Property Expo
×

ေရေမႊးဟာ မိန္းကေလးအမ်ားစု အတြက္ မရွိမျဖစ္တဲ့အရာျဖစ္ၿပီး  သင္းပ်ံ႕တဲ့ရန႔ံေလးေၾကာင့္ ကိုယ့္ ကိုယ္ကိုယ္ ယုံၾကည္မႈလည္း ပို လာေစပါတယ္။ ဒါေၾကာင့္မို႔ ရနံ႔ သင္းသင္းေလး ကိုယ္မွာၾကာရွည္ စဲြေနေစဖုိ႔ ဘာေတြလုပ္ရမယ္ဆို တာ ေဖာ္ျပေပးလုိက္ပါတယ္။

အ၀တ္အစား မ၀တ္ခင္မွာ ေရေမႊး ဆြတ္ပါ- ေရေမႊးေတြက အ၀တ္ အစားေတြကို စြန္းေပတာမ်ဳိးျဖစ္ ေစႏုိင္တာမို႔ အ၀တ္အစားမွာ မ ဆြတ္ဘဲ ခႏၶာကိုယ္မွာ တုိက္႐ုိက္ ဆြတ္ေပးရင္ သဘာ၀အပူခ်ိန္ ေၾကာင့္ ေရေမႊးကိုၾကာရွည္ေမႊးပ်ံ႕ ေနေစပါတယ္။

ေရေမႊးဆြတ္ၿပီး မပြတ္ေျခပါႏွင့္ - အသားေပၚမွာ ေရေမႊးဖ်န္းလုိက္ ၿပီးတာနဲ႔ ပြတ္ေျခလုိက္ရင္ ရနံ႔ေမာ္ လီက်ဴးေတြ ပ်က္စီးကုန္ၿပီး မူလ ရနံ႔လည္း မရေတာ့ပါဘူး။ ဒါ ေၾကာင့္မို႔ ေရေမႊးဆြတ္မယ္ဆိုရင္ အေရျပားနဲ႔ ၁၅-၂၅ စင္တီမီ တာေလာက္ အကြာကေန ဆြတ္ ၿပီး ဒီအတုိင္းထားပါ။

ေရေမႊးဆြတ္သင့္တဲ့ေနရာ -နားရြက္အေနာက္ဘက္၊ လည္ပင္းေအာက္နား၊ လက္ေကာက္၀တ္၊ တံေတာင္ဆစ္အတြင္းေနရာနဲ႔ ဒူး ေခါင္းအေနာက္ဘက္ေတြ ျဖစ္ပါ တယ္။

အသားအေရစိုျပည္ေအာင္ထား ပါ- ေရေမႊးေတြက အဆီျပန္တဲ့ အသားအေရေတြမွာ ပိုမုိၾကာရွည္ခံတာမို႔ အသားအေရေျခာက္သူေတြအေနနဲ႔ အေရျပားကို လုိးရွင္းလိမ္းထားၿပီး စိုျပည္ေနေအာင္လုပ္ၿပီးမွသာ ေရေမႊးဆြတ္သင့္ပါတယ္။

ေခါင္းၿဖီးဘရပ္ရဲွထဲ ေရေမႊးဆြတ္ ပါ- ေခါင္းၿဖီးတဲ့ဘရက္ရွ္ကို ေရ ေမႊးအနည္းငယ္ဆြတ္ထားရင္ ေခါင္းၿဖီးတဲ့အခါ ဆံသားေလးေတြ ပါ ေမႊးပ်ံ႕ၿပီး ေရေမႊးန႔ံေလးေတာ္ ေတာ္နဲ႔ ေပ်ာက္မသြားမွာ ေသခ်ာ ပါတယ္။

လုိးရွင္းနဲ႔ ေပါင္းစပ္ပါ -ေမႊးရနံ႔ ေတြ ၾကာရွည္ခံမယ့္ နည္းတစ္ခုက ေတာ့ အရင္ဆုံးလက္မွာ ေရေမႊး ဖ်န္းၿပီးရင္ လုိးရွင္းအနည္းငယ္ တင္ၿပီး တစ္ခါေရေမႊးအနည္းငယ္ ထပ္ဖ်န္းၿပီး အေရျပားအႏွံ႔လိမ္း ေပးရင္ တစ္ခ်ိန္လုံးေမႊးပ်ံ႕ေနေစ မွာပါ။

စနစ္တက်သိမ္းဆည္းပါ - ေရ ေမႊးပုလင္းေတြကို ေအးၿပီး ေျခာက္ေသြ႕တဲ့ေနရာမွာ သိမ္းဆည္းထား ဖို႔ လိုပါတယ္။ စပေရးပုံစံေရေမႊး ပုလင္းေတြကိုဆုိရင္ ေမႊးရနံ႔ျပယ္ တာတို႔၊ အေငြ႕ျပန္တာတို႔ မျဖစ္ေစ တဲ့အတြက္ ေရေမႊးစပေရးပုလင္း သာ ၀ယ္ယူပါ။

