Property Expo
×

အသက္ ၄၀ မွ ၆၄ႏွစ္ၾကား သက္လတ္ပိုင္း အရြယ္ေတြ အရက္ေသာက္ရင္ ဦးေႏွာက္ပ်က္ ရူးသြပ္ေရာဂါ (dementia) ျဖစ္ႏိုင္မႈအႏၱရာယ္ ရွိတဲ႔အတြက္ ကိုယ္႔ရဲ႕အရက္ေသာက္သံုးမႈကို ျပန္လည္စစ္ေဆး သင္႔ေၾကာင္း ဆရာဝန္ေတြက အၾကံျပဳထားပါတယ္။

သက္လတ္ပိုင္းေတြဟာ အရက္ေသာက္သံုးမႈ စိတ္ခ်ရတဲ႔အဆင္႔ မရွိေၾကာင္း ႏုိင္ငံေတာ္ က်န္းမာေရးႏွင္႔ေဆးဘက္ဆိုင္ရာျပည္႔စံုမႈ တကၠသိုလ္ကေန ေျပာပါတယ္။

ဦးေႏွာက္ပ်က္ ရူးသြပ္ေရာဂါ၊ မသန္မစြမ္းျဖစ္ျခင္း၊ ခ်ည္႔နဲ႔ျခင္း စတဲ႔ အႏၱရာယ္ေတြကို ကာကြယ္ရန္ သက္လတ္ပိုင္းေတြဟာ အရက္ေရွာင္သင္႔ပါတယ္။ Watchdog လို႔ေခၚတဲ႔ က်န္းမာေရးဝန္ေဆာင္မႈ က အရက္ေသာက္သံုးမႈရဲ႕ အႏၱရာယ္ေတြကို ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ႔ၿပီး ျဖစ္ႏုိင္သမွ် မိမိေသာက္သံုးတဲ႔ အရက္ပမာဏကို ေလွ်ာ႔ခ်ပစ္ဖို႔ တိုက္တြန္းထားပါတယ္။

ထိုနည္းတူစြာပဲ ေဆးလိပ္ေသာက္တာ၊ ေလ႔က်င္႔ခန္းမလုပ္တာ နဲ႔ အဝလြန္တာေတြဟာ အထက္ကေျပာခဲ႔တဲ႔ က်န္းမာေရးအႏၱရာယ္ေတြကို တိုးျမင္႔ေစပါတယ္။

“လူထုလက္ခံမႈက အျပဳအမူဆိုင္ရာ အႏၱရာယ္ေတြကို သက္ေရာက္ေစႏုိင္တယ္။ အဲ႔ဒါက လူေတြ ေဆးလိပ္ေသာက္ေလ႔ေသာက္ထ နည္းလာေစပါတယ္။ ေျပာင္းလဲဖို႔အတြက္ အေရးႀကီးတဲ႔ တိုက္တြန္းမႈေပါ႔။ လူတစ္ခ်ိဳ႕က အိမ္မွာ အရက္ေသာက္တာ ပံုမွန္လိုျဖစ္လာၿပီ။ ဒီလိုလုပ္တာ က်န္းမာေရးကို ၿခိမ္းေျခာက္တာပဲ။ ကေလးေတြနဲ႔ လူငယ္ေတြက အတုျမင္ အတတ္သင္ပဲ။ သူတို႔ ေဆးလိပ္ေသာက္တာ၊ ကိုယ္ကာယ လႈပ္ရွားမႈျပဳတာ၊ အရက္ေသာက္တာ၊ စားက်င္႔ စတာေတြကို သက္လတ္ပိုင္းေတြက လႊမ္းမိုးတယ္။ ဒါေၾကာင္႔ သက္လတ္ပိုင္းေတြအေနနဲ႔ ကေလးေတြနဲ႔ လူငယ္ေတြရဲ႕ က်န္းမာေရးအတြက္ အျပဳသေဘာေဆာင္တဲ႔ လႊမ္းမိုးမႈ ျဖစ္သင္႔တယ္။” လို႔ ထုတ္ျပန္ေၾကညာခ်က္မွာ ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သစ္ထူးလြင္

