Property Expo
×

ေဆာက္လုပ္ဆဲ ရန္ကုန္ဗဟိုမီးပြိဳင့္ထိန္းခ်ဳပ္ေရးစနစ္ အေဆာက္အအံုကို ေတြ႕ရစဥ္ (ဓာတ္ပံု − ေက်ာ္ဇင္သန္း)

ရန္ကုန္ဗဟိုမီးပိြဳင့္ထိန္း ခ်ဳပ္ေရးစနစ္ အေကာင္အထည္ ေဖာ္ေနသည့္ ကုမၸဏီအား စာ ခ်ဳပ္ျပင္ဆင္ခ်ဳပ္ဆိုပါက ဒဏ္ ေၾကးတစ္ေန႔လွ်င္ က်ပ္တစ္သိန္းအစား က်ပ္သိန္းတစ္ရာအထက္ သတ္မွတ္ေပးရန္ ယာဥ္ထိန္းရဲတပ္ဖဲြ႕က အစိုးရထံ တင္ျပထား ေၾကာင္း သတင္းရရွိသည္။


 ရန္ကုန္ရွိ မီးပိြဳင့္ ၁၅၀ ေက်ာ္ကို ဗဟိုထိန္းခ်ဳပ္စင္တာမွ ထိန္းခ်ဳပ္စနစ္အား တ႐ုတ္အစိုးရ ပိုင္ CRCC ကုမၸဏီႏွင့္ ျပည္တြင္း ေရႊယင္းကုမၸဏီတို႔ ပူးေပါင္း၍အေကာင္အထည္ေဖာ္ေနျခင္း ျဖစ္ၿပီး သတ္မွတ္ခ်ိန္အတြင္း မၿပီး ေသာေၾကာင့္ အခ်ိန္တိုးျမႇင့္ေပး ရန္ ကုမၸဏီဘက္က အစိုးရထံ ေတာင္းဆုိထားျခင္းျဖစ္သည္။

‘‘ေအာက္တုိဘာေလာက္ကို အၿပီးလုပ္ဖို႔ ေျပာထားတယ္။ ဒီ ထက္ အခ်ိန္တိုးေပးဖို႔ေတာ့မရွိ ဘူး။ လက္ရွိအခ်ိန္မွာလည္း ဒဏ္ ေငြ တစ္ရက္ကုိ က်ပ္တစ္သိန္း ႐ိုက္ေနတယ္။ ဒဏ္ေၾကးကေတာ့ နည္းေနတယ္’’ဟု အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖဲြ႕ခဲြမွဴး႐ံုး ဒုရဲမွဴး ႀကီး ေအာင္ကိုဦးက ေျပာသည္။

လက္ရွိတြင္ စာခ်ဳပ္ခ်ဳပ္ဆို ထားေသာေၾကာင့္ ဒဏ္ေၾကးျပင္ ဆင္ရန္ မျဖစ္ႏုိင္ေသာ္လည္း ကုမၸဏီဘက္မွ အခ်ိန္တစ္လ ထပ္တိုးေပးရန္ ေတာင္းဆုိ၍ စာ ခ်ဳပ္ခ်ဳပ္ဆုိရာတြင္ ဒဏ္ေၾကးျမႇင့္ ရန္ ေတာင္းဆုိျခင္းျဖစ္ေၾကာင္း ဒုရဲမွဴးႀကီးေအာင္ကိုဦးက ေျပာ သည္။

ရန္ကုန္ၿမိဳ႕ ယာဥ္ေၾကာက်ပ္ တည္းမႈ ေလွ်ာ့ခ်ေရးအတြက္ ယခင္ ရန္ကုန္တိုင္းအစိုးရက က်ပ္ဘီလီယံ ၂၀ အကုန္က်ခံကာ အဆုိပါစနစ္ကို အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ မတ္ လ ၃၁ ရက္က အၿပီးတပ္ဆင္ရန္ သတ္မွတ္ခဲ့ေသာ္လည္း မၿပီးဆံုး ၍ ၾသဂုတ္ ၁ ရက္အထိ အခ်ိန္ တိုးေပးခဲ့သည္။ သို႔ေသာ္ ၾသဂုတ္ ပထမပတ္အထိ လုပ္ငန္းမၿပီးဆံုးေသးေပ။

