Kantharyar Centre
×

အိႏိၵယႏုိင္ငံ ဘီဟာျပည္နယ္၌ စက္တင္ဘာလ ၁၉ ရက္က တိမ္းေမွာက္သြားေသာ ဘတ္စ္ကားအားေတြ ့ရစဥ္(ဆင္ဟြာ)
   
    အိႏိၵယႏုိင္ငံ အေရွ ့ပုိင္း ဘီဟာျပည္နယ္၌ စက္တင္ဘာလ ၁၉ ရက္က ခရီးသည္အလြန္အကြ်ံတင္ေဆာင္ထားေသာ ဘတ္စ္ကားတစ္စီးသည္ ဘီးေခ်ာ္မႈျဖစ္ပြားၿပီး လမ္းေဘးရွိ ေရကန္ငယ္တစ္ခုထဲသုိ ့ထုိးဆင္းတိမ္းေမွာက္သြားရာ  လူေပါင္း ၃၅ ဦးထက္ မနည္း ေသဆံုးသြားေၾကာင္ တာဝန္ရွိသူမ်ားက ဆုိသည္။

အဆုိပါ ယာဥ္တိမ္းေမွာက္မႈသည္ ဘီဟာျပည္နယ္ ပတၱနား(Patna)ၿမိဳ ့ေျမာက္ဖက္ ၁၈ဝ ကီလုိမီတာအကြာခန္ ့ရွိ Madhubani ခရုိင္အတြင္းက Shivnagar ေက်းရြာ၌ စက္တင္ဘာ ၁၉ ရက္ ညေနပုိင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ ဘီဟာမွာ လူေပါင္း ၃၅ ဦးေက်ာ္ေသဆံုးသြားရတဲ့ ယာဥ္မေတာ္တဆမႈကေတာ့ သိပ္ကုိ ဝမ္းနည္းေၾကကြဲစရာပါပဲ ” ဟု ဘီဟာျပည္နယ္မွ အဆင့္ျမင့္ႏုိင္ငံေရးပုဂၢိဳလ္တစ္ဦးျဖစ္သူ Lalu Prasad Yadav က ဆုိသည္။

အခင္းျဖစ္ ဘတ္စ္ကားသည္ Madhubani ခရုိင္ မွ Sitamarhi ခရိုင္သုိ ့ေမွာင္းႏွင္လာစဥ္ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။ အဆုိပါ ဘတ္စ္ကားေပၚတြင္ ခရီးသည္ ၆၅ ဦးေက်ာ္ လုိက္ပါလာေၾကာင္း ၊ ၄င္းတုိ ့အနက္ အနည္းစုသာ အသက္ရွင္က်န္ရစ္ေၾကာင္း သတင္းမ်ားက ဆုိသည္။
ေသဆံုးသူဦးေရမွာ ၅ဝ ဦးထိ ဆက္လက္ျမင့္တက္လာဖြယ္ရွိေၾကာင္း တာဝန္ရွိသူမ်ားက စုိးရိမ္မကင္းျဖစ္ေနသည္။ “ ဘတ္စ္ကားေပၚမွာ ခရီးသည္ ၆၅ ေယာက္လုိက္ပါလာတယ္။ ကားေမွာက္ၿပီးတဲ့အခ်ိန္မွာေတာ့ အခ်ိဳ ့ေတြက အသက္ရွင္တယ္။ ေသဆံုးသူဦးေရက ၅ဝ ဦးထိ တုိးလာႏုိင္ဖြယ္ရွိေနပါတယ္” ဟု တာဝန္ရွိသူမ်ားက ဆုိသည္။ ဘီဟာျပည္နယ္အစုိးရက ေသဆံုးသူ တစ္ဦးခ်င္းစီအတြက္ နစ္နာေၾကး အေမရိကန္ေဒၚလာ ၅၉၇၃ ေပးအပ္သြားမည္ဟု ေၾကညာခဲ့သည္။

