Property Expo
×

ဒဂံုၿမိဳ႕သစ္(ေတာင္ပုိင္း)ၿမိဳ႕နယ္ရွိ တန္ဖုိးသင့္အိမ္ရာစီမံကိန္းတစ္ခုကုိ ေတြ႕ရစဥ္ (ဓာတ္ပံု − စိုင္းေဇာ္)

 ေဆာက္လုပ္ေရးႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဘဏ္က ျပင္ပ တြင္ ေရာင္းခ်ေနေသာ လူေန တိုက္ခန္းမ်ားကုိ ၀ယ္ယူႏုိင္ရန္  ဘဏ္မွ ေခ်းေငြယူႏုိင္မည့္ အ ေသးစိတ္အစီအစဥ္ စတင္မည္ ဟု သတင္းရရိွသည္။

‘‘ကုိယ့္ရဲ႕ ၀င္ေငြနဲ႔ မွ်တတဲ့ ကုိယ္၀ယ္မယ့္အိမ္ကုိ ရည္ရြယ္ ထားပါ။ ဘယ္နားမွာ ၀ယ္မယ္၊ ဘယ္ေလာက္တန္လဲ ဆုိတာမ်ိဳး ေပါ့။ ဒီလိုမ်ိဳး ေငြေခ်းလို႔ရမယ့္ အစီအစဥ္ေတြကုိ ဘဏ္ကေန အမ်ားျပည္သူသိေအာင္ ခ်ျပေပး သြားမယ္’’ဟု ေဆာက္လုပ္ေရး ႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဘဏ္မွ ဒါ ႐ုိက္တာ ဦး၀င္းေဇာ္ကဆုိသည္။


အဓိကအားျဖင့္ ဘဏ္ေခ်း ေငြ၊ အတုိးႏႈန္းႏွင့္ လစဥ္ေခ်းေငြဆပ္ရမည့္ ပမာဏတုိ႔ကုိ ဘဏ္ကတြက္ခ်က္ေပးမည့္ အစီအစဥ္ အား မၾကာမီအသိေပးမည္ျဖစ္ ေၾကာင္း ဦး၀င္းေဇာ္က ေျပာ သည္။

‘‘ေခ်းေငြ ဘယ္ေလာက္ယူ ရင္ အတုိးႏႈန္းက ဘယ္ေလာက္ ဆုိတာမ်ိဳး ဘဏ္ကုိ လာၿပီးအ ေသးစိတ္ေဆြးေႏြးစံုစမ္းလို႔ရမယ့္ အေျခအေနေတြကို စီစဥ္ေပးသြား ဖို႔ ရိွပါတယ္’’ဟု ဦး၀င္းေဇာ္က ေျပာသည္။

ေဆာက္လုပ္ေရးႏွင့္ အိမ္ရာ ဖြံ႕ၿဖိဳးေရးဘဏ္သည္ လက္ရိွတြင္ ၀န္ႀကီးဌာနက တည္ေဆာက္ေန သည့္ အိမ္ရာစီမံကိန္းမ်ားကို ႏွစ္ ရွည္အစီအစဥ္ျဖင့္ ေခ်းေငြထုတ္ ေခ်းလ်က္ရိွသည္။

မၾကာမီကာလအတြင္း ျပင္ပတြင္ ပုဂၢလိကက ေရာင္းခ်ေန သည့္ လူေနတုိက္ခန္းအိမ္လံုးခ်င္း အားလံုးကုိ ဘဏ္ေခ်းေငြျဖင့္ ၀ယ္ယူရန္ ကူညီေပးမည့္အစီအစဥ္ လည္း ေဖာ္ေဆာင္မည္ျဖစ္သည္။

ေဆာက္လုပ္ေရးႏွင့္ အိမ္ရာ ဖြံ႕ၿဖိဳးေရးဘဏ္သည္ လက္ရိွတြင္က်ပ္ ၁၃၀ ဘီလီယံေက်ာ္ ထုတ္ေခ်းထားေၾကာင္း သတင္းထုတ္ျပန္သည္။

ေဆာက္လုပ္ေရးႏွင့္ အိမ္ရာ ဖြံ႕ၿဖိဳးေရးဘဏ္ကုိ အစိုးရအပါ အ၀င္ ေဆာက္လုပ္ေရးလုပ္ငန္း ရွင္မ်ား၊ ျပင္ပစီးပြားေရးလုပ္ငန္း ရွင္မ်ား စုစည္း၍ ၂၀၁၄ က စတင္တည္ေထာင္ခဲ့ျခင္းျဖစ္သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ တန်ဖိုးသင့်အိမ်ရာစီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ပြင်ပ တွင် ရောင်းချနေသော လူနေ တိုက်ခန်းများကို ဝယ်ယူနိုင်ရန်  ဘဏ်မှ ချေးငွေယူနိုင်မည့် အ သေးစိတ်အစီအစဉ် စတင်မည် ဟု သတင်းရရှိသည်။

‘‘ကိုယ့်ရဲ့ ဝင်ငွေနဲ့ မျှတတဲ့ ကိုယ်ဝယ်မယ့်အိမ်ကို ရည်ရွယ် ထားပါ။ ဘယ်နားမှာ ဝယ်မယ်၊ ဘယ်လောက်တန်လဲ ဆိုတာမျိုး ပေါ့။ ဒီလိုမျိုး ငွေချေးလို့ရမယ့် အစီအစဉ်တွေကို ဘဏ်ကနေ အများပြည်သူသိအောင် ချပြပေး သွားမယ်’’ဟု ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဒါ ရိုက်တာ ဦးဝင်းဇော်ကဆိုသည်။


အဓိကအားဖြင့် ဘဏ်ချေး ငွေ၊ အတိုးနှုန်းနှင့် လစဉ်ချေးငွေဆပ်ရမည့် ပမာဏတို့ကို ဘဏ်ကတွက်ချက်ပေးမည့် အစီအစဉ် အား မကြာမီအသိပေးမည်ဖြစ် ကြောင်း ဦးဝင်းဇော်က ပြော သည်။

‘‘ချေးငွေ ဘယ်လောက်ယူ ရင် အတိုးနှုန်းက ဘယ်လောက် ဆိုတာမျိုး ဘဏ်ကို လာပြီးအ သေးစိတ်ဆွေးနွေးစုံစမ်းလို့ရမယ့် အခြေအနေတွေကို စီစဉ်ပေးသွား ဖို့ ရှိပါတယ်’’ဟု ဦးဝင်းဇော်က ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိတွင် ဝန်ကြီးဌာနက တည်ဆောက်နေ သည့် အိမ်ရာစီမံကိန်းများကို နှစ် ရှည်အစီအစဉ်ဖြင့် ချေးငွေထုတ် ချေးလျက်ရှိသည်။

မကြာမီကာလအတွင်း ပြင်ပတွင် ပုဂ္ဂလိကက ရောင်းချနေ သည့် လူနေတိုက်ခန်းအိမ်လုံးချင်း အားလုံးကို ဘဏ်ချေးငွေဖြင့် ဝယ်ယူရန် ကူညီပေးမည့်အစီအစဉ် လည်း ဖော်ဆောင်မည်ဖြစ်သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိတွင်ကျပ် ၁၃၀ ဘီလီယံကျော် ထုတ်ချေးထားကြောင်း သတင်းထုတ်ပြန်သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါ အဝင် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ၊ ပြင်ပစီးပွားရေးလုပ်ငန်း ရှင်များ စုစည်း၍ ၂၀၁၄ က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top