Kantharyar Centre
×

ယခုရာစုႏွစ္အကုန္တြင္ ေရာဂါအားလံုးအား ကုသကာကြယ္ႏုိင္ေရး ရန္ပံုေငြမတည္ေပးမည့္ အစီအစဥ္ကို ေၾကညာေနေသာ မက္ခ္ဇူကာဘက္ႏွင့္ ဇနီးပရီဆီလာခ်န္း (Beck Diefenbach/reuters)

 ေဖ့စ္ဘြတ္ခ္ တည္ေထာင္သူ မက္ခ္ဇူကာဘက္ ႏွင့္ ဇနီးပရီဆီလာခ်န္းတုိ႔က လာ မည့္ ၁၀ ႏွစ္တာ ေဆးဖက္ဆိုင္ ရာ သုေတသနအတြက္ ရန္ပံုေငြ ကန္ေဒၚလာသံုးဘီလီယံ မတည္ မည္ဟု ကတိျပဳခဲ့သည္။

ယခုရာစုႏွစ္ အကုန္တြင္ ေရာဂါအားလံုးကို ကုသ၊ ကာ ကြယ္ျခင္း (သို႔မဟုတ္) စီမံခန္႔ခဲြ ႏိုင္ေရးသည္ ၎တို႔၏ အဆံုးစြန္ ရည္မွန္းခ်က္ျဖစ္သည္ဟု ဇူကာ ဘက္တို႔ ဇနီးေမာင္ႏွံက ဆန္ဖရန္ စစၥကိုၿမိဳ႕တြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပဲြတစ္ခု၌ ေျပာ ၾကားသည္။


ယင္းရန္ပံုေငြမ်ားကို ၂၀၁၅ ဒီဇင္ဘာက ၎တို႔ တည္ေထာင္ ခဲ့သည့္ ခ်န္ဇူကာဘက္ပရဟိတ အဖဲြ႕က ေပးမည္ျဖစ္သည္။

နည္းပညာလုပ္ငန္း ထိပ္သီး ကုမၸဏီမ်ားသည္ က်န္းမာေရး က႑အေပၚ ေျပာင္းလဲအာ႐ံုစိုက္ မႈ ပိုမ်ားလာေနသည္။

ယခုသီတင္းပတ္အေစာပိုင္း တြင္ မိုက္က႐ုိေဆာ့ဖ္ကုမၸဏီက တုပတည္ေဆာက္ထားသည့္ အ သိဉာဏ္ဆိုင္ရာ ေဆာ့ဖ္၀ဲမ်ားသံုးၿပီး ကင္ဆာေရာဂါအတြက္ အ ေျဖရွာသြားရန္ ရည္ရြယ္ထား သည္ဟု ေျပာသည္။

ေရာဂါမ်ားကို ပိုမိုတိက်စြာ စစ္ေဆးေဖာ္ထုတ္ေရး ကြန္ပ်ဴ တာ အသံုးျပဳႏုိင္မည့္ နည္းလမ္း တစ္ရပ္ရွာေဖြရန္ ဂူးဂဲလ္ကုမၸဏီ က အမ်ိဳးသားက်န္းမာေရးဌာန (NHS)ႏွင့္ လက္တဲြေဆာင္ရြက္ ေနသည္ဟုေျပာသည္။

အိုင္ဘီအမ္ႏွင့္ အမ္အိုင္တီ ကုမၸဏီတို႔ကလည္း သက္ႀကီး ရြယ္အိုမ်ားႏွင့္ မသန္စြမ္းျဖစ္ေန သူမ်ားအား ေစာင့္ေရွာက္မႈ တိုး ျမႇင့္ေရး၊ ေဆးခန္းမ်ားကို ကူညီႏိုင္ မည့္ မွတ္ဉာဏ္တုအေျခခံစနစ္ မ်ား တည္ေဆာက္ရန္ ပူးေပါင္း ေဆာင္ရြက္ေနေၾကာင္း ယခုသီ တင္းပတ္အေစာပိုင္းက ေၾကညာ ခဲ့သည္။

Biohub ဟုေခၚေသာ သု ေသသနစင္တာ အသစ္တစ္ခု တည္ေဆာက္ေရး ကန္ေဒၚလာ သန္း  ၆၀၀ မတည္ရန္ ၎တို႔ ကတိေပးထားသည္ဟု မစၥစ္ခ်န္ က ေျပာသည္။

ယင္းသုေတသနဌာနက စီမံ ကိန္းႏွစ္ခုကို ကနဦး လုပ္ေဆာင္ မည္ျဖစ္သည္။

ပထမစီမံကိန္းက ခႏၶာကိုယ္ ၏ အဓိကအဂၤါမ်ားကို ထိန္းခ်ဳပ္ ထားေသာ မတူညီသည့္ ဆဲလ္ပံုစံ မ်ားကို ေဖာ္ျပသည့္ ေျမပံုတစ္ခု  ေရးဆဲြမည္ျဖစ္သည္။

