Property Expo
×

 ဂ်ာမနီအသင္းေခါင္း ေဆာင္ေဟာင္း ရွ၀ိန္းစတိုင္ဂါ သည္ ယူအီးအက္ဖ္ေအ၏ ယူ႐ုိ ပါလိဂ္ၿပိဳင္ပဲြ၀င္ မန္ယူအသင္းမွ ခ်န္လွပ္ခံခဲ့ရသည္။

နည္းျပသစ္ ေမာ္ရင္ဟုိလက္ထက္တြင္ အသက္ (၂၃) ႏွစ္ေအာက္ မန္ယူအသင္းႏွင့္ (သုိ႔မ ဟုတ္)တစ္ဦးတည္းေလ့က်င့္ခန္း ဆင္းေနရေသာ ရွ၀ိန္းစတုိင္ဂါ သည္ ေသာၾကာေန႔က ပရီးမီးယား လိဂ္ ၿပိဳင္ပဲြ၀င္မန္ယူကစားသမား ၂၅ ဦးစာရင္း၌ ပါ၀င္ခဲ့သည္။

ကမၻာ့ဖလားရၿပီး ဂ်ာမနီအ တြက္ ၁၂၁ ပြဲကစားကာ ၂၄ ဂုိး သြင္းထားသူ ရွ၀ိန္းစတိုင္ဂါ (၃၂) ႏွစ္သည္ ယခုသီတင္းပတ္အတြင္းႏုိင္ငံတကာေဘာလံုးေလာကမွ အနားယူေၾကာင္း ေၾကညာခဲ့ သည္။

မန္ယူ၏ ယူ႐ုိလိဂ္ၿပိဳင္ပြဲ၀င္ ကစားသမား ၂၇ ဦးစာရင္းတြင္ ရွ၀ိန္းစတိုင္ဂါမပါ၀င္ေသာ္လည္း အသက္ (၁၈)ႏွစ္အရြယ္ေနာက္ခံ ကစားသမား တြန္ဇီဘီပါ၀င္ေန သည္။

ယူ႐ုိပါလိဂ္အတြက္ အ သက္ (၁၅)ႏွစ္ႏွင့္ (၂၁)ႏွစ္ၾကား ကာလတြင္ အသင္း၌ သံုးႏွစ္ ကစားခဲ့ေသာ ကစားသမား ၂၁ ဦးသာ ေရြးခ်ယ္ခြင့္ရိွသည္။

မန္ယူသည္ ၎တို႔အသင္း ေလ့က်င့္ေပးထားေသာ ကစားသ မားမ်ားအျဖစ္ ၀ိန္းရြန္းေနႏွင့္ ဂ်က္ဆီလင္းဂတ္တို႔ ႏွစ္ဦးသာ ထည့္သံုးႏုိင္ေသာေၾကာင့္ ရက္ခ်္ဖို႔ဒ္၊ လုခ္ေရွာ၊ တီမုိသီႏွင့္ တြန္ဇီဘီ တုိ႔ႏွင့္အတူ ကစားသမား ၂၃ ဦး သာ ထည့္သြင္းေရြးခ်ယ္ႏုိင္သည္။

မန္ယူသည္ စက္တင္ဘာ ၁၅ ရက္တြင္ နယ္သာလန္ကလပ္ ဖီယင္ႏုႏွင့္ ပထမဆံုးယူ႐ုိပါလိဂ္ အေ၀းကြင္းပြဲယွဥ္ၿပိဳင္ရမည္ျဖစ္ သည္။ မန္ယူသည္ အုပ္စု(ေအ) တြင္ တူရကီကလပ္ဖီနာဘာခ်ီ၊ ယူကရိန္းကလပ္ ေဇာ္ယာတို႔ႏွင့္  တစ္အုပ္စုတည္း က်ေရာက္ေန သည္။  

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဂျာမနီအသင်းခေါင်း ဆောင်ဟောင်း ရှဝိန်းစတိုင်ဂါ သည် ယူအီးအက်ဖ်အေ၏ ယူရို ပါလိဂ်ပြိုင်ပွဲဝင် မန်ယူအသင်းမှ ချန်လှပ်ခံခဲ့ရသည်။


နည်းပြသစ် မော်ရင်ဟိုလက်ထက်တွင် အသက် (၂၃) နှစ်အောက် မန်ယူအသင်းနှင့် (သို့မ ဟုတ်)တစ်ဦးတည်းလေ့ကျင့်ခန်း ဆင်းနေရသော ရှဝိန်းစတိုင်ဂါ သည် သောကြာနေ့က ပရီးမီးယား လိဂ် ပြိုင်ပွဲဝင်မန်ယူကစားသမား ၂၅ ဦးစာရင်း၌ ပါဝင်ခဲ့သည်။

ကမ္ဘာ့ဖလားရပြီး ဂျာမနီအ တွက် ၁၂၁ ပွဲကစားကာ ၂၄ ဂိုး သွင်းထားသူ ရှဝိန်းစတိုင်ဂါ (၃၂) နှစ်သည် ယခုသီတင်းပတ်အတွင်းနိုင်ငံတကာဘောလုံးလောကမှ အနားယူကြောင်း ကြေညာခဲ့ သည်။

မန်ယူ၏ ယူရိုလိဂ်ပြိုင်ပွဲဝင် ကစားသမား ၂၇ ဦးစာရင်းတွင် ရှဝိန်းစတိုင်ဂါမပါဝင်သော်လည်း အသက် (၁၈)နှစ်အရွယ်နောက်ခံ ကစားသမား တွန်ဇီဘီပါဝင်နေ သည်။

ယူရိုပါလိဂ်အတွက် အ သက် (၁၅)နှစ်နှင့် (၂၁)နှစ်ကြား ကာလတွင် အသင်း၌ သုံးနှစ် ကစားခဲ့သော ကစားသမား ၂၁ ဦးသာ ရွေးချယ်ခွင့်ရှိသည်။

မန်ယူသည် ၎င်းတို့အသင်း လေ့ကျင့်ပေးထားသော ကစားသ မားများအဖြစ် ဝိန်းရွန်းနေနှင့် ဂျက်ဆီလင်းဂတ်တို့ နှစ်ဦးသာ ထည့်သုံးနိုင်သောကြောင့် ရက်ချ်ဖို့ဒ်၊ လုခ်ရှော၊ တီမိုသီနှင့် တွန်ဇီဘီ တို့နှင့်အတူ ကစားသမား ၂၃ ဦး သာ ထည့်သွင်းရွေးချယ်နိုင်သည်။

မန်ယူသည် စက်တင်ဘာ ၁၅ ရက်တွင် နယ်သာလန်ကလပ် ဖီယင်နုနှင့် ပထမဆုံးယူရိုပါလိဂ် အဝေးကွင်းပွဲယှဉ်ပြိုင်ရမည်ဖြစ် သည်။ မန်ယူသည် အုပ်စု(အေ) တွင် တူရကီကလပ်ဖီနာဘာချီ၊ ယူကရိန်းကလပ် ဇော်ယာတို့နှင့်  တစ်အုပ်စုတည်း ကျရောက်နေ သည်။  


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top