ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွား ဝဘ္ဆိုက္
×

အေရာင္းအ၀ယ္ရပ္ တန္႔လုနီးပါးျဖစ္ခဲ့ေသာ ရန္ကုန္ အိမ္ ၿခံေျမ  ေစ်းကြက္သည္ အ ေရာင္းအ၀ယ္အနည္းငယ္ျပန္ျဖစ္ လာေၾကာင္း အိ  မ္ၿခံ ေျမအက်ဳိး ေဆာင္မ်ားက ေျပာသည္။

အေရာင္းအ၀ယ္ေကာင္း လာျခင္းမွာ ၾသဂုတ္လမွစတင္ခဲ့ၿပီး ေနရာေဒသအလိုက္ မူလေခၚေစ်း ထက္ ထက္၀က္ခန္႔ေလ်ာ့နည္းသည့္ ေစ်းျဖင့္ အေရာင္းအ၀ယ္ျဖစ္ေပၚေနသည္ဟု အက်ဳိးေဆာင္မ်ားက ဆိုသည္။

        ေရႊေစ်းျမင့္တက္ျခင္း၊အစိုးရက ဘတ္ဂ်က္ေငြေၾကးအခ်ဳိ႕ကို စီမံကိန္းမ်ားအတြက္ ခ်ထားေပး ျခင္းစသည္တို႔ေၾကာင့္ ေစ်းကြက္ အတြင္း ေငြေၾကး၀င္ေရာက္လာ သျဖင့္ အေရာင္းအ၀ယ္အနည္း ငယ္ျဖစ္လာျခင္းဟု မ႑ိဳင္အိမ္ၿခံ ေျမအက်ဳိးေဆာင္ မန္ေနဂ်င္းဒါ ႐ိုက္တာ ဦးသန္းဦးက ေျပာသည္။

‘‘အေရာင္းအ၀ယ္ ျပန္ျဖစ္ လာေပမယ့္ ေစ်းကေတာ့ အရင္ ေခၚေစ်းမရဘူး။ တစ္၀က္ေလာက္ကို ေလွ်ာ့ေရာင္းေနရတယ္’’ ဟု ဦးသန္းဦးက ေျပာသည္။

အမ်ားစုက ႀကိဳပြိဳင့္စနစ္ျဖင့္ ကန္ထ႐ိုက္တိုက္မ်ား ၀ယ္ယူ ထားၿပီး ျပန္လည္ေရာင္းခ်လိုသူမ်ားက ေစ်းေလွ်ာ့ေရာင္းခ်ေနသျဖင့္ အေရာင္းအ၀ယ္ျဖစ္ေနျခင္း ျဖစ္သည္။

က်ပ္သိန္း  ၂၅၀ မွ ၃၀၀ အၾကားရွိ ကန္ထ႐ိုက္ တိုက္ခန္းမ်ားမွာ မူလ ေပါက္ေစ်းထက္ ေလွ်ာ့ခ် ေရာင္းခ်ေနေၾကာင္း အိမ္ ၿခံ  ေျမအက်ဳိးေဆာင္အခ်ဳိ႕က ဆိုသည္။

တန္ဖိုးႀကီးလံုးခ်င္းအိမ္ၿခံေျမေစ်းကြက္တြင္မူ ေမွ်ာ္မွန္းသကဲ့သို႔အေရာင္းအ၀ယ္ မျဖစ္ေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

အရောင်းအဝယ်ရပ် တန့်လုနီးပါးဖြစ်ခဲ့သော ရန်ကုန် အိမ် ခြံမြေ  ဈေးကွက်သည် အ ရောင်းအဝယ်အနည်းငယ်ပြန်ဖြစ် လာကြောင်း အိ  မ်ခြံ မြေအကျိုး ဆောင်များက ပြောသည်။

အရောင်းအဝယ်ကောင်း လာခြင်းမှာ သြဂုတ်လမှစတင်ခဲ့ပြီး နေရာဒေသအလိုက် မူလခေါ်ဈေး ထက် ထက်ဝက်ခန့်လျော့နည်းသည့် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေသည်ဟု အကျိုးဆောင်များက ဆိုသည်။

 ရွှေဈေးမြင့်တက်ခြင်း၊အစိုးရက ဘတ်ဂျက်ငွေကြေးအချို့ကို စီမံကိန်းများအတွက် ချထားပေး ခြင်းစသည်တို့ကြောင့် ဈေးကွက် အတွင်း ငွေကြေးဝင်ရောက်လာ သဖြင့် အရောင်းအဝယ်အနည်း ငယ်ဖြစ်လာခြင်းဟု မဏ္ဍိုင်အိမ်ခြံ မြေအကျိုးဆောင် မန်နေဂျင်းဒါ ရိုက်တာ ဦးသန်းဦးက ပြောသည်။

‘‘အရောင်းအဝယ် ပြန်ဖြစ် လာပေမယ့် ဈေးကတော့ အရင် ခေါ်ဈေးမရဘူး။ တစ်ဝက်လောက်ကို လျှော့ရောင်းနေရတယ်’’ ဟု ဦးသန်းဦးက ပြောသည်။

အများစုက ကြိုပွိုင့်စနစ်ဖြင့် ကန်ထရိုက်တိုက်များ ဝယ်ယူ ထားပြီး ပြန်လည်ရောင်းချလိုသူများက ဈေးလျှော့ရောင်းချနေသဖြင့် အရောင်းအဝယ်ဖြစ်နေခြင်း ဖြစ်သည်။

ကျပ်သိန်း  ၂၅၀ မှ ၃၀၀ အကြားရှိ ကန်ထရိုက် တိုက်ခန်းများမှာ မူလ ပေါက်ဈေးထက် လျှော့ချ ရောင်းချနေကြောင်း အိမ် ခြံ  မြေအကျိုးဆောင်အချို့က ဆိုသည်။

တန်ဖိုးကြီးလုံးချင်းအိမ်ခြံမြေဈေးကွက်တွင်မူ မျှော်မှန်းသကဲ့သို့အရောင်းအဝယ် မဖြစ်ကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top