Property Expo
×

ပညာရွင္ေတြကေတာ့ အစာစားခ်ိန္မွာ မီးပိတ္ၿပီးစားတာ ဒါမွမဟုတ္ မ်က္လံုးကို အဝတ္အုပ္ၿပီး အစာစားတာမ်ိဳးေတြက ဝိတ္က်ေစတယ္လို႔ ဆုိပါတယ္။

အေမွာင္ထဲမွာ အစာစားတာဟာဆိုရင္ေတာ့ ဦးေႏွာက္ေစခိုင္းတဲ့ အစာေျခတဲ့လုပ္ငန္းကို ေႏွာင့္ေႏွးသြားေစၿပီး အစာေျခတံေတြးရည္ေတြ ထုတ္လုပ္မႈကို ေႏွာင့္ေႏွးသြားေစတာေၾကာင့္ ေနာက္ထပ္အစာစားခ်င္စိတ္ကို ေလွ်ာ့ခ်ေပးလိုက္လို႔ ဝိတ္က်ေစတာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေလ့လာသူေတြဟာ လူအေယာက္ ၅၀ ကို ညအိပ္မ်က္မွန္ေတြ တပ္ခိုင္းၿပီး အစာေတြကို အျခားလူအေယာက္ ၅၀ နဲ႔ ခြံ႕ေကၽြးေစခဲ့ၾကပါတယ္။ သူတို႔ကို အေလးခ်ိန္ 200 ဂရမ္ရွိတဲ့ အစားအစာေတြကို ေကၽြးေမြးခဲ့ရာမွာေတာ့ အကုန္ကုန္ေအာင္မစားသံုးႏုိင္ဘဲနဲ႔ 150 ဂရမ္ေလာက္သာ ပ်မ္းမွ်စားသံုးႏုိင္ခဲ့ၾကပါတယ္။ ေလ့လာမႈမျပဳလုပ္ခင္ ႏွစ္နာရီအတြင္းမွာလည္း သူတို႔ကို ဘာအစားအစာမွ မေကၽြးေမြးခဲ့ပါဘူး။

ဒီလိုအေမွာင္ခ်ၿပီး အစာစားတာဟာ အစားအစာေတြကို မျမင္ႏုိင္လုိ႔ အမ်ားႀကီးမစားသံုးႏုိင္တာလု႔ိ ပညာရွင္ေတြက ထင္မွတ္ခဲ့ၾကေပမယ့္လည္း တကယ္တမ္းမွာေတာ့ ပါဝင္ၿပီး အစမ္းသပ္ခံတဲ့လူေတြဟာ ဘယ္အစားအစာက ပမာဏဘယ္ေလာက္သာရွိတယ္ဆုိတာ သိေနေပမယ့္လည္း ထပ္ၿပီး စားသံုးခ်င္စိတ္မရွိေတာ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဦးေဆာင္ေလ့လာသူ ေဒါက္တာဘရစ္တာရင္နာကေတာ့ “အစားအစာေတြကို မျမင္ရဘဲစားသံုးေစတာဟာ ကိုယ္ကအမ်ားႀကီးစားသံုးႏုိင္တယ္လို႔ ထင္ရေပမယ့္လည္း လက္ေတြ႔မွာေတာ့ စားသံုးတဲ့ပမာဏက နည္းပါးေနပါတယ္။ ဒီလုိမ်ိဳး သဘာဝကို ဆန္႔က်င္ၿပီးေတာ့ အစာစားသံုးတဲ့နည္းေတြက လူေတြကို မထင္မွတ္တဲ့ အက်ိဳးေတြသက္ေရာက္ေစပါတယ္” လို႔ ေျပာျပထားပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

ပညာရှင်တွေကတော့ အစာစားချိန်မှာ မီးပိတ်ပြီးစားတာ ဒါမှမဟုတ် မျက်လုံးကို အဝတ်အုပ်ပြီး အစာစားတာမျိုးတွေက ဝိတ်ကျစေတယ်လို့ ဆိုပါတယ်။

အမှောင်ထဲမှာ အစာစားတာဟာဆိုရင်တော့ ဦးနှောက်စေခိုင်းတဲ့ အစာခြေတဲ့လုပ်ငန်းကို နှောင့်နှေးသွားစေပြီး အစာခြေတံတွေးရည်တွေ ထုတ်လုပ်မှုကို နှောင့်နှေးသွားစေတာကြောင့် နောက်ထပ်အစာစားချင်စိတ်ကို လျှော့ချပေးလိုက်လို့ ဝိတ်ကျစေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လေ့လာသူတွေဟာ လူအယောက် ၅၀ ကို ညအိပ်မျက်မှန်တွေ တပ်ခိုင်းပြီး အစာတွေကို အခြားလူအယောက် ၅၀ နဲ့ ခွံ့ကျွေးစေခဲ့ကြပါတယ်။ သူတို့ကို အလေးချိန် 200 ဂရမ်ရှိတဲ့ အစားအစာတွေကို ကျွေးမွေးခဲ့ရာမှာတော့ အကုန်ကုန်အောင်မစားသုံးနိုင်ဘဲနဲ့ 150 ဂရမ်လောက်သာ ပျမ်းမျှစားသုံးနိုင်ခဲ့ကြပါတယ်။ လေ့လာမှုမပြုလုပ်ခင် နှစ်နာရီအတွင်းမှာလည်း သူတို့ကို ဘာအစားအစာမှ မကျွေးမွေးခဲ့ပါဘူး။

ဒီလိုအမှောင်ချပြီး အစာစားတာဟာ အစားအစာတွေကို မမြင်နိုင်လို့ အများကြီးမစားသုံးနိုင်တာလု့ိ ပညာရှင်တွေက ထင်မှတ်ခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ပါဝင်ပြီး အစမ်းသပ်ခံတဲ့လူတွေဟာ ဘယ်အစားအစာက ပမာဏဘယ်လောက်သာရှိတယ်ဆိုတာ သိနေပေမယ့်လည်း ထပ်ပြီး စားသုံးချင်စိတ်မရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

ဦးဆောင်လေ့လာသူ ဒေါက်တာဘရစ်တာရင်နာကတော့ “အစားအစာတွေကို မမြင်ရဘဲစားသုံးစေတာဟာ ကိုယ်ကအများကြီးစားသုံးနိုင်တယ်လို့ ထင်ရပေမယ့်လည်း လက်တွေ့မှာတော့ စားသုံးတဲ့ပမာဏက နည်းပါးနေပါတယ်။ ဒီလိုမျိုး သဘာဝကို ဆန့်ကျင်ပြီးတော့ အစာစားသုံးတဲ့နည်းတွေက လူတွေကို မထင်မှတ်တဲ့ အကျိုးတွေသက်ရောက်စေပါတယ်” လို့ ပြောပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top