Royal Maung Bamar Residence
×

၂၀၁၆ စက္ ၂၁ ညေန (၅)နာရီ (၄၅)မိနစ္အခ်ိန္ခန္႔တြင္ ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္၊ တ၀န္သံေက်းရြာေန စိန္၀င္း(ခ) ေက်ာ္ေရွာက္အြာ၊ ၃၆ ႏွစ္၊ (ဘ)ဦးဘျမင့္ သည္ အရက္ေသာက္စားမူးယစ္ၿပီး ေနအိမ္သို႕ ေရာက္လာစဥ္ တူမျဖစ္သူ ေနာ္ရွစ္မိ၊ (၄)ႏွစ္ႏွင့္ ဖခင္ျဖစ္သူ ဦးဘျမင့္ တို႕ကို ေအာ္ဟစ္ ဆဲဆိုကာ ပါလာေသာ တုတ္ျဖင့္ ဖခင္ျဖစ္သူကို ရိုက္ႏွက္ေၾကာင္း သိရိွရပါသည္။

(21-9-2016)​ေန႔ ည၈နာရီ ဝန္​းက်င္​ခန္​႔တြင္​ ​ေတာင္​က​​ေလး ဘုန္​းႀကီး​ေက်ာင္​း​ေဘးလမ္​း ​ေတာင္ဝိုင္​းသြားသည့္​လမ္​းနားတြင္​ ဖခင္​ျဖစ္​သူ က သားျဖစ္​သူအား ပုဆိန္​ျဖင့္​ ခုတ္သတ္​သြားသည္​ကို သက္​ဆိုင္​ရာ တာဝန္​႐ွိသူမ်ား က ဖုန္​းဆက္​အ​ေၾကာင္​းၾကားလာသျဖင္​ ေသဆံုးသြား​ေသာ Dead Bodyကို မာဃလူမႈကူညီေရးအသင္​းမွ အခင္းျဖစ္ရာ​ေ​​နရာသုိ႔ သြား​ေရာက္​သယ္​​ေဆာင္​ၿပီး ဘားအံျပည္​သူ႔​ေဆးရံုႀကီး ရင္​ခြဲရံုသို႔ ကူညီပို႔​ေဆာင္​​ေပးခဲ့သည္​။ သတင္​း - ဓါတ္​ပုံ ။ ။ Marga Society Hpa-an
ရုိက္ႏွက္ခံရသူ ဖခင္ ဦးဘျမင့္မွ မုိက္ရုိင္းေသာသားျဖစ္သူအား ရဲဒင္းျဖင့္ ခုတ္လိုက္ရာ စိန္၀င္း(ခ) ေက်ာ္ေရွာက္အြာ ဦးေခါင္းငယ္ထိပ္ တည့္တည့္တြင္ ျပတ္ရွဒါဏ္ရာျဖင့္ စိန္၀င္း(ခ) ေက်ာ္ေရွာက္အြာမွာ ေသဆံုး သြား၍ ဦးဘျမင့္အား ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


 #Unicode Version

၂၀၁၆ စက် ၂၁ ညနေ (၅)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ တဝန်သံကျေးရွာနေ စိန်ဝင်း(ခ) ကျော်ရှောက်အွာ၊ ၃၆ နှစ်၊ (ဘ)ဦးဘမြင့် သည် အရက်သောက်စားမူးယစ်ပြီး နေအိမ်သို့ ရောက်လာစဉ် တူမဖြစ်သူ နော်ရှစ်မိ၊ (၄)နှစ်နှင့် ဖခင်ဖြစ်သူ ဦးဘမြင့် တို့ကို အော်ဟစ် ဆဲဆိုကာ ပါလာသော တုတ်ဖြင့် ဖခင်ဖြစ်သူကို ရိုက်နှက်ကြောင်း သိရှိရပါသည်။

(21-9-2016)နေ့ ည၈နာရီ ဝန်းကျင်ခန့်တွင် တောင်ကလေး ဘုန်းကြီးကျောင်းဘေးလမ်း တောင်ဝိုင်းသွားသည့်လမ်းနားတွင် ဖခင်ဖြစ်သူ က သားဖြစ်သူအား ပုဆိန်ဖြင့် ခုတ်သတ်သွားသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများ က ဖုန်းဆက်အကြောင်းကြားလာသဖြင် သေဆုံးသွားသော Dead Bodyကို မာဃလူမှုကူညီရေးအသင်းမှ အခင်းဖြစ်ရာနေရာသို့ သွားရောက်သယ်ဆောင်ပြီး ဘားအံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်။ သတင်း - ဓါတ်ပုံ ။ ။ Marga Society Hpa-an
ရိုက်နှက်ခံရသူ ဖခင် ဦးဘမြင့်မှ မိုက်ရိုင်းသောသားဖြစ်သူအား ရဲဒင်းဖြင့် ခုတ်လိုက်ရာ စိန်ဝင်း(ခ) ကျော်ရှောက်အွာ ဦးခေါင်းငယ်ထိပ် တည့်တည့်တွင် ပြတ်ရှဒါဏ်ရာဖြင့် စိန်ဝင်း(ခ) ကျော်ရှောက်အွာမှာ သေဆုံး သွား၍ ဦးဘမြင့်အား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin



 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top