြင္အတြင္းမွ သိရသည္။

 လူသတ္မႈက်ဴးလြန္သူဟု စြပ္စြဲခံထားရသူ၏ အက်ိဳးေဆာင္ ေရွ႕ေန ျပန္လွန္စစ္ေမးခ်က္အရ စြပ္စြဲခံထားရသူမွာ စိတ္္ပံုမွန္ မ ဟုတ္သျဖင့္ အလုပ္မွ နားထားရ သည္ကို သိရွိပါသလားဆုိလွ်င္ မသိရွိေၾကာင္း ယင္းႏွစ္ႀကိမ္႐ိုက္ ႏွက္ဖူးစဥ္က ေက်ေအးေပးခဲ့ရ သည္မွာ စြပ္စြဲခံထားရသူ၏ ဖခင္ က ရပ္ကြက္ဥကၠ႒ျဖစ္ၿပီး လာ ေရာက္ေတာင္းပန္သျဖင့္ ေက် ေအးေပးခဲ့ေၾကာင္း တရားလို၏ ထြက္ဆုိခ်က္မ်ားအရ သိရသည္။

အမႈကို အေနာက္ပိုင္းခ႐ိုင္ တရားသူႀကီးက တာဝန္ယူစစ္ ေဆးေနၿပီး အဆုိပါလူသတ္မႈအ တြက္ ပထမဆံုးအႀကိမ္ စတင္စစ္ေဆးျခင္းျဖစ္ေၾကာင္း အေနာက္ပိုင္းခ႐ိုင္တရား႐ံုးမွ သိရသည္။ ၿပီးခဲ့သည့္ ဇူလုိင္ ၂၈ ရက္ နံနက္ ၆ နာရီခန္႔က ေသဆံုးသူမွာ အငွားယာဥ္ေမာင္းရန္ သံုးလႊာရွိ ေနအိမ္ေပၚမွ ေအာက္သို႔ဆင္းလာစဥ္ တစ္ရပ္ကြက္တည္းေန ကိုေအာင္ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳးသည္ ဦးသိန္းလွထြန္းအား မီးေခ်ာင္း အပိုင္းျဖင့္ထိုးကာ တုတ္ျဖင့္႐ိုက္ႏွက္ခဲ့ေၾကာင္း လိႈင္ၿမိဳ႕မရဲစခန္းမွ သိရသည္။

လူသတ္မႈက်ဴးလြန္ခဲ့သူမွာ လိႈင္ၿမိဳ႕နယ္ (၆)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၏သား ကိုေအာင္ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳးျဖစ္ေၾကာင္း ဦးသိန္းလွထြန္း တိုက္ခန္းေပၚမွ ဆင္းလာကာ တိုက္ေလွကားတံခါး ပိတ္ေနစဥ္ ကိုေအာင္ေက်ာ္ၿဖိဳးက ႏွစ္ေပမီးေခ်ာင္းအက်ိဳးျဖင့္ လည္ပင္းအား စတင္ထိုးခဲ့ေၾကာင္း တုိင္ၾကားခ်က္အရ လိႈင္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆုိသည္။

တရားခံအား ရဲစခန္းတြင္ စစ္ေဆးေမးျမန္းစဥ္က က်ဴးလြန္သူ အမ်ိဳးသား၏ စိတ္မွာ ပံုမွန္ မဟုတ္သည့္ အေနအထားတြင္ရွိေနၿပီး ေသဆံုးသူမိသားစုဝင္မ်ား ႏွင့္လည္း ရန္ၿငိဳးရန္စတစ္စံုတစ္ ရာမရွိေၾကာင္း အမႈဖြင့္အေရးယူ စဥ္အခ်ိန္က လိႈင္ၿမိဳ႕မရဲစခန္းရွိ ရဲအရာရွိတစ္ဦးက ဆုိသည္။

