Property Expo
×

 ေက်ာက္ဆည္ၿမိဳ႕မွ တံတားဦးၿမိဳ႕သို႔ သြားလာသည့္ လမ္းေပၚတြင္ အသက္(၅၀)ခန္႔ရွိမည့္ အမ်ိဳးသားႀကီးတစ္ေယာက္ ဆိုင္ကယ္တစ္စီးျဖင့္ သြားေနသည္။ ထိုအမ်ိဳးသားႀကီးသည္ ေက်ာက္ဆည္-တံတားဦးလမ္းေပၚရွိ သင္ပုတ္ရြာလမ္းခြဲအနီးတြင္သာ ဆုိင္ကယ္ကို ေခါက္တံု႔ေခါက္ျပန္ေမာင္းေနျခင္းျဖစ္သည္။ ထုိသို႔ေမာင္းေနရင္း ျဖတ္သြားျဖတ္လာကားမ်ားကို မ်က္စိတစ္ဆံုး လိုက္လံၾကည့္႐ႈေနသည္။ အထူးသျဖင့္ ဒိုင္နာကားမ်ိဳးဆိုလွ်င္ အေသအခ်ာ လိုက္ၾကည့္သည္။ ဒိုင္နာကားမ်ား၏ ေနာက္အဖံုးမွာ တစ္ခုခုမ်ား ကပ္ထားမလား ရွာေဖြေနျခင္းျဖစ္သည္။ ဒီထက္ ျပည့္ျပည့္စံုစံုေျပာရလွ်င္ ကားေနာက္အဖံုးေပၚတြင္ သိန္းငွက္ႏွစ္ေကာင္ အမွတ္တံဆိပ္ေရးထုိးထားသည့္ အမိုးကိုင္းျဖဳတ္ဒိုင္နာပံုေျပာင္းယာဥ္တစ္စီးကို ရွာေဖြေနျခင္းျဖစ္ေလသည္။

ဦးဘိုေက်ာ္ဟုေခၚသည့္ ေက်ာက္ဆည္သားႀကီး ျဖစ္ပါသည္။ ဦးဘိုေက်ာ္သည္ ေက်ာက္ဆည္-တံတားဦးလမ္းေပၚရွိ သင္ပုတ္ရြာလမ္းခြဲႏွင့္ ေလးမုိင္ေက်ာ္ေဝးသည့္ ေက်ာက္ဆည္ၿမိဳ႕တြင္ ေနထုိင္ျခင္းျဖစ္သည္။ ေလးမိုင္ခရီးကို ဆိုင္ကယ္တစ္စီးျဖင့္ ဦးဘိုေက်ာ္ အေခါက္ေပါင္းမေရတြက္ႏိုင္ေအာင္ ေရာက္ခဲ့ရပါသည္။ ေရာက္တုိင္းလည္း ရင္တြင္းမွ နာက်င္မႈေပါင္းမ်ားစြာႏွင့္ပါ။ သင္ပုတ္ရြာလမ္းခြဲက ဦးဘိုေက်ာ္ေရာ သူ႔မိသားစုကိုပါ တစ္သက္လံုး ေဖ်ာက္ဖ်က္၍ မရႏိုင္ေတာ့ေအာင္ စိတ္ဒဏ္ရာမ်ားရခဲ့ရာေနရာျဖစ္ေနသည္။ ထို႔ေၾကာင့္ ထုိေနရာကို မေရာက္ခ်င္၊ မျဖတ္ခ်င္ေပမယ့္လည္း ဒီလမ္းခြဲကို ဦးဘိုေက်ာ္ျဖတ္ရပါသည္။


