Property Expo
×

                                  ယခုပံုမွာ နမူနာပံုသာျဖစ္သည္

အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္၌ စက္တင္ဘာ ၃ ရက္ ညေနက အင္ဂ်င္တစ္လံုးတပ္ ေလယာဥ္ တစ္စီးသည္ ထရီနစ္တီျမစ္ထဲသို႔ ပ်က္က်ခဲ့ၿပီးေနာက္ ေလယာဥ္ ေပၚတြင္ လိုက္ပါသူႏွစ္ဦး ေသ ဆံုးခဲ့သည္။

 ေသဆံုးသူမ်ားမွာ တကၠ ဆက္ျပည္နယ္သား ေလယာဥ္မွဴး ပက္ထရစ္ဂ်ိဳးဇက္ ဖယ္တာမန္း (၂၆) ႏွစ္ႏွင့္ လူ၀ီစီယားနားျပည္ နယ္မွ တကၠဆက္ျပည္နယ္သို႔ လာေရာက္လည္ပတ္သူ ဇက္ အက္တာ (၂၅)ႏွစ္တို႔ ျဖစ္သည္ ဟု CBC သတင္းက ေဖာ္ျပသည္။


ေလယာဥ္သည္ ျမစ္ထဲသို႔ မပ်က္က်မီ စက္ရပ္သြားခဲ့သည္ဟု လစ္ဘာတီစီရင္စု ၿငိမ္၀ပ္ပိျပားေရးအရာရွိ႐ံုးက ထုတ္ျပန္သည္။

အခင္းျဖစ္ပြားရာ ေနရာသို႔ ကယ္ဆယ္ေရးသမားမ်ား ေရာက္ ရွိစဥ္ ေလယာဥ္သည္ ေဇာက္ထိုး ျဖစ္ေနသည္ဟု KHOU သတင္း က ေဖာ္ျပသည္။

ေလယာဥ္သည္ မပ်က္က်မီ အနိမ့္ပ်ံသန္းေနခဲ့ေၾကာင္း၊ ေလ ယာဥ္မွဴးသည္ စတန္႔လုပ္ရန္ ႀကိဳးပမ္းေနသည္ဟု ယူဆရေၾကာင္းႏွင့္ တစ္ပတ္ကြၽမ္းထိုးရန္ ႀကိဳးပမ္းစဥ္ စက္ရပ္သြားသည္ဟု ယူဆရေၾကာင္း မ်က္ျမင္သက္ေသမ်ားက ေျပာသည္။

 ေသဆံုးသူႏွစ္ဦး၏ အ ေလာင္းမ်ားကို ခဲြစိတ္စစ္ေဆး မည္ျဖစ္ၿပီး ေလယာဥ္ပ်က္က်ရ သည့္ အေၾကာင္းရင္းကိုလည္း စံု စမ္းေနသည္ဟု သိရသည္။

ေလယာဥ္သည္ ေရထဲ၌သာ ရွိၿပီး ေနာက္တစ္ေန႔တြင္မွ ဆယ္ ယူမည္ဟု သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ စက်တင်ဘာ ၃ ရက် ညနေက အင်ဂျင်တစ်လုံးတပ် လေယာဉ် တစ်စီးသည် ထရီနစ်တီမြစ်ထဲသို့ ပျက်ကျခဲ့ပြီးနောက် လေယာဉ် ပေါ်တွင် လိုက်ပါသူနှစ်ဦး သေ ဆုံးခဲ့သည်။

 သေဆုံးသူများမှာ တက္က ဆက်ပြည်နယ်သား လေယာဉ်မှူး ပက်ထရစ်ဂျိုးဇက် ဖယ်တာမန်း (၂၆) နှစ်နှင့် လူဝီစီယားနားပြည် နယ်မှ တက္ကဆက်ပြည်နယ်သို့ လာရောက်လည်ပတ်သူ ဇက် အက်တာ (၂၅)နှစ်တို့ ဖြစ်သည် ဟု CBC သတင်းက ဖော်ပြသည်။


လေယာဉ်သည် မြစ်ထဲသို့ မပျက်ကျမီ စက်ရပ်သွားခဲ့သည်ဟု လစ်ဘာတီစီရင်စု ငြိမ်ဝပ်ပိပြားရေးအရာရှိရုံးက ထုတ်ပြန်သည်။

အခင်းဖြစ်ပွားရာ နေရာသို့ ကယ်ဆယ်ရေးသမားများ ရောက် ရှိစဉ် လေယာဉ်သည် ဇောက်ထိုး ဖြစ်နေသည်ဟု KHOU သတင်း က ဖော်ပြသည်။

လေယာဉ်သည် မပျက်ကျမီ အနိမ့်ပျံသန်းနေခဲ့ကြောင်း၊ လေ ယာဉ်မှူးသည် စတန့်လုပ်ရန် ကြိုးပမ်းနေသည်ဟု ယူဆရကြောင်းနှင့် တစ်ပတ်ကျွမ်းထိုးရန် ကြိုးပမ်းစဉ် စက်ရပ်သွားသည်ဟု ယူဆရကြောင်း မျက်မြင်သက်သေများက ပြောသည်။

 သေဆုံးသူနှစ်ဦး၏ အ လောင်းများကို ခွဲစိတ်စစ်ဆေး မည်ဖြစ်ပြီး လေယာဉ်ပျက်ကျရ သည့် အကြောင်းရင်းကိုလည်း စုံ စမ်းနေသည်ဟု သိရသည်။

လေယာဉ်သည် ရေထဲ၌သာ ရှိပြီး နောက်တစ်နေ့တွင်မှ ဆယ် ယူမည်ဟု သိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top