မီးေခ်ာင္းအပိုင္းျဖင့္ထိုးကာ ဝါးတုတ္ျဖင့္ ႐ိုက္ႏွက္ခံရသျဖင့္ အသက္(၆၀)ေက်ာ္အရြယ္ ဦးသိန္းလွထြန္း၏ ဝဲဘက္လည္ပင္းတြင္ ထိုးသြင္းဒဏ္ရာ၊ ျပတ္ရွဒဏ္ရာမ်ား၊ အေပၚႏႈတ္ခမ္း ေပါက္ၿပဲဒဏ္ရာ၊ ေမးေအာက္ ျပတ္ရွဒဏ္ရာမ်ားရရိွကာ အခင္းျဖစ္ေနရာ၌ပင္ ေသဆံုးသြားခဲ့ေၾကာင္း လိႈင္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျပစ္မႈက်ဴးလြန္သူမွာ ၂၀၁၅ ဒီဇင္ဘာလကုန္ပိုင္းကလည္း ေသဆံုးသူ၏ ဦးေခါင္းကို အုတ္ခဲက်ိဳး ျဖင့္ တစ္ႀကိမ္ထုႏွက္ဖူးကာ ဒုတိယအႀကိမ္တြင္ ဘီယာပုလင္းခြံ ျဖင့္လည္း ႐ိုက္ႏွက္ခဲ့ဖူးေၾကာင္း ရပ္ကြက္အတြင္း ေနထိုင္သူမ်ား က ဆုိသည္။

 ထိုသို႔ ႐ိုက္ႏွက္ခဲ့စဥ္က အုပ္ထိန္းသူမ်ား၏ ေတာင္းပန္မႈ ေၾကာင့္ ရပ္ကြက္႐ံုး၌ပင္ ၿပီးဆံုး သြားခဲ့ၿပီး ရဲစခန္းတြင္ အမႈဖြင့္ တုိင္ၾကားျခင္း မျပဳခဲ့ေၾကာင္း ယခု႐ိုက္ႏွက္ခဲ့မႈႏွင့္ ပတ္သက္၍ အသက္ (၃၅)ႏွစ္အရြယ္ ေအာင္ ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳးကို ရာဇသတ္ ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စစ္ ေဆးလ်က္ရွိေၾကာင္း လိႈင္ၿမိဳ႕မ ရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဇူလိုင်အတွင်းက လှိုင် မြို့နယ် (၆)ရပ်ကွက်အတွင်းနေ အသက် (၆၀)ကျော်အရွယ် အဘိုးအိုတစ်ဦး အသတ်ခံရမှုနှင့် ပတ် သက်၍ အနောက်ပိုင်းခရိုင်တရား ရုံးတွင် ပထမဆုံးအကြိမ် စတင် စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။

သုခလမ်းအတွင်းနေ အ သက် (၆၂)နှစ်အရွယ် ဦးသိန်းလှ ထွန်း အသတ်ခံရမှုတွင် သေဆုံးသူ၏တူ တရားလို ကိုတင်မြင့်သိန်းအား စက်တင်ဘာ ၁၅ ရက်က စစ်ဆေးခဲ့ခြင်းဖြစ်သည်။


တရားလိုအား စစ်ဆေးရာ တွင် အခင်းဖြစ်ပွားချိန်က မြင်တွေ့ခဲ့ပုံများကို အဓိကထွက်ဆို သွားခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူက သေဆုံးသူအား ယခင်ကလည်း နှစ်ကြိမ်ရိုက်နှက်ခဲ့ဖူး သည်ကို ထွက်ဆိုခဲ့ကြောင်း တရားခွင်အတွင်းမှ သိရသည်။

 လူသတ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရသူ၏ အကျိုးဆောင် ရှေ့နေ ပြန်လှန်စစ်မေးချက်အရ စွပ်စွဲခံထားရသူမှာ စိတ်ပုံမှန် မ ဟုတ်သဖြင့် အလုပ်မှ နားထားရ သည်ကို သိရှိပါသလားဆိုလျှင် မသိရှိကြောင်း ယင်းနှစ်ကြိမ်ရိုက် နှက်ဖူးစဉ်က ကျေအေးပေးခဲ့ရ သည်မှာ စွပ်စွဲခံထားရသူ၏ ဖခင် က ရပ်ကွက်ဥက္ကဋ္ဌဖြစ်ပြီး လာ ရောက်တောင်းပန်သဖြင့် ကျေ အေးပေးခဲ့ကြောင်း တရားလို၏ ထွက်ဆိုချက်များအရ သိရသည်။

