Property Expo
×

႐ုရွားႏိုင္ငံတြင္ သတင္းႀကီးခဲ့သည့္ ျမစ္ေရ အနီေရာင္ ေျပာင္းခဲ့ျခင္းသည္ မိမိတို႔၏ စနက္ေၾကာင့္ျဖစ္ေၾကာင္း စက္မႈလုပ္ငန္း တစ္ခုက ဝန္ခံခဲ့သည္။
ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ႐ုရွားပိုင္နက္ရွိ အာတိတ္ေဒသမွ ဒယ္လ္ဒီကန္ ျမစ္ေရသည္ အနီေရာင္အျဖစ္ ေျပာင္းလဲ စီးဆင္းေနရာ လူအမ်ား အထိတ္တလန္႔ ျဖစ္ခဲ့ရသည္။ စက္တင္ဘာ ၅ ရက္က ျဖစ္ရပ္ကို အာဏာပိုင္မ်ားက စံုစမ္း စစ္ေဆးၿပီးေနာက္ နစ္ကယ္လ္ ဓာတ္သတၱဳ ထုတ္လုပ္သည့္ ကမာၻ႕အႀကီးဆံုး ကုမၸဏီ တစ္ခုျဖစ္ေသာ Norilsk Nickelက မိမိတို႔၏ နာဒက္ဇ္ဒါ စက္႐ံုခြဲရွိ ေရဆိုးသိုေလွာင္ရာ တာတမံတစ္ခုမွ ေရနီမ်ား စိမ့္ထြက္ခဲ့ျခင္းဟု အတည္ျပဳခဲ့သည္။

ကုမၸဏီ၏ အဆိုအရ မိုးသည္းထန္စြာ ရြာသြန္းသျဖင့္ တာတမံ ေဘာင္တြင္ က်ိဳးအက္မႈမ်ား ျဖစ္ပြားကာ ေရမ်ား အလံုးအရင္း စိမ့္ထြက္သြားခဲ့ျခင္းဟု သိရသည္။ သို႔ေသာ္လည္း အဆိုပါ ေရနီမ်ားသည္ လူအမ်ားႏွင့္ သဘာဝ
ေတာ႐ိုင္းတိရစာၦန္မ်ားကို ေဘးဥပါဒ္ ျဖစ္ေစမည္ မဟုတ္ဟုလည္း ကုမၸဏီက ဆိုသည္။

အေစာပိုင္းက ကုမၸဏီသည္ အဆုိပါ ေရနီေျပာင္းလဲမႈ ကိစၥႏွင့္ ပတ္သက္၍ မိမိတို႔တြင္ တာဝန္မရွိဟု ျငင္းဆန္ခဲ့ေသးသည္။ ေရနီမ်ား ဘဘာဝ ျမစ္ေခ်ာင္းတစ္ခုထဲ စီးဆင္းခဲ့သည့္ ကိစၥႏွင့္ ပတ္သက္၍ မည္သို႔မည္ပံု သက္ေရာက္ ထိခုိက္ႏုိင္သည္ကို ႀကိဳတင္ခန္႔မွန္းရန္ ေစာလြန္းေသးေၾကာင္း Greenpeace၏ ႐ုရွားအဖဲြ႕ခြဲမွ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူ ေအလက္စီ ကီဆယ္လ္ေယာ့ဗ္က AFPသို႔ ေျပာၾကားခဲ့သည္။

“သက္ေရာက္မႈ အႀကီးႀကီး မျဖစ္ပါေစနဲ႔လို႔ ဆုေတာင္း႐ံုေပါ့။ ဒီကိစၥက သိပ္အေရးမႀကီးပါဘူးလုိ႔ေတာ့ ဘယ္လုိမွ ေျပာလုိ႔မရပါဘူး”ဟု ၎က မွတ္ခ်က္ေပးခဲ့သည္။ ေရနီေျပာင္းလဲမႈႏွင့္ ပတ္သက္ၿပီး အေၾကာင္းရင္းမွာ ဓာတုပစၥည္းမ်ား ျမစ္ေရထဲ ယိုစိမ့္ေရာေႏွာမႈေၾကာင့္ ျဖစ္ႏုိင္ေၾကာင္း ႐ုရွား သဘာဝ ပတ္ဝန္းက်င္ ဝန္ႀကီးဌာန တာဝန္ရွိသူမ်ားက အေစာပိုင္းတြင္ မွတ္ခ်က္ေပးခဲ့သည္။