ဒုတိယစီမံကိန္းက အိတ္ခ်္ အိုင္ဗီ၊ အီဘိုလာႏွင့္ ဇီကာအျပင္ အျခားေရာဂါသစ္မ်ားကို တိုက္ ဖ်က္ေရး လုပ္ေဆာင္မည္ျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

ယခုရာစုနှစ်အကုန်တွင် ရောဂါအားလုံးအား ကုသကာကွယ်နိုင်ရေး ရန်ပုံငွေမတည်ပေးမည့် အစီအစဉ်ကို ကြေညာနေသော မက်ခ်ဇူကာဘက်နှင့် ဇနီးပရီဆီလာချန်း (Beck Diefenbach/reuters)

 ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မက်ခ်ဇူကာဘက် နှင့် ဇနီးပရီဆီလာချန်းတို့က လာ မည့် ၁၀ နှစ်တာ ဆေးဖက်ဆိုင် ရာ သုတေသနအတွက် ရန်ပုံငွေ ကန်ဒေါ်လာသုံးဘီလီယံ မတည် မည်ဟု ကတိပြုခဲ့သည်။

ယခုရာစုနှစ် အကုန်တွင် ရောဂါအားလုံးကို ကုသ၊ ကာ ကွယ်ခြင်း (သို့မဟုတ်) စီမံခန့်ခွဲ နိုင်ရေးသည် ၎င်းတို့၏ အဆုံးစွန် ရည်မှန်းချက်ဖြစ်သည်ဟု ဇူကာ ဘက်တို့ ဇနီးမောင်နှံက ဆန်ဖရန် စစ္စကိုမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြော ကြားသည်။

ယင်းရန်ပုံငွေများကို ၂၀၁၅ ဒီဇင်ဘာက ၎င်းတို့ တည်ထောင် ခဲ့သည့် ချန်ဇူကာဘက်ပရဟိတ အဖွဲ့က ပေးမည်ဖြစ်သည်။

နည်းပညာလုပ်ငန်း ထိပ်သီး ကုမ္ပဏီများသည် ကျန်းမာရေး ကဏ္ဍအပေါ် ပြောင်းလဲအာရုံစိုက် မှု ပိုများလာနေသည်။

ယခုသီတင်းပတ်အစောပိုင်း တွင် မိုက်ကရိုဆော့ဖ်ကုမ္ပဏီက တုပတည်ဆောက်ထားသည့် အ သိဉာဏ်ဆိုင်ရာ ဆော့ဖ်ဝဲများသုံးပြီး ကင်ဆာရောဂါအတွက် အ ဖြေရှာသွားရန် ရည်ရွယ်ထား သည်ဟု ပြောသည်။

ရောဂါများကို ပိုမိုတိကျစွာ စစ်ဆေးဖော်ထုတ်ရေး ကွန်ပျူ တာ အသုံးပြုနိုင်မည့် နည်းလမ်း တစ်ရပ်ရှာဖွေရန် ဂူးဂဲလ်ကုမ္ပဏီ က အမျိုးသားကျန်းမာရေးဌာန (NHS)နှင့် လက်တွဲဆောင်ရွက် နေသည်ဟုပြောသည်။

အိုင်ဘီအမ်နှင့် အမ်အိုင်တီ ကုမ္ပဏီတို့ကလည်း သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းဖြစ်နေ သူများအား စောင့်ရှောက်မှု တိုး မြှင့်ရေး၊ ဆေးခန်းများကို ကူညီနိုင် မည့် မှတ်ဉာဏ်တုအခြေခံစနစ် များ တည်ဆောက်ရန် ပူးပေါင်း ဆောင်ရွက်နေကြောင်း ယခုသီ တင်းပတ်အစောပိုင်းက ကြေညာ ခဲ့သည်။

Biohub ဟုခေါ်သော သု သေသနစင်တာ အသစ်တစ်ခု တည်ဆောက်ရေး ကန်ဒေါ်လာ သန်း  ၆၀၀ မတည်ရန် ၎င်းတို့ ကတိပေးထားသည်ဟု မစ္စစ်ချန် က ပြောသည်။

ယင်းသုတေသနဌာနက စီမံ ကိန်းနှစ်ခုကို ကနဦး လုပ်ဆောင် မည်ဖြစ်သည်။

ပထမစီမံကိန်းက ခန္ဓာကိုယ် ၏ အဓိကအင်္ဂါများကို ထိန်းချုပ် ထားသော မတူညီသည့် ဆဲလ်ပုံစံ များကို ဖော်ပြသည့် မြေပုံတစ်ခု  ရေးဆွဲမည်ဖြစ်သည်။

ဒုတိယစီမံကိန်းက အိတ်ချ် အိုင်ဗီ၊ အီဘိုလာနှင့် ဇီကာအပြင် အခြားရောဂါသစ်များကို တိုက် ဖျက်ရေး လုပ်ဆောင်မည်ဖြစ် သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top