‘‘နည္းပညာအရဆုိ အခုခ်ိန္ မွ သူတို႔အခ်က္အလက္ေတြ ေျမ ျပင္မွာ ေကာက္ေနရမယ္။ ဖိုက္ ဘာလိုင္းေတြဆဲြေနရမယ္။ အခု မီးပိြဳင့္ေတြမွာ တိုင္စိုက္တာပဲ ေတြ႕ရေသးတယ္။ ဒီပံုစံအတုိင္း ဆို ႏွစ္ကုန္ေလာက္မွ ၿပီးမယ္’’ဟု အဆိုပါစနစ္အတြက္ တင္ဒါ၀င္ ၿပိဳင္ခဲ့တဲ့ကုမၸဏီမွ ဒါ႐ိုက္တာတစ္ ဦးက ေျပာသည္။

ယခင္အစိုးရက တင္ဒါေခၚၿပီး ကုမၸဏီ ၁၉ ခု ဝင္ၿပိဳင္ေသာ တင္ဒါတြင္လည္း ပြင့္လင္းျမင္ သာမႈမရွိဘဲ လာဘ္စားမႈမ်ားရွိသည္ဟု တင္ဒါ၀င္ၿပိဳင္ခဲ့သည့္ ကုမၸဏီအခ်ိဳ႕က ေဝဖန္ကန္႔ကြက္မႈမ်ား ရွိခဲ့သည္။

တ႐ုတ္အစိုးရပိုင္ ကုမၸဏီ တစ္ခုအေနျဖင့္ ရန္ကုန္ၿမိဳ႕၌ စီစီ တီဗီကင္မရာမ်ားျဖင့္ ေစာင့္ ၾကည့္ေနျခင္းသည္ ၿမိဳ႕ေတာ္လံု ၿခံဳေရးအတြက္ စိုးရိမ္ရသည္ဟု ကန္႔ကြက္သည့္ ကုမၸဏီမ်ားက ေထာက္ျပခဲ့သည္။ ထို႔အျပင္လုပ္ငန္းမၿပီးေသး၍ တစ္ရက္လွ်င္ ဒဏ္ေၾကးက်ပ္တစ္သိန္း ေပးေဆာင္ရသည္မွာ ပမာဏ နည္းပါးသည္ဟု ေ၀ဖန္မႈမ်ား လည္းရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဆောက်လုပ်ဆဲ ရန်ကုန်ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ် အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ရန်ကုန်ဗဟိုမီးပွိုင့်ထိန်း ချုပ်ရေးစနစ် အကောင်အထည် ဖော်နေသည့် ကုမ္ပဏီအား စာ ချုပ်ပြင်ဆင်ချုပ်ဆိုပါက ဒဏ် ကြေးတစ်နေ့လျှင် ကျပ်တစ်သိန်းအစား ကျပ်သိန်းတစ်ရာအထက် သတ်မှတ်ပေးရန် ယာဉ်ထိန်းရဲတပ်ဖွဲ့က အစိုးရထံ တင်ပြထား ကြောင်း သတင်းရရှိသည်။


 ရန်ကုန်ရှိ မီးပွိုင့် ၁၅၀ ကျော်ကို ဗဟိုထိန်းချုပ်စင်တာမှ ထိန်းချုပ်စနစ်အား တရုတ်အစိုးရ ပိုင် CRCC ကုမ္ပဏီနှင့် ပြည်တွင်း ရွှေယင်းကုမ္ပဏီတို့ ပူးပေါင်း၍အကောင်အထည်ဖော်နေခြင်း ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း မပြီး သောကြောင့် အချိန်တိုးမြှင့်ပေး ရန် ကုမ္ပဏီဘက်က အစိုးရထံ တောင်းဆိုထားခြင်းဖြစ်သည်။