အရင္ကေတာ့ ဦးဘိုေက်ာ္ သည္လမ္းသည္ေနရာေတြကို မေရာက္ျဖစ္ခဲ့ေပ။ ေက်ာက္ဆည္မွာရွိသည့္ ဒိုင္နမိုေမာ္တာဝိုင္ယာရိန္းဆိုင္ေလးျဖင့္သာ အလုပ္ေတြမ်ားေနခဲ့သည္။ အလုပ္ေတြ ဖိလုပ္ေနသည္ကလည္း သူ႔တြင္ အရြယ္ေရာက္ၿပီး နည္းပညာတကၠသိုလ္ (ေက်ာက္ဆည္) တက္ေနသည့္ သမီးေခ်ာႏွစ္ေယာက္ေၾကာင့္ပင္။ သမီးေတြက ဦးဘိုေက်ာ္ႏွင့္ဇနီးတို႔၏ ဆႏၵရည္မွန္းမႈေတြအတိုင္း ပညာေရးမွာ ထူးခြၽန္ခဲ့ၾကသည္။ ဘြဲ႕ထူးဂုဏ္ထူးေတြ မရွိခဲ့ၾကသည့္ ဦးဘိုေက်ာ္တို႔ဇနီးေမာင္ႏွံအတြက္ေတာ့ သမီးေခ်ာႏွစ္ေယာက္၏ အင္ဂ်င္နီယာအိပ္မက္ေတြကို ဝမ္းေျမာက္ဝမ္းသာ အားျဖည့္ခဲ့ၾကသည္။ မိသားစုေလးဦးသာရွိသည့္ ေက်ာက္ဆည္ၿမိဳ႕က သူတို႔အိမ္ကေလးသည္ ေပ်ာ္ရႊင္သာယာမႈရွိခဲ့သည္။

၂၀၁၆ ခုႏွစ္ မတ္လ ၁၃ ရက္ နံနက္ ၁၁ နာရီခန္႔မတိုင္မီအထိ ျဖစ္သည္။ ထိုေန႔ နံနက္ ၉ နာရီခန္႔ က ဦးဘိုေက်ာ္၏သမီးငယ္ မစုငယ္ၿဖိဳးတစ္ေယာက္ တံတားဦးၿမိဳ႕နယ္ဘက္ ရြာကေန သူတုိ႔အိမ္ကို အလည္လာသည့္ အေဒၚျဖစ္သူ ရြာျပန္မည္ဆို၍ ေက်ာက္ဆည္-တံတားဦးလမ္းေပၚရွိ ကားဂိတ္သို႔ ဆုိင္ကယ္ျဖင့္ လုိက္ပို႔ေပးသည္။ ကားဂိတ္သို႔ လုိက္ပို႔မည္ဆိုေသာ္လည္း သမီးငယ္မွာ နံနက္ ၁၁ နာရီခန္႔အထိ ျပန္မေရာက္လာ။ နံနက္ ၁၁ နာရီခြဲေလာက္မွာေတာ့ ဦးဘိုေက်ာ္တို႔ဆီ သတင္းစကားတစ္ခု ေရာက္လာခဲ့သည္။ ေက်ာက္ဆည္-တံတားဦးလမ္းမေပၚရွိ သင္ပုတ္ရြာလမ္းခြဲတြင္ ကားတစ္စီးက ကလစ္ဆုိင္ကယ္စီးလာသည့္ အမ်ိဳးသမီးငယ္တစ္ဦးကို ဝင္တိုက္ကာ ထြက္ေျပးသြားသည္တဲ့။ သမီးငယ္ကလည္း သူ႔အေဒၚကို လိုက္ပို႔သည္။ စီးသြားတာကလည္း ကလစ္ဆိုင္ကယ္ဆိုေတာ့ ဦးဘိုေက်ာ္တစ္ေယာက္ ရင္ထဲထိတ္ခနဲျဖစ္သြားသည္။ သို႔ျဖင့္ အခင္းျဖစ္ေနရာသို႔ လုိက္သြားသည္။ ေတြ႕လိုက္ရသည္က သမီးငယ္၏ဆိုင္ကယ္။ ဦးဘိုေက်ာ္ခ်ာခ်ာလည္သြားေတာ့သည္။ သမီးငယ္ကို ေက်ာက္ဆည္ေဆး႐ံုပို႔လိုက္ၿပီျဖစ္သည္။ ဦးဘိုေက်ာ္တို႔ ေက်ာက္ဆည္ေဆး႐ံုသို႔လိုက္သည္။ ဒဏ္ရာဗရပြႏွင့္ သမီးငယ္ကို ေတြ႕လိုက္ၾကရသည္။ အခင္းျဖစ္ၿပီး ႏွစ္နာရီခန္႔အၾကာမွာေတာ့ သမီးငယ္ မစုငယ္ၿဖိဳးသည္ ရရွိထားသည့္ ဒဏ္ရာမ်ားျဖင့္ ဦးဘိုေက်ာ္တို႔မိသားစုကို ႏႈတ္ဆက္ခြင့္ပင္မရေတာ့ဘဲ ဆံုးပါးသြားရွာသည္။

