Shwe Zabu River View Condominium Promotion
×

လိႈင္းဘဲြ႕ၿမိဳ႕၊ ေတာင္ပေလာင္ေက်းရြာရွိိ ေစာေမာင္ခ်ဲေနအိမ္ကို စက္တင္ဘာ ၆ ရက္ေန႔ နံနက္ ၃ နာရီခန္႔က အမ်ိဳးသားငါးဦး ေရာက္ရွိလာကာ အိပ္ေပ်ာ္ေနသူႏွစ္ဦးကို သတ္၍ ေရႊႏွင့္ ေငြ သိန္း ၉၀ ေက်ာ္ကို ယူေဆာင္သြားေၾကာင္း ကရင္ျပည္နယ္ရဲတပ္ဖဲြ႕မွ တာဝန္ရွိသူတစ္ဦးက ဟသၤာမီဒီယာသို႔ ေျပာၾကားသည္။



အမည္မသိ အမ်ဳိးသားငါးဦးသည္ ေစာေမာင္ခ်ဲ ေနအိမ္ေလွကားမွေန၍ “ဝိေမာင္ခ်ဲ မင္းတို႔အားလံုး သတ္မယ္” ဟု ဆိုကာ ေနအိမ္ေပၚတက္လာစဥ္ ေစာေမာင္ခ်ဲသည္ ေနအိမ္ေပၚမွခုန္ခ် ဆင္းေျပးခဲ့ရာ ေသနတ္ျဖင့္ လိုက္လံ ပစ္သတ္ခံခဲ့ၿပီး ေနအိမ္တြင္ ပုန္းေအာင္က်န္ေနသူ ေဒၚတာၾကည္ပိုး (ခ) အုန္းရင္၏ နဖူးထိပ္ကို ေသနတ္ႏွင့္ ပစ္သတ္ခဲ့ေၾကာင္း ကရင္ျပည္နယ္ ရဲတပ္ဖဲြ႕ထံမွ သိရသည္။


ထိုေနာက္ က်န္ရွိေသာ မိသားစုထဲမွ ေဒၚေနာင္ဟီး၏ ဦေခါင္းကို ၾကမ္းျပင္ႏွင့္ ကိုင္ေဆာင့္ အိပ္ခန္းအတြင္း ထားရွိေသာ ေငြစကၠဴ ၃၅ သိန္းေက်ာ္ႏွင့္ ေရႊထည္ပစၥည္း ၅၅ သိန္းေက်ာ္တို႔ကို ယူသြားေၾကာင္း ရဲစစ္ေဆးခ်က္ မွတ္တမ္းအရ သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Hinthar Media Corporation

#Unicode Version
လှိုင်းဘွဲ့မြို့၊ တောင်ပလောင်ကျေးရွာရှိ စောမောင်ချဲနေအိမ်ကို စက်တင်ဘာ ၆ ရက်နေ့ နံနက် ၃ နာရီခန့်က အမျိုးသားငါးဦး ရောက်ရှိလာကာ အိပ်ပျော်နေသူနှစ်ဦးကို သတ်၍ ရွှေနှင့် ငွေ သိန်း ၉၀ ကျော်ကို ယူဆောင်သွားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။


အမည်မသိ အမျိုးသားငါးဦးသည် စောမောင်ချဲ နေအိမ်လှေကားမှနေ၍ “ဝိမောင်ချဲ မင်းတို့အားလုံး သတ်မယ်” ဟု ဆိုကာ နေအိမ်ပေါ်တက်လာစဉ် စောမောင်ချဲသည် နေအိမ်ပေါ်မှခုန်ချ ဆင်းပြေးခဲ့ရာ သေနတ်ဖြင့် လိုက်လံ ပစ်သတ်ခံခဲ့ပြီး နေအိမ်တွင် ပုန်းအောင်ကျန်နေသူ ဒေါ်တာကြည်ပိုး (ခ) အုန်းရင်၏ နဖူးထိပ်ကို သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။


ထိုနောက် ကျန်ရှိသော မိသားစုထဲမှ ဒေါ်နောင်ဟီး၏ ဦခေါင်းကို ကြမ်းပြင်နှင့် ကိုင်ဆောင့် အိပ်ခန်းအတွင်း ထားရှိသော ငွေစက္ကူ ၃၅ သိန်းကျော်နှင့် ရွှေထည်ပစ္စည်း ၅၅ သိန်းကျော်တို့ကို ယူသွားကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းအရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Hinthar Media Corporation 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top