Property Expo
×
မျက်နှာပေါ်မှာ ၀က်ခြံတွေအများကြီး ထွက်လာပြီဆိုရင်တော့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်၊ ရေခဲမှုန့်စတာတွေကို လျှော့စားဖို့၊ ရှောင်ကြဉ်ဖို့ စဉ်းစားသင့်ပါပြီ။
ခေါင်းအုံးစွပ်ကို မကြာခဏလဲလှယ်ပါ
အဆာမခံပါနဲ့
ခန္ဓာကိုယ်အတွက် လိုအပ်အဟာရဓါတ်နဲ့ အစားအစာတွေကို ပြည့်ဝအောင် မစားသောက်ဘူးဆိုရင် အစာအိမ်ထဲရှိ အက်ဆစ်ဓါတ်တွေ ပိုမိုထွက်ရှိလာတတ်ပါတယ်။ အစာအိမ်တွင်း အက်ဆစ်ဓါတ်နည်းပါးတယ်ဆိုရင်တော့ Betaine HLC  ဆိုတဲ့ ဓါတ်တစ်မျိုးထုတ်လုပ်ပေးပြီး ဒါဟာ အသားအရည်နဲ့ ဆံပင်အဆီပြန်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။
Credit:Thithtoolwin
Unicode Version
တစ်ခါတစ်ရံ သူများနဲ့ စကားပြောတဲ့အခါ ကိုယ့်မျက်နှာက ဝက်ခြံကိုစိုက်ကြည့်နေတဲ့ အခိုက်အတန့်မျိုးကြောင့် ရှိုးတို့ရှန်းတန်း ဖြစ်ဖူးလား။ အသားအရည် လှပကြည်လင်စေဖို့ နည်းလမ်းပေါင်းစုံနေအောင် စမ်းကြည့်ဖူးလား။
နို့ထွက်ပစ္စည်းတွေ လျှော့စားပါ
မျက်နှာမှာ ဝက်ခြံတွေထွက်ရတဲ့ အကြောင်းအရင်းတစ်ချက်ကတော့ နို့ထွက်ပစ္စည်းတွေကြောင့် ဖြစ်ပါသတဲ့။ ဘာလို့လဲဆိုတော့ မွေးမြူရေးနွားတွေဟာ နို့ထွက်ပိုမိုကောင်းမွန်စေဖို့ ဟော်မုုန်းဆေးတွေ အများကြီး ထိုးခံရတဲ့အတွက်ဖြစ်ပါတယ်။ အဲဒီ ဟော်မုုန်းတွေက အဆီထွက်တတ်တဲ့ အသားအရည်မျိုးတွေကို ဝက်ခြံတွေထွက်စေဖို့ တွန်းအားပေးလို့ပါပဲ။
မျက်နှာပေါ်မှာ ဝက်ခြံတွေအများကြီး ထွက်လာပြီဆိုုရင်တော့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်၊ ရေခဲမှုန့်စတာတွေကို လျှော့စားဖို့၊ ရှောင်ကြဉ်ဖို့ စဉ်းစားသင့်ပါပြီ။
ခေါင်းအုံးစွပ်ကိုု မကြာခဏလဲလှယ်ပါ
၃၊ ၄ ရက်တစ်ကြိမ် ခေါင်းအုံးစွပ်လဲလှယ်ခြင်းဟာလည်း ဝက်ခြံတွေပိုမို ဆိုးရွားသွားစေမှုကိုု ကာကွယ်ပေးနိုင်ပါတယ်။ ညတိုင်း ခေါင်းအုံးအိပ်နေတဲ့ ခေါင်းအုံးပေါ်ကို ဆံပင်မှာရှိတဲ့ ဘက်တီးရီးယာားပိုးမွှားတွေက ရောက်ရှိနေတတ်ပါတယ်။ ဒီလိုခေါင်းအုံးစွပ်ပေါ်မှာ အိပ်ခြင်းဟာလည်း မျက်နှာပေါ်ကိုု ဘက်တီးရီးယားတွေ ရောက်ရှိလာနိုုင်ပြီး ယားယံခြင်း၊ ဝက်ခြံထွက်ခြင်းတွေ ဖြစ်စေပါတယ်။
ခေါင်းအုံးစွပ်မကြာခဏ လဲဖို့ပျင်းတယ်အလုပ်ရှုပ်တယ်ဆိုရင်တော့ ခေါင်းအုံးပေါ်မှာ တံဘက်အသေးလေးတင်ပြီး အိပ်လို့လည်းရပါတယ်။
အဆာမခံပါနဲ့
တစ်ခါတလေမှာတော့ ဝက်ခြံထွက်တာဟာ အပြင်ပမ်းရုပ်ပိုင်းဆိုင်ရာကြောင့် မဟုတ်ဘဲခန္ဓာကိုယ် အတွင်းကကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်တွေ၊ သောက်ဆေးတွေ၊ လေဆာရောင်ခြည်ကုသမှုတွေလုပ်ပေမယ့် ဝက်ခြံတွေသက်သာမသွားတာကို တွေ့ရတတ်ပါတယ်။ ဒါဟာ အစာအိမ်ထဲက အက်ဆစ်ဓါတ်တွေကြောင့် ဖြစ်ပါသတဲ့။
ခန္ဓာကိုယ်အတွက် လိုအပ်အဟာရဓါတ်နဲ့ အစားအစာတွေကိုု ပြည့်ဝအောင် မစားသောက်ဘူးဆိုရင် အစာအိမ်ထဲရှိ အက်ဆစ်ဓါတ်တွေ ပိုမိုထွက်ရှိလာတတ်ပါတယ်။ အစာအိမ်တွင်း အက်ဆစ်ဓါတ်နည်းပါးတယ်ဆိုရင်တော့ Betaine HLC  ဆိုတဲ့ ဓါတ်တစ်မျိုးထုတ်လုပ်ပေးပြီး ဒါဟာ အသားအရည်နဲ့ ဆံပင်အဆီပြန်ခြင်းတွေကိုု လျှော့ချပေးနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top