ျမစ္ေရသည္ စက္တင္ဘာ ၅ ရက္တြင္ အနီေရာင္ ေျပာင္းသြားခဲ့ၿပီး ၂ ရက္မွ်အၾကာ စက္တင္ဘာ ၇ ရက္တြင္ ပံုမွန္အေရာင္ ျပန္ျဖစ္သြားခဲ့သည္။ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး အဖဲြ႕အစည္းမ်ားက Norilsk Nickel၏ စက္႐ံုသည္ လံုၿခံဳေရး အဆင့္အတန္းမီ တည္ေဆာက္ထားျခင္း မရွိဟုလည္း စြပ္စြဲခဲ့ၾကေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
ရုရှားနိုင်ငံတွင် သတင်းကြီးခဲ့သည့် မြစ်ရေ အနီရောင် ပြောင်းခဲ့ခြင်းသည် မိမိတို့၏ စနက်ကြောင့်ဖြစ်ကြောင်း စက်မှုလုပ်ငန်း တစ်ခုက ဝန်ခံခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရုရှားပိုင်နက်ရှိ အာတိတ်ဒေသမှ ဒယ်လ်ဒီကန် မြစ်ရေသည် အနီရောင်အဖြစ် ပြောင်းလဲ စီးဆင်းနေရာ လူအများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ စက်တင်ဘာ ၅ ရက်က ဖြစ်ရပ်ကို အာဏာပိုင်များက စုံစမ်း စစ်ဆေးပြီးနောက် နစ်ကယ်လ် ဓာတ်သတ္တု ထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ တစ်ခုဖြစ်သော Norilsk Nickelက မိမိတို့၏ နာဒက်ဇ်ဒါ စက်ရုံခွဲရှိ ရေဆိုးသိုလှောင်ရာ တာတမံတစ်ခုမှ ရေနီများ စိမ့်ထွက်ခဲ့ခြင်းဟု အတည်ပြုခဲ့သည်။

ကုမ္ပဏီ၏ အဆိုအရ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တာတမံ ဘောင်တွင် ကျိုးအက်မှုများ ဖြစ်ပွားကာ ရေများ အလုံးအရင်း စိမ့်ထွက်သွားခဲ့ခြင်းဟု သိရသည်။ သို့သော်လည်း အဆိုပါ ရေနီများသည် လူအများနှင့် သဘာဝ
တောရိုင်းတိရစ္ဆာန်များကို ဘေးဥပါဒ် ဖြစ်စေမည် မဟုတ်ဟုလည်း ကုမ္ပဏီက ဆိုသည်။

အစောပိုင်းက ကုမ္ပဏီသည် အဆိုပါ ရေနီပြောင်းလဲမှု ကိစ္စနှင့် ပတ်သက်၍ မိမိတို့တွင် တာဝန်မရှိဟု ငြင်းဆန်ခဲ့သေးသည်။ ရေနီများ ဘဘာဝ မြစ်ချောင်းတစ်ခုထဲ စီးဆင်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မည်သို့မည်ပုံ သက်ရောက် ထိခိုက်နိုင်သည်ကို ကြိုတင်ခန့်မှန်းရန် စောလွန်းသေးကြောင်း Greenpeace၏ ရုရှားအဖွဲ့ခွဲမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ အေလက်စီ ကီဆယ်လ်ယော့ဗ်က AFPသို့ ပြောကြားခဲ့သည်။

“သက်ရောက်မှု အကြီးကြီး မဖြစ်ပါစေနဲ့လို့ ဆုတောင်းရုံပေါ့။ ဒီကိစ္စက သိပ်အရေးမကြီးပါဘူးလို့တော့ ဘယ်လိုမှ ပြောလို့မရပါဘူး”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။ ရေနီပြောင်းလဲမှုနှင့် ပတ်သက်ပြီး အကြောင်းရင်းမှာ ဓာတုပစ္စည်းများ မြစ်ရေထဲ ယိုစိမ့်ရောနှောမှုကြောင့် ဖြစ်နိုင်ကြောင်း ရုရှား သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာန တာဝန်ရှိသူများက အစောပိုင်းတွင် မှတ်ချက်ပေးခဲ့သည်။

မြစ်ရေသည် စက်တင်ဘာ ၅ ရက်တွင် အနီရောင် ပြောင်းသွားခဲ့ပြီး ၂ ရက်မျှအကြာ စက်တင်ဘာ ၇ ရက်တွင် ပုံမှန်အရောင် ပြန်ဖြစ်သွားခဲ့သည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများက Norilsk Nickel၏ စက်ရုံသည် လုံခြုံရေး အဆင့်အတန်းမီ တည်ဆောက်ထားခြင်း မရှိဟုလည်း စွပ်စွဲခဲ့ကြကြောင်း သိရသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:7Day News


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top