Kantharyar Centre
×






#Unicode Version

ဗြိတိန်နိုင်ငံက လူငယ်တစ်ဦးကတော့ ကမ္ဘာ့မုန်းတီးစရာအကောင်း ဆုံး လူသားတစ်ယောက်လို့ ခေါ်ရလောက်အောင်ကို သူ့ရဲ့လုပ်ရပ် က တစ်ပါးသူတွေအတွက်အရမ်းကို ထိခိုက်ကြေကွဲရပါတယ်။ ဒါ ပေမဲ့လည်း ချစ်သူရည်းစားတွေရဲ့အသည်းခွဲရတဲ့ သူ့ရဲ့ဒီအလုပ်က အလုပ်တစ်ခုလို သဘောထားပြီး လုပ်ကိုင်နေရသလို ဝင်ငွေလည်း ကောင်းတယ်လို့ ဆိုပါတယ်။

ဘရစစ်တန်မှာနေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် လူငယ် ဂျွန်နက် သမ်က ပွဲစားခယူပြီး ကြေးစားအသည်းခွဲပေးတဲ့အလုပ်ကို လုပ်ကိုင် နေပါတယ်။ ပတ်ဝန်းကျင်က အဆင်မပြေတော့တဲ့ ချစ်သူစုံတွဲတွေနဲ့ နှလုံးသားရေးရာပေါင်းသင်းဆက်ဆံရေးတွေကြားမှာ အဆုံးသတ် ဇာတ်လမ်းကို အဆင်ပြေဆုံးဖြစ်စေဖို့အတွက် အခကြေးငွေယူပြီး ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။

သူ့အနေနဲ့ သမီးရည်းစားဇာတ်လမ်းအဆုံးသတ်ပေးဖို့ဆိုရင် ဖုန်းခေါ် ဆိုခြင်းနဲ့ စာတိုရိုက်ပို့ပေးခြင်း ဝန်ဆောင်မှုအတွက် ၈ ဒေါ်လာနဲ့လူ လူချင်းတွေ့ဆုံပြီး ဇာတ်လမ်းအဆုံးသတ်ဖို့ ကြားကနေပြောပေးဖို့ ဆိုရင် တစ်နာရီကို ဒေါ်လာ ၃၀ ယူကာ အကောင်းဆုံးစွမ်းဆောင် ပေးနိုင်တယ်လို့ သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top