Property Expo
×

အင္တာနက္ကို ကြန္ပ်ဴတာျဖင့္ အသုံးျပဳတဲ့အခါ လုိအပ္မယ့္ အင္တာနက္အသုံးျပဳနည္း ဗဟုသုတေလးေတြ ျဖစ္ပါတယ္။ မိမိအလုပ္ဟာ အင္တာနက္နဲ႔တြဲျပီး လုပ္ရတဲ့ အလုပ္မ်ဳိးဆုိရင္ ပိုလုိ႔ေတာင္ အက်ဳိးရိွေစပါလိမ့္မယ္။ ရုိးရွင္းတယ္ ထင္ရေပမယ့္ တကယ္အသုံးဝင္တဲ့ အခ်က္ေလးေတြပါ။

(၁) မေတာ္တဆ ပိတ္မိတဲ့ tab ကို ခ်က္ခ်င္းျပန္ေခၚနည္း
မိမိဖြင့္ထားတဲ့ tab ကုိ ၾကည့္ေနရင္း မေတာ္တဆ သြားႏွိပ္မိလုိက္လုိ႔ ပိတ္သြားတယ္ဆုိရင္ Ctrl နဲ႔ Shift ကီးကို တြဲလ်က္ဖိထားျပီး T ေလးႏွိပ္ျပီး tab ကို ျပန္ေခၚႏုိင္ပါတယ္။

(၂) Blocked website ေတြ ေက်ာ္၍ ဝင္ၾကည့္နည္း
မိမိ လုပ္ငန္းခြင္သုံး သုိ႔မဟုတ္ ေက်ာင္းသုံး အင္တာနက္မွာ ဝက္ဘ္ဆုိဒ္တစ္ခုခု block လုပ္ထားတယ္ဆုိပါက Google Translate ကို proxy တစ္ခုအျဖစ္ အသုံးခ်ႏုိင္ပါတယ္။ ယင္း URL ကို အဲဒီထဲ copy/paste လုပ္လုိက္ရုံပါပဲ။

(၃) Webpage ကုိ PDF ဖုိင္အျဖစ္ သိမ္းဆည္းနည္း
Google Chrome သုံးျပီး Webpage တစ္ခုကို PDF အျဖစ္သိမ္းဆည္းပါ။ Printer ကေနတဆင့္ Destination မွာ Save as PDF ေျပာင္းကာ save လုပ္လုိက္ရုံပဲျဖစ္တယ္။ ဒီနည္းက စာကို offline ျဖင့္ ေနာက္မွ ဖတ္ရႈေစႏုိင္မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အင်တာနက်ကို ကွန်ပျူတာဖြင့် အသုံးပြုတဲ့အခါ လိုအပ်မယ့် အင်တာနက်အသုံးပြုနည်း ဗဟုသုတလေးတွေ ဖြစ်ပါတယ်။ မိမိအလုပ်ဟာ အင်တာနက်နဲ့တွဲပြီး လုပ်ရတဲ့ အလုပ်မျိုးဆိုရင် ပိုလို့တောင် အကျိုးရှိစေပါလိမ့်မယ်။ ရိုးရှင်းတယ် ထင်ရပေမယ့် တကယ်အသုံးဝင်တဲ့ အချက်လေးတွေပါ။

(၁) မတော်တဆ ပိတ်မိတဲ့ tab ကို ချက်ချင်းပြန်ခေါ်နည်း
မိမိဖွင့်ထားတဲ့ tab ကို ကြည့်နေရင်း မတော်တဆ သွားနှိပ်မိလိုက်လို့ ပိတ်သွားတယ်ဆိုရင် Ctrl နဲ့ Shift ကီးကို တွဲလျက်ဖိထားပြီး T လေးနှိပ်ပြီး tab ကို ပြန်ခေါ်နိုင်ပါတယ်။

(၂) Blocked website တွေ ကျော်၍ ဝင်ကြည့်နည်း
မိမိ လုပ်ငန်းခွင်သုံး သို့မဟုတ် ကျောင်းသုံး အင်တာနက်မှာ ဝက်ဘ်ဆိုဒ်တစ်ခုခု block လုပ်ထားတယ်ဆိုပါက Google Translate ကို proxy တစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ယင်း URL ကို အဲဒီထဲ copy/paste လုပ်လိုက်ရုံပါပဲ။

(၃) Webpage ကို PDF ဖိုင်အဖြစ် သိမ်းဆည်းနည်း
Google Chrome သုံးပြီး Webpage တစ်ခုကို PDF အဖြစ်သိမ်းဆည်းပါ။ Printer ကနေတဆင့် Destination မှာ Save as PDF ပြောင်းကာ save လုပ်လိုက်ရုံပဲဖြစ်တယ်။ ဒီနည်းက စာကို offline ဖြင့် နောက်မှ ဖတ်ရှုစေနိုင်မှာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top