မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ပဉ္စမအကြိမ်မြောက်)
×

စက်တင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီ ပတ်ဝန်းကျင်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အနာက်မြောက်ဘက်၊ နတ်တံခါးချေင်းအတွင်းတွင် လူသေလောင်း နှစ်လောင်း မျောလာသည်ကို အနီးအနားရှိ မင်းလှကျေးရွာများမှ တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

ယခုအခါတွင် အလောင်းများအား ကလေးမြို့ ပြည်သူ့ဆေးရုံတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးလျက်ရှိသည်ဟုလည်း သိရသည်။

ဤအကြောင်းအရာများနှင့် စပ်လျဉ်း၍ အလောင်းများအား ကလေးမြို့ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ရာတွင် ပါဝင်သူ တဦးဖြစ်သော ကိုမာန်ခုပ်မှ... "အမျိုးသားက အသက် ၅၀ ၀န်းကျင်လောက် ဖြစ်မယ်၊ အမျိုးသမီးကတော့ အသက် ၄၀ ၀န်းကျင်လောက် ဖြစ်မယ်လို့ ခန့်မှန်းရတယ်။ နှစ်ဦးစလုံးက နဖူးမှာ ကိုယ်စီဒဏ်ရာရနေကြတယ်။ ဒဏ်ရာရပုံချင်းက အတူတူပဲဗျ။ ပြီးတော့ တခြားနေရာတွေမှာတော့ အပေါ်ယံကြည့်တာတော့ ဒဏ်ရာမတွေ့ဘူး" ဟုပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version




ဖိုးသူတောျ (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top