Kantharyar Centre
×

သင့္ဖုန္းကို အသံုးျပဳျပီး အေရးေပၚ အေျခအေနေတြမွာ လုပ္ေဆာင္ႏုိင္တဲ့ အရာတခ်ဳိ႕ရိွပါတယ္။ သင့္ မုိဘုိင္းလ္ဖုန္းက life saver တစ္ခု ျဖစ္ႏုိင္သလုိ ေသေရးရွင္ေရးအတြက္ အေရးေပၚလက္နက္တစ္ခုလည္း ျဖစ္ႏုိင္ပါတယ္။ မိမိဖုန္းျဖင့္ ျပဳလုပ္ႏုိင္တဲ့အရာေတြမွာေတာ့

၁။ Emergency

မုိဘုိင္းလ္ဖုန္းအတြက္ ကမာၻတစ္ဝွမ္း အေရးေပၚဖုန္းနံပါတ္ (Emergency Number) က 112 ျဖစ္ပါတယ္။ Network နဲ႕ Emergency ရိွရာ သတင္းအခ်က္လက္ေပးပို႔ႏုိင္တဲ့ ဧရိယာျပင္ပ ေရာက္ေနျပီလုိ႔ ကုိယ့္ကုိယ္ကုိ သိလုိက္ျပီဆုိရင္ 112 ကို ႏွိပ္ပါ၊ အနီးနားတည္ရိွတဲ့ ဘယ္ အေရးေပၚဖုန္းနံပါတ္ (Emergency Number) မဆိုု ရွာေဖြေပးပါလိမ့္မယ္။ ေနာက္ စိတ္ဝင္စားစရာ ပိုေကာင္းတာက 112 နံပါတ္ကို Keypad lock ခ်ထားရင္ေတာင္ ေခၚဆုိႏုိင္တဲ့ အခ်က္ျဖစ္ပါတယ္။

၂။ ကားထဲ ေသာ့ကို ပိတ္မိဖူးလား

သင့္ကားမွာ အေဝးထိန္းေသာ့မပါ ဖြင့္ႏုိင္တဲ့စနစ္ ရိွပါသလား။ ဒါေလးက တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ အသုံးဝင္လာ ႏုိင္ပါတယ္။ ဆဲလ္ဖုန္း တစ္လုံး လက္ဝယ္ ပုိင္ဆုိင္ထားတာ ေကာင္းတဲ့ အခ်က္ျဖစ္ပါတယ္။ ေသာ့ကို ကားထဲ ေသာ့ပိတ္မိျပီး အရံေသာ့ေတြအိမ္မွာ ရိွေနတယ္ဆုိရင္ အိမ္မွာရိွတဲ့ တစ္ေယာက္ေယာက္ကို ဖုန္းဆက္ေခၚပါ။

ဖုန္းကို ကားတံခါးနဲ႔ ၁ ေပကြာေလာက္မွာ ကုိင္ထားျပီး အိမ္ကလူကို အဖြင့္ခလုတ္ေလး ႏွိပ္ခုိင္းလိုက္ကာ ကားတံခါး ပြင့္သြားပါလိမ့္မယ္။

၃။ ျမဳပ္ေနေသာ ဘက္ထရီအား

ဖုန္းဘက္ထရီအား ေလ်ာ့ေနျပီဆုိပါစုိ႔။ Activate လုပ္ဖုိ႔အတြက္ *3370# ခလုတ္ေတြ ႏွိပ္ပါ။ သင့္ မိုဘုိင္းလ္ restart ျဖစ္ျပီး ဘက္ထရီမွာ 50% တက္သြားတာ ျပသပါလိမ့္မယ္။ အဲဒီလုိ ဖဲ့သုံးျခင္းကုိ ေနာက္ ဘက္ထရီအားျပန္သြင္းတဲ့အခါ ျဖည့္ေပးပါလိမ့္မယ္။

၄။ အခုိးခံရတဲ့ မိုဘုိင္းလ္ကို သုံးမရေအာင္ လုပ္နည္း

မိမိမိုဘိုင္းလ္ဖုန္း 'serial number' စစ္ေဆးဖုိ႔အတြက္ *#06# ကို ႏွိပ္ပါ။ ကိန္းဂဏန္း ၁၅ လုံး ေပၚလာပါလိမ့္မယ္။ အဲဒီနံပါတ္ သင့္ဟန္းဆက္အတြက္ တစ္ခုတည္းရိွတဲ့အရာ ျဖစ္ပါတယ္။ ဖုန္းအခုိးခံရတဲ့အခါ service provider ကို ဖုန္းဆက္ျပီး အဲဒီ code နံပါတ္ ေပးႏုိင္ပါတယ္။ ခုိးတဲ့သူက SIM ကဒ္လဲလွယ္ရင္ေတာင္ ဟန္းဆက္ကို block လုပ္ေပးလုိ႔ ရႏုိင္ျပီး ဖုန္းက အက်ဳိးမဲ့ သက္သက္ ျဖစ္သြားပါလိမ့္မယ္။

ဖုန္းကို ျပန္ရ ႏုိင္ေျခ မရိွေပမယ့္ အနည္းဆုံး ခုိးတဲ့သူက သုံးလုိ႔မရသလုိ၊ ျပန္ေရာင္းလုိ႔လည္းမရတာ သင္သိလုိက္ျပီ။ လူတုိင္း ဒီလုိ လုပ္ထားလုိ႔ရွိရင္ လူေတြ ဖုန္းခိုးစရာ အေၾကာင္း မရိွေတာ့ဘူးေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TrendMyanmar

