Kantharyar Centre
×

လား႐ိႈးၿမိဳ႕တြင္ လူေသ ဆံုးသည္အထိ အုပ္စုဖြဲ႕႐ိုက္ႏွက္မႈ က်ဴးလြန္ေသာ လူငယ္အဖြဲ႕တစ္ဖြဲ႕ကို ဖမ္းဆီးစစ္ေဆးေနေၾကာင္း ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုးမွ သိရသည္။

 လား႐ိႈးၿမိဳ႕နယ္ ရွန္ခိုက္ ဘုရားေက်ာင္းအနီးတြင္ လူငယ္ေလးဦးကို အျခားလူငယ္ကိုးဦးက တုတ္၊ ဓားတို႔ျဖင့္ အုပ္စုဖြဲ႕႐ိုက္ႏွက္မႈ စက္တင္ဘာ ၁၁ ရက္က ျဖစ္ပြားၿပီး ဓားခုတ္ခံရေသာ လူငယ္တစ္ဦး ေဆး႐ံုတြင္ ေသဆံုးခဲ့သည္။ ႐ိုက္ႏွက္မႈက်ဴးလြန္သည့္အဖြဲ႕ကို ရဲတပ္ဖြဲ႕က လိုက္လံဖမ္းဆီးရာ ခုနစ္ဦး ဖမ္းမိၿပီး ႏွစ္ဦး လြတ္ေျမာက္ေနဆဲျဖစ္ ေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကေျပာသည္။


‘‘စက္တင္ဘာ ၁၁ ရက္ျဖစ္ စဥ္မွာ ကြၽန္ေတာ္တို႔ခုနစ္ေယာက္ ကို ဖမ္းၿပီးစစ္ေနတယ္။ ႏွစ္ ေယာက္ကေတာ့ လြတ္ေျမာက္ ေနပါတယ္။ ကြင္းဆက္ကို ေဖာ္ ထုတ္ႏိုင္ဖို႔ လုပ္ေနပါတယ္’’ဟု အထက္ပါရဲအရာရွိက ေျပာၾကားသည္။

လူငယ္ေလးဦး အုပ္စုဖြဲ႕႐ိုက္ ႏွက္မႈကို မ်က္ျမင္ေတြ႕ရွိသည့္ ေဒသခံအမ်ိဳးသားအခ်ိဳ႕က ၀င္ ေရာက္တားဆီးၿပီး ႐ိုက္ႏွက္ေနသူ တစ္ဦးကိုပါ ႀကိဳးျဖင့္တုပ္၍ ဖမ္း ဆီးေပးခဲ့ေၾကာင္း လား႐ိႈးၿမိဳ႕ခံမ်ားက ေျပာသည္။ ဖမ္းမိသူတစ္ဦးကို စစ္ေဆးၿပီးေနာက္ အမႈကြင္းဆက္ကို ရဲတပ္ဖြဲ႕က ဆက္ လက္ေဖာ္ထုတ္ခဲ့ျခင္းျဖစ္သည္။

 စက္တင္ဘာ ၉ ရက္က လည္း အနည္းဆံုး လူဆယ္ဦးပါ အဖြဲ႕တစ္ဖြဲ႕က အျခားလူငယ္ ငါး ဦးကို အုပ္စုဖြဲ႕႐ိုက္ႏွက္ခဲ့၍ တစ္ ဦး ေသဆံုးၿပီး အဆုိပါ အမႈႏွစ္မႈ ဆက္စပ္မႈ ရွိ၊ မရွိ စစ္ေဆးေနဆဲျဖစ္ေၾကာင္း လား႐ိႈးၿမိဳ႕နယ္ ရဲ တပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
လားရှိုးမြို့တွင် လူသေ ဆုံးသည်အထိ အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သော လူငယ်အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 လားရှိုးမြို့နယ် ရှန်ခိုက် ဘုရားကျောင်းအနီးတွင် လူငယ်လေးဦးကို အခြားလူငယ်ကိုးဦးက တုတ်၊ ဓားတို့ဖြင့် အုပ်စုဖွဲ့ရိုက်နှက်မှု စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားပြီး ဓားခုတ်ခံရသော လူငယ်တစ်ဦး ဆေးရုံတွင် သေဆုံးခဲ့သည်။ ရိုက်နှက်မှုကျူးလွန်သည့်အဖွဲ့ကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ခုနစ်ဦး ဖမ်းမိပြီး နှစ်ဦး လွတ်မြောက်နေဆဲဖြစ် ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။


‘‘စက်တင်ဘာ ၁၁ ရက်ဖြစ် စဉ်မှာ ကျွန်တော်တို့ခုနစ်ယောက် ကို ဖမ်းပြီးစစ်နေတယ်။ နှစ် ယောက်ကတော့ လွတ်မြောက် နေပါတယ်။ ကွင်းဆက်ကို ဖော် ထုတ်နိုင်ဖို့ လုပ်နေပါတယ်’’ဟု အထက်ပါရဲအရာရှိက ပြောကြားသည်။

လူငယ်လေးဦး အုပ်စုဖွဲ့ရိုက် နှက်မှုကို မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသားအချို့က ဝင် ရောက်တားဆီးပြီး ရိုက်နှက်နေသူ တစ်ဦးကိုပါ ကြိုးဖြင့်တုပ်၍ ဖမ်း ဆီးပေးခဲ့ကြောင်း လားရှိုးမြို့ခံများက ပြောသည်။ ဖမ်းမိသူတစ်ဦးကို စစ်ဆေးပြီးနောက် အမှုကွင်းဆက်ကို ရဲတပ်ဖွဲ့က ဆက် လက်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

 စက်တင်ဘာ ၉ ရက်က လည်း အနည်းဆုံး လူဆယ်ဦးပါ အဖွဲ့တစ်ဖွဲ့က အခြားလူငယ် ငါး ဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့၍ တစ် ဦး သေဆုံးပြီး အဆိုပါ အမှုနှစ်မှု ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေးနေဆဲဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top