#Unicode Version

အသက် ၄၀ မှ ၆၄နှစ်ကြား သက်လတ်ပိုင်း အရွယ်တွေ အရက်သောက်ရင် ဦးနှောက်ပျက် ရူးသွပ်ရောဂါ (dementia) ဖြစ်နိုင်မှုအန္တရာယ် ရှိတဲ့အတွက် ကိုယ့်ရဲ့အရက်သောက်သုံးမှုကို ပြန်လည်စစ်ဆေး သင့်ကြောင်း ဆရာဝန်တွေက အကြံပြုထားပါတယ်။

သက်လတ်ပိုင်းတွေဟာ အရက်သောက်သုံးမှု စိတ်ချရတဲ့အဆင့် မရှိကြောင်း နိုင်ငံတော် ကျန်းမာရေးနှင့်ဆေးဘက်ဆိုင်ရာပြည့်စုံမှု တက္ကသိုလ်ကနေ ပြောပါတယ်။

ဦးနှောက်ပျက် ရူးသွပ်ရောဂါ၊ မသန်မစွမ်းဖြစ်ခြင်း၊ ချည့်နဲ့ခြင်း စတဲ့ အန္တရာယ်တွေကို ကာကွယ်ရန် သက်လတ်ပိုင်းတွေဟာ အရက်ရှောင်သင့်ပါတယ်။ Watchdog လို့ခေါ်တဲ့ ကျန်းမာရေးဝန်ဆောင်မှု က အရက်သောက်သုံးမှုရဲ့ အန္တရာယ်တွေကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်နိုင်သမျှ မိမိသောက်သုံးတဲ့ အရက်ပမာဏကို လျှော့ချပစ်ဖို့ တိုက်တွန်းထားပါတယ်။

ထိုနည်းတူစွာပဲ ဆေးလိပ်သောက်တာ၊ လေ့ကျင့်ခန်းမလုပ်တာ နဲ့ အဝလွန်တာတွေဟာ အထက်ကပြောခဲ့တဲ့ ကျန်းမာရေးအန္တရာယ်တွေကို တိုးမြင့်စေပါတယ်။

“လူထုလက်ခံမှုက အပြုအမူဆိုင်ရာ အန္တရာယ်တွေကို သက်ရောက်စေနိုင်တယ်။ အဲ့ဒါက လူတွေ ဆေးလိပ်သောက်လေ့သောက်ထ နည်းလာစေပါတယ်။ ပြောင်းလဲဖို့အတွက် အရေးကြီးတဲ့ တိုက်တွန်းမှုပေါ့။ လူတစ်ချို့က အိမ်မှာ အရက်သောက်တာ ပုံမှန်လိုဖြစ်လာပြီ။ ဒီလိုလုပ်တာ ကျန်းမာရေးကို ခြိမ်းခြောက်တာပဲ။ ကလေးတွေနဲ့ လူငယ်တွေက အတုမြင် အတတ်သင်ပဲ။ သူတို့ ဆေးလိပ်သောက်တာ၊ ကိုယ်ကာယ လှုပ်ရှားမှုပြုတာ၊ အရက်သောက်တာ၊ စားကျင့် စတာတွေကို သက်လတ်ပိုင်းတွေက လွှမ်းမိုးတယ်။ ဒါကြောင့် သက်လတ်ပိုင်းတွေအနေနဲ့ ကလေးတွေနဲ့ လူငယ်တွေရဲ့ ကျန်းမာရေးအတွက် အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှု ဖြစ်သင့်တယ်။” လို့ ထုတ်ပြန်ကြေညာချက်မှာ ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:သစ်ထူးလွင်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top