Property Expo
×




Credit:Daily Mail

#Unicode Version
တရုတ်နိုင်ငံက ငါးဖမ်းသမားအုပ်စုတစ်စုဟာ ရှားပါးငါးကြီးတစ်ကောင်ကို အမေရိကန်ဒေါ်လာ ၁၅၀၀၀၀နဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။



အဆိုပါငါးကြီးကို တရုတ်နိုင်ငံအရှေ့ပိုင်း Zhoushan မြို့နားက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အလေးချိန်ဟာ ၁၀၅ ပေါင်ရှိကာ အရှည်က ၅ ပေ ၂ လက်မ ရှိပါတယ်။ croaker ငါးမျိုးဖြစ်ပြီး ပန်ဒါဝက်ဝံလို ရှားပါးတယ်လို့ သိရပါတယ်။



အထူးသဖြင့် ငါးရဲ့သည်းခြေအိတ်ဟာ အလွန်တန်ဖိုးကြီးမားတာဖြစ်ပြီး တရုတ်ရိုးရာဆေးပညာရှင်တွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။

ဝယ်ယူဖို့ ကမ်းလှမ်းသူတွေအလွန်များနေပြီး အခုချိန်ထိ မရောင်းသေးဘူးလို့လည်း သိရပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Daily Mail
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top