ရန႔ံကို ေသခ်ာေရြးခ်ယ္ပါ - ေမႊး ရနံ႔ၾကာရွည္ခံဖို႔ဆိုရင္ ေရေမႊးရဲ႕ အေျခခံရနံ႔ကို ေသခ်ာေရြးခ်ယ္ဖို႔ အခ်က္ကလည္း အေရးႀကီးပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရေမွှေးဟာ မိန်းကလေးအများစု အတွက် မရှိမဖြစ်တဲ့အရာဖြစ်ပြီး  သင်းပျံ့တဲ့ရနံ့လေးကြောင့် ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုလည်း ပို လာစေပါတယ်။ ဒါကြောင့်မို့ ရနံ့ သင်းသင်းလေး ကိုယ်မှာကြာရှည် စွဲနေစေဖို့ ဘာတွေလုပ်ရမယ်ဆို တာ ဖော်ပြပေးလိုက်ပါတယ်။

အဝတ်အစား မဝတ်ခင်မှာ ရေမွှေး ဆွတ်ပါ- ရေမွှေးတွေက အဝတ် အစားတွေကို စွန်းပေတာမျိုးဖြစ် စေနိုင်တာမို့ အဝတ်အစားမှာ မ ဆွတ်ဘဲ ခန္ဓာကိုယ်မှာ တိုက်ရိုက် ဆွတ်ပေးရင် သဘာဝအပူချိန် ကြောင့် ရေမွှေးကိုကြာရှည်မွှေးပျံ့ နေစေပါတယ်။

ရေမွှေးဆွတ်ပြီး မပွတ်ခြေပါနှင့် - အသားပေါ်မှာ ရေမွှေးဖျန်းလိုက် ပြီးတာနဲ့ ပွတ်ခြေလိုက်ရင် ရနံ့မော် လီကျူးတွေ ပျက်စီးကုန်ပြီး မူလ ရနံ့လည်း မရတော့ပါဘူး။ ဒါ ကြောင့်မို့ ရေမွှေးဆွတ်မယ်ဆိုရင် အရေပြားနဲ့ ၁၅-၂၅ စင်တီမီ တာလောက် အကွာကနေ ဆွတ် ပြီး ဒီအတိုင်းထားပါ။

ရေမွှေးဆွတ်သင့်တဲ့နေရာ -နားရွက်အနောက်ဘက်၊ လည်ပင်းအောက်နား၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်အတွင်းနေရာနဲ့ ဒူး ခေါင်းအနောက်ဘက်တွေ ဖြစ်ပါ တယ်။

အသားအရေစိုပြည်အောင်ထား ပါ- ရေမွှေးတွေက အဆီပြန်တဲ့ အသားအရေတွေမှာ ပိုမိုကြာရှည်ခံတာမို့ အသားအရေခြောက်သူတွေအနေနဲ့ အရေပြားကို လိုးရှင်းလိမ်းထားပြီး စိုပြည်နေအောင်လုပ်ပြီးမှသာ ရေမွှေးဆွတ်သင့်ပါတယ်။

ခေါင်းဖြီးဘရပ်ရဲှထဲ ရေမွှေးဆွတ် ပါ- ခေါင်းဖြီးတဲ့ဘရက်ရှ်ကို ရေ မွှေးအနည်းငယ်ဆွတ်ထားရင် ခေါင်းဖြီးတဲ့အခါ ဆံသားလေးတွေ ပါ မွှေးပျံ့ပြီး ရေမွှေးနံ့လေးတော် တော်နဲ့ ပျောက်မသွားမှာ သေချာ ပါတယ်။

လိုးရှင်းနဲ့ ပေါင်းစပ်ပါ -မွှေးရနံ့ တွေ ကြာရှည်ခံမယ့် နည်းတစ်ခုက တော့ အရင်ဆုံးလက်မှာ ရေမွှေး ဖျန်းပြီးရင် လိုးရှင်းအနည်းငယ် တင်ပြီး တစ်ခါရေမွှေးအနည်းငယ် ထပ်ဖျန်းပြီး အရေပြားအနှံ့လိမ်း ပေးရင် တစ်ချိန်လုံးမွှေးပျံ့နေစေ မှာပါ။

စနစ်တကျသိမ်းဆည်းပါ - ရေ မွှေးပုလင်းတွေကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းထား ဖို့ လိုပါတယ်။ စပရေးပုံစံရေမွှေး ပုလင်းတွေကိုဆိုရင် မွှေးရနံ့ပြယ် တာတို့၊ အငွေ့ပြန်တာတို့ မဖြစ်စေ တဲ့အတွက် ရေမွှေးစပရေးပုလင်း သာ ဝယ်ယူပါ။

ရနံ့ကို သေချာရွေးချယ်ပါ - မွှေး ရနံ့ကြာရှည်ခံဖို့ဆိုရင် ရေမွှေးရဲ့ အခြေခံရနံ့ကို သေချာရွေးချယ်ဖို့ အချက်ကလည်း အရေးကြီးပါ တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top