Property Expo
×





Credit : Duwun

#Unicode Version

တေးသီချင်တွေ နားထောင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကို ဇီဝဖြစ်စဉ်ကို သက်ရောက်မှု မရှိပဲ စိတ်ပိုင်းဆိုင်ရာကိုသာ သက်ရောက်မှု ရှိတယ်လို့ ပညာရှင်တွေက ယူဆထားခဲ့ကြပါတယ်။ အခုတော့ အဲဒီအယူအဆကို စွန့်လွှတ်ရတော့မှာဖြစ်ပါတယ်။

လေ့လာချစ်အသစ်တစ်ခုအရ တေးသီချင်းတွေနားထောင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကိုသာမက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကောင်းမွန်ဖို့အတွက်ပါ အထောက်အကူ ဖြစ်တယ်လို့ သိရပါတယ်။ Tenovus စောင့်ရှောက်ရေးဌာနနဲ့ Royal College of Music တို့ပူးပေါင်းပြီး လူပေါင်း ၂၀၀ ကျော်ကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။


အထူးသဖြင့် နာမကျန်းဖြစ်သူတွေရဲ့ ခန္ဓကိုယ်တွင်း တုန့်ပြန်မှုဟာ သီချင်းနားထောင်လိုက်တဲ့အခါ သိသိသာသာ တိုးတက်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ ယေဘုယျအားဖြင့် နာဖျားခြင်းတွေကို တေးသီချင်းတွေက တိုက်ဖျက်နိုင်တယ်လို့ မှတ်ထားနိုင်ကြောင်း  အကြံပြုထားပါတယ်။ သီချင်းတွေဟာ ကလေးငယ်တွေအတွက် ဘာသာစကား နားလည်ဖို့လည်း အကောင်းဆုံးအရာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က လေ့လာတွေ့ရှိထားတဲ့အတိုင်း စိတ်ဖိစီးမှုတွေကိုလည်း သီချင်းတွေက တိုက်ဖျက်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top