အမှုကို အနောက်ပိုင်းခရိုင် တရားသူကြီးက တာဝန်ယူစစ် ဆေးနေပြီး အဆိုပါလူသတ်မှုအ တွက် ပထမဆုံးအကြိမ် စတင်စစ်ဆေးခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီခန့်က သေဆုံးသူမှာ အငှားယာဉ်မောင်းရန် သုံးလွှာရှိ နေအိမ်ပေါ်မှ အောက်သို့ဆင်းလာစဉ် တစ်ရပ်ကွက်တည်းနေ ကိုအောင်ကျော်ဖြိုး (ခ) ကိုဖြိုးသည် ဦးသိန်းလှထွန်းအား မီးချောင်း အပိုင်းဖြင့်ထိုးကာ တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း လှိုင်မြို့မရဲစခန်းမှ သိရသည်။

လူသတ်မှုကျူးလွန်ခဲ့သူမှာ လှိုင်မြို့နယ် (၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သား ကိုအောင်ကျော်ဖြိုး (ခ) ကိုဖြိုးဖြစ်ကြောင်း ဦးသိန်းလှထွန်း တိုက်ခန်းပေါ်မှ ဆင်းလာကာ တိုက်လှေကားတံခါး ပိတ်နေစဉ် ကိုအောင်ကျော်ဖြိုးက နှစ်ပေမီးချောင်းအကျိုးဖြင့် လည်ပင်းအား စတင်ထိုးခဲ့ကြောင်း တိုင်ကြားချက်အရ လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

တရားခံအား ရဲစခန်းတွင် စစ်ဆေးမေးမြန်းစဉ်က ကျူးလွန်သူ အမျိုးသား၏ စိတ်မှာ ပုံမှန် မဟုတ်သည့် အနေအထားတွင်ရှိနေပြီး သေဆုံးသူမိသားစုဝင်များ နှင့်လည်း ရန်ငြိုးရန်စတစ်စုံတစ် ရာမရှိကြောင်း အမှုဖွင့်အရေးယူ စဉ်အချိန်က လှိုင်မြို့မရဲစခန်းရှိ ရဲအရာရှိတစ်ဦးက ဆိုသည်။

မီးချောင်းအပိုင်းဖြင့်ထိုးကာ ဝါးတုတ်ဖြင့် ရိုက်နှက်ခံရသဖြင့် အသက်(၆၀)ကျော်အရွယ် ဦးသိန်းလှထွန်း၏ ဝဲဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာများ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ၊ မေးအောက် ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း လှိုင်မြို့မရဲစခန်းမှ သိရသည်။

ပြစ်မှုကျူးလွန်သူမှာ ၂၀၁၅ ဒီဇင်ဘာလကုန်ပိုင်းကလည်း သေဆုံးသူ၏ ဦးခေါင်းကို အုတ်ခဲကျိုး ဖြင့် တစ်ကြိမ်ထုနှက်ဖူးကာ ဒုတိယအကြိမ်တွင် ဘီယာပုလင်းခွံ ဖြင့်လည်း ရိုက်နှက်ခဲ့ဖူးကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများ က ဆိုသည်။

 ထိုသို့ ရိုက်နှက်ခဲ့စဉ်က အုပ်ထိန်းသူများ၏ တောင်းပန်မှု ကြောင့် ရပ်ကွက်ရုံး၌ပင် ပြီးဆုံး သွားခဲ့ပြီး ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခြင်း မပြုခဲ့ကြောင်း ယခုရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ အသက် (၃၅)နှစ်အရွယ် အောင် ကျော်ဖြိုး (ခ) ကိုဖြိုးကို ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ် ဆေးလျက်ရှိကြောင်း လှိုင်မြို့မ ရဲစခန်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top