Property Expo
×


Credit:Duwun

#Unicode Version
သရုပ်ဆောင် မေသက်ခိုင်က မွေးနေ့အမှတ်တရအလှူအဖြစ် ခန္ဓာကိုယ်တစ်ခုလုံးကို ခန္ဓာဗေဒဌာန ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်တွင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ လှူဒါန်းမှုကို သူမရဲ့ ပရိသတ်များအပြင် မိတ်ဆွေ သူငယ်ချင်းများကလည်း ချီးကျူးမဆုံး ဖြစ်နေပါတယ်။
မေသက်ခိုင်ရဲ့ မွေးနေ့အတွက် သူငယ်ချင်းတွေက လိုအပ်တဲ့ နေရာက ကလေးတွေအတွက် လိုအပ်တဲ့ ပစ္စည်းများ ကိုလည်း သွားရောက်လှူဒါန်းပေးခဲ့ပြီး မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့အတွက် မေသက်ခိုင် တစ်ယောက်  ဝမ်းသာ မဆုံးဖြစ်ခဲ့ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
မွေးနေ့မှာ ဆုတောင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း သူမက ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top