သမီးငယ္ဆံုးသည့္ သတင္းက ေက်ာက္ဆည္ၿမိဳ႕ကေလးမွာ လူေျပာအမ်ားဆံုး သတင္းျဖစ္ခဲ့သည္။ သမီးငယ္က ေက်ာက္ဆည္နည္းပညာတကၠသိုလ္တြင္ ေက်ာင္းသားသမဂၢထဲလည္းဝင္ကာ ေက်ာင္းသားလႈပ္ရွားမႈေတြ၊ ပညာေရးျပဳျပင္ေျပာင္းလဲေရး လႈပ္ရွားမႈ၊ ႏိုင္ငံေရးလႈပ္ရွားမႈေတြမွာ တက္ႂကြစြာ ပါဝင္ခဲ့သူျဖစ္ေလေတာ့ ေက်ာင္းသားထုေတြ၊ ႏိုင္ငံေရးအင္အားစုေတြက ရင္ထုမနာ ႏွေျမာတသျဖစ္ၾကရသည္။ သာ၍စိုးသည္က သမီးငယ္ မစုငယ္ၿဖိဳးမွာ ကားျဖင့္ အတုိက္ခံရသည့္အျပင္ တုိက္သြားသည့္ကားက တာ ဝန္မယူဘဲ ထြက္ေျပးသြား၍ သမီးငယ္ကို ပို၍ က႐ုဏာျဖစ္ခဲ့ၾကသည္။ ထုိသူေတြထဲမွာေတာ့ ဦးဘိုေက်ာ္တို႔မိသားစုက အဆိုးရြားဆံုး ခံစားခဲ့ရသူေတြပင္ျဖစ္သည္။

သမီးငယ္နာေရးကိစၥေတြၿပီးသြားေတာ့ ဦးဘိုေက်ာ္ ေက်ာက္ဆည္ရဲစခန္းမွာ သမီးငယ္ကို တိုက္ေျပးသြားသူအား အျမန္ဆံုးေဖာ္ထုတ္ေပးဖို႔ သြားေျပာသည္။ တာဝန္ရွိသူေတြကေတာ့ စံုစမ္းေနေၾကာင္း ရွင္းျပသည္။ ဦးဘိုေက်ာ္ကေတာ့ သမီးငယ္ကို တုိက္ေျပးသြားသည့္ယာဥ္ေမာင္းကို အျမန္ဆံုး ေဖာ္ထုတ္ေပးေစခ်င္လွၿပီျဖစ္သည္။ သို႔ေသာ္ ဦးဘိုေက်ာ္ ကံဆိုးသည္က သမီးငယ္အမႈလိုက္ေပးသည့္ အမႈစစ္ရဲအရာရွိမွာလည္း တာဝန္အရ ရဲရြာဘက္သို႔ ေျပာင္းသြားသည္။ တရားခံေပၚဖို႔အေရးထက္ သမီးငယ္ ဆိုင္ကယ္ျပန္ထုတ္ဖို႔ပင္ အေတာ္ခက္ခက္ခဲခဲ လုပ္ယူရသည္။ ထို႔အတြက္ ဦးဘိုေက်ာ္တစ္ေယာက္ စိတ္ဓာတ္ေတြ ထုိးကာက်သည္။ သမီးငယ္ကို ကားျဖင့္တိုက္ၿပီး တာဝန္ယူမႈ တစ္စက္မွ်မရွိခဲ့သည့္ ကားသမားကို သူရေအာင္ေဖာ္ထုတ္ခ်င္သည္။ ထို႔အတြက္ ဦးဘိုေက်ာ္ ဘာလုပ္ရမည္နည္း။

