Kantharyar Centre
×

အလုပ္ထဲက အဆင္မေျပမႈေတြဟာ အခ်ိန္ကာလၾကာလာတာနဲဲ႔အမွ် စိတ္ဖိစီးမႈကို ျဖစ္လာေစပါေတာ့တယ္။ ေရ႐ွည္ခံစားေနရတဲ့ စိတ္ဖိစီးမႈေတြကတစ္ဆင့္ က်န္းမာေရးခ်ိဳ႕ယြင္းမႈကို ဦးတည္ကာ လူမႈဘဝကိုပါ ဖ်က္ဆီးေတာ့တာပါပဲ။ ဒီလိုျဖစ္လာၿပီဆုိရင္ ကိုယ့္ရဲ႕အလုပ္ကို ဆက္လုပ္သင့္၊ မသင့္ဆုိတာ ခ်င့္ခ်ိန္ဖို႔ လိုအပ္လာပါၿပီ။

၁။ အလုပ္ပံုစံ

မတရားခိုင္းတာေတြ၊ အလုပ္ခ်ိန္ၾကာျမင့္လြန္းတာေတြ၊ ပံုမွန္နားခ်ိန္မရတာနဲ႔ အလုပ္တစ္ခုကို ေသေသခ်ာခ်ာ ၿပီးျပည့္စံုေအာင္လုပ္ဖုိ႔ အခ်ိန္မရတာေတြက စိတ္ဖိစီးမႈရေစပါတယ္။

၂။ အုပ္ခ်ဳပ္မႈပံုစံ

နည္းလမ္းမွန္ အုပ္ခ်ဳပ္တာမ်ိဳးမဟုတ္တဲ့ အထက္လူႀကီးေတြေၾကာင့္လည္း စိတ္ညစ္ရပါတယ္။ လက္ေအာက္ကဝန္ထမ္းေတြကို ခြဲျခားဆက္ဆံတာမ်ိဳး၊ အေရးတယူမ႐ွိတာမ်ိဳးနဲ႔၊ မိသားစုလို သူငယ္ခ်င္းလို စိတ္သေဘာထားမ႐ွိတဲ့ ေပၚလစီေတြက ဝန္ထမ္းေတြရဲ႕စိတ္ဓာတ္ကို က်ဆင္းေစတာအမွန္ပါပဲ။

၃။ အခ်င္းခ်င္းရင္းႏွီးမႈမရွိတာ

လုပ္ေဖာ္ကိုင္ဖက္နဲ႔ ႀကီးၾကပ္သူထံက အကူအညီမရတာ၊ ေထာက္ခံအားေပးမႈမရွိတာေတြ၊ လူမ်ိဳးေရး ပုဂၢိဳလ္ေရး ခြဲျခားမႈေတြ႐ွိတဲ့ လုပ္ငန္းခြင္ဟာ စိတ္ဖိစီးမႈကိုသာ ဦးတည္ပါတယ္။

၄။ အလုပ္က႑ေတြ

ဝန္ထမ္းေတြအေပၚ တာဝန္ယူမႈ တာဝန္ခံမႈမ႐ွိတဲ့အလုပ္မ်ိဳးေပါ့။ သူေဌးေတြကသာ တစ္ခုၿပီးတစ္ခု အက်ိဳးအျမတ္ေတြရသြားၿပီး ဝန္ထမ္းေတြကေတာ့ တစ္ေန႔တစ္ျခား လူေရာစိတ္ပါ ခ်ဴခ်ာလာပါေတာ့တယ္။

၅။ ပတ္ဝန္းက်င္

လုပ္ငန္းခြင္ထဲက ဆူညံသံေတြ၊ ေလထုညစ္ညမ္းမႈေတြ၊ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြကလည္း ရုပ္ေရာစိတ္ကိုပါ က်န္းမာမႈက်ဆင္းေစပါတယ္။