‘‘အောက်တိုဘာလောက်ကို အပြီးလုပ်ဖို့ ပြောထားတယ်။ ဒီ ထက် အချိန်တိုးပေးဖို့တော့မရှိ ဘူး။ လက်ရှိအချိန်မှာလည်း ဒဏ် ငွေ တစ်ရက်ကို ကျပ်တစ်သိန်း ရိုက်နေတယ်။ ဒဏ်ကြေးကတော့ နည်းနေတယ်’’ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူး ကြီး အောင်ကိုဦးက ပြောသည်။

လက်ရှိတွင် စာချုပ်ချုပ်ဆို ထားသောကြောင့် ဒဏ်ကြေးပြင် ဆင်ရန် မဖြစ်နိုင်သော်လည်း ကုမ္ပဏီဘက်မှ အချိန်တစ်လ ထပ်တိုးပေးရန် တောင်းဆို၍ စာ ချုပ်ချုပ်ဆိုရာတွင် ဒဏ်ကြေးမြှင့် ရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဒုရဲမှူးကြီးအောင်ကိုဦးက ပြော သည်။

ရန်ကုန်မြို့ ယာဉ်ကြောကျပ် တည်းမှု လျှော့ချရေးအတွက် ယခင် ရန်ကုန်တိုင်းအစိုးရက ကျပ်ဘီလီယံ ၂၀ အကုန်ကျခံကာ အဆိုပါစနစ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ် လ ၃၁ ရက်က အပြီးတပ်ဆင်ရန် သတ်မှတ်ခဲ့သော်လည်း မပြီးဆုံး ၍ သြဂုတ် ၁ ရက်အထိ အချိန် တိုးပေးခဲ့သည်။ သို့သော် သြဂုတ် ပထမပတ်အထိ လုပ်ငန်းမပြီးဆုံးသေးပေ။

‘‘နည်းပညာအရဆို အခုချိန် မှ သူတို့အချက်အလက်တွေ မြေ ပြင်မှာ ကောက်နေရမယ်။ ဖိုက် ဘာလိုင်းတွေဆွဲနေရမယ်။ အခု မီးပွိုင့်တွေမှာ တိုင်စိုက်တာပဲ တွေ့ရသေးတယ်။ ဒီပုံစံအတိုင်း ဆို နှစ်ကုန်လောက်မှ ပြီးမယ်’’ဟု အဆိုပါစနစ်အတွက် တင်ဒါဝင် ပြိုင်ခဲ့တဲ့ကုမ္ပဏီမှ ဒါရိုက်တာတစ် ဦးက ပြောသည်။

ယခင်အစိုးရက တင်ဒါခေါ်ပြီး ကုမ္ပဏီ ၁၉ ခု ဝင်ပြိုင်သော တင်ဒါတွင်လည်း ပွင့်လင်းမြင် သာမှုမရှိဘဲ လာဘ်စားမှုများရှိသည်ဟု တင်ဒါဝင်ပြိုင်ခဲ့သည့် ကုမ္ပဏီအချို့က ဝေဖန်ကန့်ကွက်မှုများ ရှိခဲ့သည်။

တရုတ်အစိုးရပိုင် ကုမ္ပဏီ တစ်ခုအနေဖြင့် ရန်ကုန်မြို့၌ စီစီ တီဗီကင်မရာများဖြင့် စောင့် ကြည့်နေခြင်းသည် မြို့တော်လုံ ခြုံရေးအတွက် စိုးရိမ်ရသည်ဟု ကန့်ကွက်သည့် ကုမ္ပဏီများက ထောက်ပြခဲ့သည်။ ထို့အပြင်လုပ်ငန်းမပြီးသေး၍ တစ်ရက်လျှင် ဒဏ်ကြေးကျပ်တစ်သိန်း ပေးဆောင်ရသည်မှာ ပမာဏ နည်းပါးသည်ဟု ဝေဖန်မှုများ လည်းရှိသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top