Kantharyar Centre
×

                           မကၠဆီကို ရဲတပ္ဖဲြ႕သံုး ရဟတ္ယာဉ္ တစ္စီး။

မကၠဆီကိုတြင္ ရာဇဝတ္ဂိုဏ္းသားမ်ား၏ လက္ခ်က္ေၾကာင့္ ရဲတပ္ဖြဲ႕ပိုင္ ရဟတ္ယာဉ္တစ္စီး ပ်က္က်ၿပီး ၄ ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္္။


မကၠဆီကို အေနာက္ေတာင္ပိုင္း မီခ်ိဳယာကန္ျပည္နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕က စက္တင္ဘာ ၆ ရက္ ျဖစ္စဉ္တြင္ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးႏွင့္ ရဟတ္ယာဉ္ ပိုင္းေလာ့တို႔ ေသဆံုးခဲ့ေၾကာင္း ေၾကညာသည္။

အဆိုပါ ရဟတ္ယာဉ္သည္ ကုန္းလမ္းျဖင့္ သြားလာရန္ ခက္ခဲသည့္ ေအပတ္ဇင္ဂန္ ေဒသတြင္ ရဲတပ္ဖြဲ႕ စစ္ဆင္ေရးမ်ား ေဆာင္ရြက္ႏုိင္ရန္ ကူညီပံ့ပိုးေနခဲ့ျခင္းျဖစ္ေၾကာင္း မီခ်ိဳယာကန္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ဆီလ္ဗာႏို ေအာ္ရီယိုလက္စ္က Twitterတြင္ ေရးသားခဲ့သည္။ အဆုိပါ စစ္ဆင္ေရးသည္ ရာဇဝတ္ဂိုဏ္း ေခါင္းေဆာင္အခ်ိဳ႕ကို ရဲတပ္ဖြဲ႕က ပိတ္ဆို႔ဖမ္းဆီးရန္ ႀကိဳးစားအားထုတ္ေနခဲ့ျခင္းလည္း ျဖစ္သည္။

ရဟတ္ယာဉ္သည္ ရာဇဝတ္ဂိုဏ္းသားမ်ား လက္ခ်က္ေၾကာင့္ ပ်က္က်သည္ ဆိုေသာ္လည္း မည္သို႔မည္ပံု ထိခိုက္ပ်က္စီးခဲ့သည္ ဆိုျခင္းကို ရွင္းရွင္းလင္းလင္း မသိရေသးေခ်။ ျဖစ္စဉ္အတြင္း ရဲအရာရွိတစ္ဦး ဒဏ္ရာရခဲ့ေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့သည္။

မီခ်ိဳယာကန္သည္ မကၠဆီကို၏ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားရာ မူးယစ္ေဆးဝါး ေမွာင္ခိုဂိုဏ္းမ်ားၾကား အျပန္အလွန္ စစ္ခင္းေနသည့္ ေဒသတစ္ခုလည္း ျဖစ္သည္။ ထို႔အျပင္ ရာဇဝတ္ဂိုဏ္းမ်ားႏွင့္ လံုၿခံဳေရး တပ္ဖြဲ႕မ်ားၾကား တိုက္ပြဲမ်ားလည္း မၾကာခဏ ျဖစ္ေပၚေလ့ရွိသည္။

ၿပီးခဲ့သည့္ႏွစ္ ေမလက အာဏာပိုင္မ်ားႏွင့္ ရာဇဝတ္ဂိုဏ္းသားမ်ားၾကား ထိပ္တိုက္ ရင္ဆုိင္တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ရာ ရဲ ၁ ဦးႏွင့္ ရာဇဝတ္ဂိုဏ္းသား ေသနတ္သမား ၄၂ ဦး ေသဆံုးခဲ့သည္။ ယခုလ ဇူလုိင္တြင္လည္း မီခ်ိဳယာကန္ရွိ အေဝးေျပးလမ္း တစ္ခုေပၚတြင္ လုပ္ႀကံပစ္ခတ္ခံရသျဖင့္ ဂြာရဲ႐ိုးျပည္နယ္ရွိ ပြန္ဂါဘာတိုၿမိဳ႕မွ ၿမိဳ႕ေတာ္ဝန္ျဖစ္သူ ေသဆံုးခဲ့ေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:CNN

#Unicode Version
မက္ကဆီကို ရဲတပ်ဖွဲ့သုံး ရဟတ်ယာဉ် တစ်စီး။

မက္ကဆီကိုတွင် ရာဇဝတ်ဂိုဏ်းသားများ၏ လက်ချက်ကြောင့် ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


မက္ကဆီကို အနောက်တောင်ပိုင်း မီချိုယာကန်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၆ ရက် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ရဟတ်ယာဉ် ပိုင်းလော့တို့ သေဆုံးခဲ့ကြောင်း ကြေညာသည်။

အဆိုပါ ရဟတ်ယာဉ်သည် ကုန်းလမ်းဖြင့် သွားလာရန် ခက်ခဲသည့် အေပတ်ဇင်ဂန် ဒေသတွင် ရဲတပ်ဖွဲ့ စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးနေခဲ့ခြင်းဖြစ်ကြောင်း မီချိုယာကန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆီလ်ဗာနို အော်ရီယိုလက်စ်က Twitterတွင် ရေးသားခဲ့သည်။ အဆိုပါ စစ်ဆင်ရေးသည် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်အချို့ကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးရန် ကြိုးစားအားထုတ်နေခဲ့ခြင်းလည်း ဖြစ်သည်။

ရဟတ်ယာဉ်သည် ရာဇဝတ်ဂိုဏ်းသားများ လက်ချက်ကြောင့် ပျက်ကျသည် ဆိုသော်လည်း မည်သို့မည်ပုံ ထိခိုက်ပျက်စီးခဲ့သည် ဆိုခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဖြစ်စဉ်အတွင်း ရဲအရာရှိတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မီချိုယာကန်သည် မက္ကဆီကို၏ နာမည်ဆိုးဖြင့် ကျော်ကြားရာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများကြား အပြန်အလှန် စစ်ခင်းနေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ရာဇဝတ်ဂိုဏ်းများနှင့် လုံခြုံရေး တပ်ဖွဲ့များကြား တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

ပြီးခဲ့သည့်နှစ် မေလက အာဏာပိုင်များနှင့် ရာဇဝတ်ဂိုဏ်းသားများကြား ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ရဲ ၁ ဦးနှင့် ရာဇဝတ်ဂိုဏ်းသား သေနတ်သမား ၄၂ ဦး သေဆုံးခဲ့သည်။ ယခုလ ဇူလိုင်တွင်လည်း မီချိုယာကန်ရှိ အဝေးပြေးလမ်း တစ်ခုပေါ်တွင် လုပ်ကြံပစ်ခတ်ခံရသဖြင့် ဂွာရဲရိုးပြည်နယ်ရှိ ပွန်ဂါဘာတိုမြို့မှ မြို့တော်ဝန်ဖြစ်သူ သေဆုံးခဲ့ကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:CNN
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top