#Unicode Version

သင့်ဖုန်းကို အသုံးပြုပြီး အရေးပေါ် အခြေအနေတွေမှာ လုပ်ဆောင်နိုင်တဲ့ အရာတချို့ရှိပါတယ်။ သင့် မိုဘိုင်းလ်ဖုန်းက life saver တစ်ခု ဖြစ်နိုင်သလို သေရေးရှင်ရေးအတွက် အရေးပေါ်လက်နက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ မိမိဖုန်းဖြင့် ပြုလုပ်နိုင်တဲ့အရာတွေမှာတော့

၁။ Emergency

မိုဘိုင်းလ်ဖုန်းအတွက် ကမ္ဘာတစ်ဝှမ်း အရေးပေါ်ဖုန်းနံပါတ် (Emergency Number) က 112 ဖြစ်ပါတယ်။ Network နဲ့ Emergency ရှိရာ သတင်းအချက်လက်ပေးပို့နိုင်တဲ့ ဧရိယာပြင်ပ ရောက်နေပြီလို့ ကိုယ့်ကိုယ်ကို သိလိုက်ပြီဆိုရင် 112 ကို နှိပ်ပါ၊ အနီးနားတည်ရှိတဲ့ ဘယ် အရေးပေါ်ဖုန်းနံပါတ် (Emergency Number) မဆိုု ရှာဖွေပေးပါလိမ့်မယ်။ နောက် စိတ်ဝင်စားစရာ ပိုကောင်းတာက 112 နံပါတ်ကို Keypad lock ချထားရင်တောင် ခေါ်ဆိုနိုင်တဲ့ အချက်ဖြစ်ပါတယ်။

၂။ ကားထဲ သော့ကို ပိတ်မိဖူးလား

သင့်ကားမှာ အဝေးထိန်းသော့မပါ ဖွင့်နိုင်တဲ့စနစ် ရှိပါသလား။ ဒါလေးက တစ်ချိန်မဟုတ် တစ်ချိန် အသုံးဝင်လာ နိုင်ပါတယ်။ ဆဲလ်ဖုန်း တစ်လုံး လက်ဝယ် ပိုင်ဆိုင်ထားတာ ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ သော့ကို ကားထဲ သော့ပိတ်မိပြီး အရံသော့တွေအိမ်မှာ ရှိနေတယ်ဆိုရင် အိမ်မှာရှိတဲ့ တစ်ယောက်ယောက်ကို ဖုန်းဆက်ခေါ်ပါ။

ဖုန်းကို ကားတံခါးနဲ့ ၁ ပေကွာလောက်မှာ ကိုင်ထားပြီး အိမ်ကလူကို အဖွင့်ခလုတ်လေး နှိပ်ခိုင်းလိုက်ကာ ကားတံခါး ပွင့်သွားပါလိမ့်မယ်။

၃။ မြုပ်နေသော ဘက်ထရီအား

ဖုန်းဘက်ထရီအား လျော့နေပြီဆိုပါစို့။ Activate လုပ်ဖို့အတွက် *3370# ခလုတ်တွေ နှိပ်ပါ။ သင့် မိုဘိုင်းလ် restart ဖြစ်ပြီး ဘက်ထရီမှာ 50% တက်သွားတာ ပြသပါလိမ့်မယ်။ အဲဒီလို ဖဲ့သုံးခြင်းကို နောက် ဘက်ထရီအားပြန်သွင်းတဲ့အခါ ဖြည့်ပေးပါလိမ့်မယ်။

၄။ အခိုးခံရတဲ့ မိုဘိုင်းလ်ကို သုံးမရအောင် လုပ်နည်း

မိမိမိုဘိုင်းလ်ဖုန်း 'serial number' စစ်ဆေးဖို့အတွက် *#06# ကို နှိပ်ပါ။ ကိန်းဂဏန်း ၁၅ လုံး ပေါ်လာပါလိမ့်မယ်။ အဲဒီနံပါတ် သင့်ဟန်းဆက်အတွက် တစ်ခုတည်းရှိတဲ့အရာ ဖြစ်ပါတယ်။ ဖုန်းအခိုးခံရတဲ့အခါ service provider ကို ဖုန်းဆက်ပြီး အဲဒီ code နံပါတ် ပေးနိုင်ပါတယ်။ ခိုးတဲ့သူက SIM ကဒ်လဲလှယ်ရင်တောင် ဟန်းဆက်ကို block လုပ်ပေးလို့ ရနိုင်ပြီး ဖုန်းက အကျိုးမဲ့ သက်သက် ဖြစ်သွားပါလိမ့်မယ်။

ဖုန်းကို ပြန်ရ နိုင်ခြေ မရှိပေမယ့် အနည်းဆုံး ခိုးတဲ့သူက သုံးလို့မရသလို၊ ပြန်ရောင်းလို့လည်းမရတာ သင်သိလိုက်ပြီ။ လူတိုင်း ဒီလို လုပ်ထားလို့ရှိရင် လူတွေ ဖုန်းခိုးစရာ အကြောင်း မရှိတော့ဘူးပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit: TrendMyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top