Property Expo
×

အာဂ်င္တီးနား လက္ေရြးစင္အသင္းအတြက္ ပါ၀င္ကစားေနရာမွ ဘာစီလုိနာ သို႔ ေစာေစာစီးစီးျပန္လာခဲ့ရေသာ တံေကာက္ေၾကာဒဏ္ရာ ျပင္း ထန္သည္ဆုိျခင္းကို မက္ဆီက ပယ္ခ်ၿပီး အားလံုးအဆင္ေျပ သည္ဟု ေျပာၾကားသည္။

ဘာစီလိုနာၾကယ္ပြင့္ မက္ ဆီသည္ ဥ႐ုေဂြးႏွင့္ ပဲြတြင္ ပါ၀င္ ကစားႏုိင္ရန္ သံသယရွိခဲ့ေသာ္ လည္း မိနစ္ ၉၀ အျပည့္ကစားခဲ့ ကာ နည္းျပအက္ဂြါဒိုေဘာ္ဇာ၏ ပထမဆံုးပဲြျဖစ္ေသာ ယင္းပဲြ၌ ဂိုး သြင္းယူေပးခဲ့သည္။

ေနာက္တစ္ရက္တြင္ မက္ ဆီသည္ အာဂ်င္တီးနားအသင္း ၌ ပါ၀င္ျခင္း မရွိေတာ့ဘဲ ဘာစီ လုိနာသို႔ ျပန္ေရာက္လာၿပီး ေနာက္ ၎သည္ တံေကာက္ ေၾကာဒဏ္ရာ ခံစားေနရေၾကာင္း အတည္ျပဳခဲ့ကာ လာမည့္ တနဂၤ ေႏြေန႔တြင္ ကစားမည့္ အလာ ဗက္စ္ႏွင့္ပဲြ၌ ပါ၀င္ႏိုင္မည္ မဟုတ္ ေပ။ ေဖ့စ္ဘြတ္ခ္မွတစ္ဆင့္ မက္ ဆီသို႔ ဆက္သြယ္ေမးျမန္းရာ ၎ သည္ အေျခအေနအားလံုး ေကာင္းမြန္သည္ဟု အခုိင္အမာ ေျပာၾကားသည္။

မက္ဆီသည္ ဘာစီလုိနာ အသင္းက ဆဲလ္တစ္ႏွင့္ ယွဥ္ၿပိဳင္ မည့္ ခ်န္ပီယံလိဂ္အုပ္စုပဲြတြင္ ပါ၀င္လာႏိုင္ဖြယ္ ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနေရာမှ ဘာစီလိုနာ သို့ စောစောစီးစီးပြန်လာခဲ့ရသော တံကောက်ကြောဒဏ်ရာ ပြင်း ထန်သည်ဆိုခြင်းကို မက်ဆီက ပယ်ချပြီး အားလုံးအဆင်ပြေ သည်ဟု ပြောကြားသည်။

ဘာစီလိုနာကြယ်ပွင့် မက် ဆီသည် ဥရုဂွေးနှင့် ပွဲတွင် ပါဝင် ကစားနိုင်ရန် သံသယရှိခဲ့သော် လည်း မိနစ် ၉၀ အပြည့်ကစားခဲ့ ကာ နည်းပြအက်ဂွါဒိုဘော်ဇာ၏ ပထမဆုံးပွဲဖြစ်သော ယင်းပွဲ၌ ဂိုး သွင်းယူပေးခဲ့သည်။

နောက်တစ်ရက်တွင် မက် ဆီသည် အာဂျင်တီးနားအသင်း ၌ ပါဝင်ခြင်း မရှိတော့ဘဲ ဘာစီ လိုနာသို့ ပြန်ရောက်လာပြီး နောက် ၎င်းသည် တံကောက် ကြောဒဏ်ရာ ခံစားနေရကြောင်း အတည်ပြုခဲ့ကာ လာမည့် တနင်္ဂ နွေနေ့တွင် ကစားမည့် အလာ ဗက်စ်နှင့်ပွဲ၌ ပါဝင်နိုင်မည် မဟုတ် ပေ။ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မက် ဆီသို့ ဆက်သွယ်မေးမြန်းရာ ၎င်း သည် အခြေအနေအားလုံး ကောင်းမွန်သည်ဟု အခိုင်အမာ ပြောကြားသည်။

မက်ဆီသည် ဘာစီလိုနာ အသင်းက ဆဲလ်တစ်နှင့် ယှဉ်ပြိုင် မည့် ချန်ပီယံလိဂ်အုပ်စုပွဲတွင် ပါဝင်လာနိုင်ဖွယ် ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top