Kantharyar Centre
×

လူေတြနဲ႔ အတူ လမ္းေလွ်ာက္ေပးရင္းနဲ႔ ပိုက္ဆံရေနသူတစ္ဦး ရွိပါတယ္။ သူကေတာ့ အေမရိကန္ႏုိင္ငံ ေလာ့စ္အိန္ဂ်လိျမိဳ႕က ခ်ပ္ခ္မကၠာသီဆုိသူ ျဖစ္ပါတယ္။  အလုပ္အကိုင္က သရုပ္ေဆာင္ျဖစ္ေပမဲ့ ဝင္ေငြလိုအပ္ခ်က္ရွိရာက ဒီအလုပ္ကို လုပ္ျဖစ္လာတာပါ။ ပထမဆံုး သူစဥ္းစားမိတာက ေခြးေတြနဲ႔လမ္းေလွ်ာက္ေပးဖို႔ ျဖစ္ေပမဲ့ ေခြးမစင္ေတြ မၾကံဳးခ်င္တာနဲ႔ မလုပ္ျဖစ္တာပါ။ ဒါေပမဲ့ ဒီလိုစဥ္းစားရာကေန လူေတြနဲ႔ အတူ လမ္းေလွ်ာက္ေပးဖို႔ အၾကံညဏ္ရလာပါတယ္။

 ဒီအလုပ္က ရယ္စရာလိုထင္ရေပမဲ့ သူ႔အတြက္ကေတာ့ ေလးနက္မႈရွိပါတယ္။ လမ္းေလွ်ာက္ရင္းနဲ႔ တစ္ဖက္လူေျပာသမွ်စကားေတြကို နားေထာင္ေပးပါတယ္။ ရင္ဖြင့္တာေတြမွန္သမွ်ကို မျငီးမျငဴနားေထာင္ေနရင္း  လံုျခံဳေရးကိုလည္း သူက တာဝန္ယူပါတယ္။ သူ႔အရပ္က ၆ ေပ ၂ လက္မေလာက္ရွိျပီး ပံုစံကုိ ၾကည့္တာနဲ႔ ေတာ္္ရုံလူကလည္း ျပႆ     နာ မရွာရဲပါဘူး။

ခ်ပ္ခ္နဲ႔အတူလမ္းေလွ်ာက္ခ်င္ရင္ ႏႈန္းထားကေတာ့ တစ္မိုင္ကိုခုႏွစ္ေဒၚလာကုန္က်မွာျဖစ္ျပီး လမ္းေလွ်ာက္ဖို႔ သူငယ္ခ်င္းမရွိသူေတြက သူ႔ရဲ႕ ေဖာက္သည္ေတြ ျဖစ္ေလ့ရွိတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

လူတွေနဲ့ အတူ လမ်းလျှောက်ပေးရင်းနဲ့ ပိုက်ဆံရနေသူတစ်ဦး ရှိပါတယ်။ သူကတော့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိမြို့က ချပ်ခ်မက္ကာသီဆိုသူ ဖြစ်ပါတယ်။  အလုပ်အကိုင်က သရုပ်ဆောင်ဖြစ်ပေမဲ့ ဝင်ငွေလိုအပ်ချက်ရှိရာက ဒီအလုပ်ကို လုပ်ဖြစ်လာတာပါ။ ပထမဆုံး သူစဉ်းစားမိတာက ခွေးတွေနဲ့လမ်းလျှောက်ပေးဖို့ ဖြစ်ပေမဲ့ ခွေးမစင်တွေ မကြုံးချင်တာနဲ့ မလုပ်ဖြစ်တာပါ။ ဒါပေမဲ့ ဒီလိုစဉ်းစားရာကနေ လူတွေနဲ့ အတူ လမ်းလျှောက်ပေးဖို့ အကြံညဏ်ရလာပါတယ်။

ဒီအလုပ်က ရယ်စရာလိုထင်ရပေမဲ့ သူ့အတွက်ကတော့ လေးနက်မှုရှိပါတယ်။ လမ်းလျှောက်ရင်းနဲ့ တစ်ဖက်လူပြောသမျှစကားတွေကို နားထောင်ပေးပါတယ်။ ရင်ဖွင့်တာတွေမှန်သမျှကို မငြီးမငြူနားထောင်နေရင်း  လုံခြုံရေးကိုလည်း သူက တာဝန်ယူပါတယ်။ သူ့အရပ်က ၆ ပေ ၂ လက်မလောက်ရှိပြီး ပုံစံကို ကြည့်တာနဲ့ တော်ရုံလူကလည်း ပြဿ     နာ မရှာရဲပါဘူး။

ချပ်ခ်နဲ့အတူလမ်းလျှောက်ချင်ရင် နှုန်းထားကတော့ တစ်မိုင်ကိုခုနှစ်ဒေါ်လာကုန်ကျမှာဖြစ်ပြီး လမ်းလျှောက်ဖို့ သူငယ်ချင်းမရှိသူတွေက သူ့ရဲ့ ဖောက်သည်တွေ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top