Kantharyar Centre
×

ပဲခူးတိုင္းေဒသႀကီး ျပည္ ခ႐ိုင္တြင္ ေျဗက္အုိးႏွင့္ မီး႐ွဴးမီး ပန္းမ်ား သိုေလွာင္ေရာင္းခ်ျခင္း၊ ပစ္ေဖာက္ျခင္းမ်ား မျပဳလုပ္ရန္ ၫႊန္ၾကားထားေၾကာင္း ျပည္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး႐ံုးမွ သတင္းရရွိ သည္။

ပြင့္လင္းရာသီသို႔ ေရာက္ရွိေတာ့မည္ျဖစ္ရာ ေျဗာက္အိုးႏွင့္အသံက်ယ္ေလာင္စြာျမည္သည့္ မီး႐ွဴးမီးပန္းမ်ား ပစ္ေဖာက္ျခင္းမ်ားေၾကာင့္ အမ်ားျပည္သူ အထိတ္တလန္႔ျဖစ္ေစျခင္း၊ ထိခိုက္ဒဏ္ရာရရွိျခင္းႏွင့္ အႏၲရာယ္ျဖစ္ေပၚေစႏုိင္ျခင္းတို႔ေၾကာင့္  သိုေလွာင္ေရာင္းခ်ျခင္း၊ ပစ္ေဖာက္ျခင္းမ်ားကို တားျမစ္ရျခင္းျဖစ္ေၾကာင္း ျပည္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေမာင္ဝင္းက ေျပာၾကားသည္။

ျပည္ခ႐ိုင္ရွိ သဲကုန္း၊ ပန္း ေတာင္း၊ ျပည္၊ ေပါင္းတည္၊ ေပါက္ေခါင္း ၿမိဳ႕နယ္ႏွင့္ ေရႊ ေတာင္ၿမိဳ႕နယ္တို႔တြင္ ယင္းကဲ့သို႔ တားျမစ္ထားေၾကာင္း သတင္းရရွိသည္။

ျပည္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ႐ံုးက အဆိုပါတားျမစ္မိန္႔ကို စက္ တင္ဘာ ၁၃ ရက္စြဲျဖင့္ ထုတ္ ျပန္ခဲ့ေၾကာင္း၊ ရပ္ကြက္အတြင္း အသံခ်ဲ႕စက္ျဖင့္ ေၾကာ္ျငာမည္ျဖစ္ၿပီး လိုက္နာျခင္း မရွိပါက ေဒသႏၲရအမိန္႔ ပုဒ္မ ၁၈၈ အရ အေရးယူေဆာင္ရြက္ရန္ ၫႊန္ၾကားထားေၾကာင္း ျပည္ၿမိဳ႕ ဆံေတာ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးဦးၫြန္႔ႏိုင္က ေျပာသည္။

 ‘‘အခုေခတ္ မီး႐ွဴးမီးပန္း၊ ေျဗာက္အိုးျမည္သံေတြက အရမ္း က်ယ္တယ္။ လူေတြကို ထိတ္ လန္႔မႈျဖစ္ေစ႐ံုမကဘဲ က်န္းမာ ေရးမေကာင္းသူ၊ သက္ႀကီးရြယ္ အုိေတြ၊ ႏွလံုးေရာဂါရွိသူေတြဆို ထိတ္လန္႔ၿပီး အသက္အႏၲရာယ္ ေတာင္ စိုးရိမ္ရႏိုင္တယ္။ အခန္႔ မသင့္ရင္ ပစ္ေဖာက္ ကစားသူ ေတြပါ ထိခိုက္ဒဏ္ရာရႏိုင္တဲ့ အထိ ျပင္းထန္တဲ့ယမ္းမႈန္႔ေတြပါ တယ္။ တာဝန္ရွိသူေတြအေနနဲ႔ တားျမစ္မိန္႔ ထုတ္႐ံုတင္မကဘဲ အေလးထားၿပီး စနစ္တက် ၾကပ္ မတ္စိစစ္ ေဆာင္ရြက္ဖို႔ေတာ့လို ပါတယ္’’ ဟု ျပည္ၿမိဳ႕ ေဒသခံ အမ်ဳိးသားတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version


ပဲခူးတိုင်းဒေသကြီး ပြည် ခရိုင်တွင် ဗြေက်အိုးနှင့် မီးရှူးမီး ပန်းများ သိုလှောင်ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားကြောင်း ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။

ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်ရာ ဗြောက်အိုးနှင့်အသံကျယ်လောင်စွာမြည်သည့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများကြောင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အန္တရာယ်ဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့်  သိုလှောင်ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများကို တားမြစ်ရခြင်းဖြစ်ကြောင်း ပြည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။

ပြည်ခရိုင်ရှိ သဲကုန်း၊ ပန်း တောင်း၊ ပြည်၊ ပေါင်းတည်၊ ပေါက်ခေါင်း မြို့နယ်နှင့် ရွှေ တောင်မြို့နယ်တို့တွင် ယင်းကဲ့သို့ တားမြစ်ထားကြောင်း သတင်းရရှိသည်။

ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက အဆိုပါတားမြစ်မိန့်ကို စက် တင်ဘာ ၁၃ ရက်စွဲဖြင့် ထုတ် ပြန်ခဲ့ကြောင်း၊ ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် ကြော်ငြာမည်ဖြစ်ပြီး လိုက်နာခြင်း မရှိပါက ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ အရ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ပြည်မြို့ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးညွန့်နိုင်က ပြောသည်။

 ‘‘အခုခေတ် မီးရှူးမီးပန်း၊ ဗြောက်အိုးမြည်သံတွေက အရမ်း ကျယ်တယ်။ လူတွေကို ထိတ် လန့်မှုဖြစ်စေရုံမကဘဲ ကျန်းမာ ရေးမကောင်းသူ၊ သက်ကြီးရွယ် အိုတွေ၊ နှလုံးရောဂါရှိသူတွေဆို ထိတ်လန့်ပြီး အသက်အန္တရာယ် တောင် စိုးရိမ်ရနိုင်တယ်။ အခန့် မသင့်ရင် ပစ်ဖောက် ကစားသူ တွေပါ ထိခိုက်ဒဏ်ရာရနိုင်တဲ့ အထိ ပြင်းထန်တဲ့ယမ်းမှုန့်တွေပါ တယ်။ တာဝန်ရှိသူတွေအနေနဲ့ တားမြစ်မိန့် ထုတ်ရုံတင်မကဘဲ အလေးထားပြီး စနစ်တကျ ကြပ် မတ်စိစစ် ဆောင်ရွက်ဖို့တော့လို ပါတယ်’’ ဟု ပြည်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top