အိႏိၵယႏုိင္ငံ၌ မူးယစ္ေသာက္စားၿပီး ယာဥ္ေမာင္းႏွင္ျခင္း ၊ လမ္းမ်က္ႏွာျပင္ေကာင္းမြန္မႈ မရွိျခင္း ႏွင့္ ခရီးသည္ အလြန္အကြ်ံတင္ေဆာင္ျခင္း တုိ ့ေၾကာင့္ ယာဥ္တိမ္းေမွာက္မႈမ်ား မၾကာခဏ ျဖစ္ပြားလ်က္ရွိသည္။
၂၀၁၅ ခုႏွစ္တြင္ ယာဥ္မေတာ္တဆမႈျဖင့္ လူေပါင္း ၁၄၆ ၁၃၃ ဦး ေသဆံုးၿပီး ၅ဝ၁၄၂၃ ဦး ဒဏ္ရာရခဲ့ေၾကာင္း အိႏိၵယႏုိင္ငံ လမ္းပန္းပုိ ့ေဆာင္ေရးဝန္ႀကီးဌာန၏ ေနာက္ဆံုးထုတ္ျပန္ခ်က္အရ သိရသည္။ ကမာၻ ့က်န္းမာေရးအဖြဲ ့ခ်ဳပ္ (WHO) ၏ ၂ဝ၁၅ ခုႏွစ္တြင္ ထုတ္ျပန္ေသာ ကမာၻ ့လမ္းအႏၲရာယ္ကင္းရွင္းေရးအစီရင္ခံစာတြင္ အိႏိၵယႏုိင္ငံ၌ ယာဥ္မေတာ္တဆမႈျဖင့္ ႏွစ္စဥ္လူေပါင္း ၂ သိန္းေက်ာ္ ေသဆံုးလ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(Xinhua)

#Unicode Version
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ စက်တင်ဘာလ ၁၉ ရက်က တိမ်းမှောက်သွားသော ဘတ်စ်ကားအားတွေ့ရစဉ်(ဆင်ဟွာ)
  
    အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ စက်တင်ဘာလ ၁၉ ရက်က ခရီးသည်အလွန်အကျွံတင်ဆောင်ထားသော ဘတ်စ်ကားတစ်စီးသည် ဘီးချော်မှုဖြစ်ပွားပြီး လမ်းဘေးရှိ ရေကန်ငယ်တစ်ခုထဲသို့ထိုးဆင်းတိမ်းမှောက်သွားရာ  လူပေါင်း ၃၅ ဦးထက် မနည်း သေဆုံးသွားကြောင် တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် ဘီဟာပြည်နယ် ပတ္တနား(Patna)မြို့မြောက်ဖက် ၁၈ဝ ကီလိုမီတာအကွာခန့်ရှိ Madhubani ခရိုင်အတွင်းက Shivnagar ကျေးရွာ၌ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဘီဟာမှာ လူပေါင်း ၃၅ ဦးကျော်သေဆုံးသွားရတဲ့ ယာဉ်မတော်တဆမှုကတော့ သိပ်ကို ဝမ်းနည်းကြေကွဲစရာပါပဲ ” ဟု ဘီဟာပြည်နယ်မှ အဆင့်မြင့်နိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Lalu Prasad Yadav က ဆိုသည်။

အခင်းဖြစ် ဘတ်စ်ကားသည် Madhubani ခရိုင် မှ Sitamarhi ခရိုင်သို့မှောင်းနှင်လာစဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ဘတ်စ်ကားပေါ်တွင် ခရီးသည် ၆၅ ဦးကျော် လိုက်ပါလာကြောင်း ၊ ၎င်းတို့အနက် အနည်းစုသာ အသက်ရှင်ကျန်ရစ်ကြောင်း သတင်းများက ဆိုသည်။
သေဆုံးသူဦးရေမှာ ၅ဝ ဦးထိ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း တာဝန်ရှိသူများက စိုးရိမ်မကင်းဖြစ်နေသည်။ “ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၆၅ ယောက်လိုက်ပါလာတယ်။ ကားမှောက်ပြီးတဲ့အချိန်မှာတော့ အချို့တွေက အသက်ရှင်တယ်။ သေဆုံးသူဦးရေက ၅ဝ ဦးထိ တိုးလာနိုင်ဖွယ်ရှိနေပါတယ်” ဟု တာဝန်ရှိသူများက ဆိုသည်။ ဘီဟာပြည်နယ်အစိုးရက သေဆုံးသူ တစ်ဦးချင်းစီအတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၅၉၇၃ ပေးအပ်သွားမည်ဟု ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ၌ မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်ခြင်း ၊ လမ်းမျက်နှာပြင်ကောင်းမွန်မှု မရှိခြင်း နှင့် ခရီးသည် အလွန်အကျွံတင်ဆောင်ခြင်း တို့ကြောင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
၂၀၁၅ ခုနှစ်တွင် ယာဉ်မတော်တဆမှုဖြင့် လူပေါင်း ၁၄၆ ၁၃၃ ဦး သေဆုံးပြီး ၅ဝ၁၄၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယနိုင်ငံ လမ်းပန်းပို့ဆောင်ရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ၏ ၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်သော ကမ္ဘာ့လမ်းအန္တရာယ်ကင်းရှင်းရေးအစီရင်ခံစာတွင် အိန္ဒိယနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြင့် နှစ်စဉ်လူပေါင်း ၂ သိန်းကျော် သေဆုံးလျက်ရှိကြောင်း ဖော်ပြထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:(Xinhua)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top