၆။ တိုးတက္မႈမ႐ွိ

ကိုယ္လုပ္ေနတဲ့အလုပ္ဟာ စိတ္ခ်လံုျခံဳမႈမ႐ွိသလို ကိုယ့္အတြက္ ပိုၿပီးေကာင္းလာမယ့္ တုိးတက္တာလာမယ့္ အခြင့္အလမ္းေလ်ာ့နည္းတယ္။ လစာတိုးတာ ရာထူးတိုးတာမရွိဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အလုပ်ထဲက အဆင်မပြေမှုတွေဟာ အချိန်ကာလကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုကို ဖြစ်လာစေပါတော့တယ်။ ရေရှည်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကတစ်ဆင့် ကျန်းမာရေးချို့ယွင်းမှုကို ဦးတည်ကာ လူမှုဘဝကိုပါ ဖျက်ဆီးတော့တာပါပဲ။ ဒီလိုဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့အလုပ်ကို ဆက်လုပ်သင့်၊ မသင့်ဆိုတာ ချင့်ချိန်ဖို့ လိုအပ်လာပါပြီ။

၁။ အလုပ်ပုံစံ

မတရားခိုင်းတာတွေ၊ အလုပ်ချိန်ကြာမြင့်လွန်းတာတွေ၊ ပုံမှန်နားချိန်မရတာနဲ့ အလုပ်တစ်ခုကို သေသေချာချာ ပြီးပြည့်စုံအောင်လုပ်ဖို့ အချိန်မရတာတွေက စိတ်ဖိစီးမှုရစေပါတယ်။

၂။ အုပ်ချုပ်မှုပုံစံ

နည်းလမ်းမှန် အုပ်ချုပ်တာမျိုးမဟုတ်တဲ့ အထက်လူကြီးတွေကြောင့်လည်း စိတ်ညစ်ရပါတယ်။ လက်အောက်ကဝန်ထမ်းတွေကို ခွဲခြားဆက်ဆံတာမျိုး၊ အရေးတယူမရှိတာမျိုးနဲ့၊ မိသားစုလို သူငယ်ချင်းလို စိတ်သဘောထားမရှိတဲ့ ပေါ်လစီတွေက ဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကို ကျဆင်းစေတာအမှန်ပါပဲ။

၃။ အချင်းချင်းရင်းနှီးမှုမရှိတာ

လုပ်ဖော်ကိုင်ဖက်နဲ့ ကြီးကြပ်သူထံက အကူအညီမရတာ၊ ထောက်ခံအားပေးမှုမရှိတာတွေ၊ လူမျိုးရေး ပုဂ္ဂိုလ်ရေး ခွဲခြားမှုတွေရှိတဲ့ လုပ်ငန်းခွင်ဟာ စိတ်ဖိစီးမှုကိုသာ ဦးတည်ပါတယ်။

၄။ အလုပ်ကဏ္ဍတွေ

ဝန်ထမ်းတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အလုပ်မျိုးပေါ့။ သူဌေးတွေကသာ တစ်ခုပြီးတစ်ခု အကျိုးအမြတ်တွေရသွားပြီး ဝန်ထမ်းတွေကတော့ တစ်နေ့တစ်ခြား လူရောစိတ်ပါ ချူချာလာပါတော့တယ်။

၅။ ပတ်ဝန်းကျင်

လုပ်ငန်းခွင်ထဲက ဆူညံသံတွေ၊ လေထုညစ်ညမ်းမှုတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကလည်း ရုပ်ရောစိတ်ကိုပါ ကျန်းမာမှုကျဆင်းစေပါတယ်။

၆။ တိုးတက်မှုမရှိ

ကိုယ်လုပ်နေတဲ့အလုပ်ဟာ စိတ်ချလုံခြုံမှုမရှိသလို ကိုယ့်အတွက် ပိုပြီးကောင်းလာမယ့် တိုးတက်တာလာမယ့် အခွင့်အလမ်းလျော့နည်းတယ်။ လစာတိုးတာ ရာထူးတိုးတာမရှိဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top