ေနာက္ဆံုးေတာ့ ဦးဘိုေက်ာ္တစ္ေယာက္ သမီးငယ္ယာဥ္တိုက္မႈျဖစ္သည့္ သင္ပုတ္ရြာလမ္းခြဲဝန္းက်င္ကို သြားေရာက္ကာ စံုစမ္းရသည္။ ဦးဘိုေက်ာ္ႏွင့္အတူ ေက်ာက္ဆည္ ၈၈ ပြင့္လင္းအဖြဲ႕က လူေတြ၊ ေက်ာင္းသားအဖြဲ႕ေတြကလည္း တတ္ႏိုင္သေလာက္ ဝိုင္းကူၾကသည္။ ဦးဘိုေက်ာ္က ျမင္သေလာက္ကေလး၊ သိသေလာက္ကေလးကို ေျပာျပၾကဖို႔ အခင္းျဖစ္ေနရာ အနီးနားေနသူေတြကို ေတာင္းပန္သည္။ သို႔ေသာ္ေတာသူေတာင္သား လူတန္းစားေတြမို႔ ႐ံုးေရာက္ဂါတ္ေရာက္ ေရာက္ၾကရမည္ကို ေသမေလာက္ ေၾကာက္ၾကသည္။ အမွန္တရားတစ္ခုအတြက္ ထုတ္ေဖာ္ေျပာၾကားခ်င္ေသာ္ျငားလည္း ကိုယ္ပါအမႈတြဲထဲပါသြားမည္ကို စိုးထိတ္ၾကသည္။ ထို႔အတြက္ ဦးဘိုေက်ာ္အဖို႔ မ်က္ျမင္သက္ေသရရန္ ဘယ္လိုမွ မလြယ္ေတာ့။

ဦးဘိုေက်ာ္ ထိုလမ္းခြဲနားမွာတင္ မ်က္ရည္ေပါက္ႀကီးငယ္ေတြ အႀကိမ္ႀကိမ္က်ခဲ့ရသည္။ ေနာက္ဆံုးေတာ့ ဦးဘိုေက်ာ္ကို သနားလာ၍ ထင္သည္။ သံုးဘီးဆိုင္ကယ္ ယာဥ္ေမာင္းသူတစ္ဦးထံမွ ဦးဘိုေက်ာ္ သမီးကို တုိက္သြားသည့္ ယာဥ္သည္ အမိုးကိုင္းမပါသည့္ ဒိုင္နာယာဥ္ဟုသိလိုက္ရၿပီး မတိုက္မီ သူ႔သံုးဘီးဆိုင္ကယ္ကို အရင္ေက်ာ္သြားသည္ဟု သတင္းစကားၾကားခဲ့ရသည္။ ထိုသံုးဘီးသမားကို ဦးဘိုေက်ာ္ႏွင့္အဖြဲ႕ေတြ သြားေရာက္ေမးျမန္းသည့္အခါတြင္ေတာ့ သံုးဘီးသမား၏မိသားစုဝင္ေတြက ဟန္႔တားၾကေသာေၾကာင့္ သတင္းစကား တိတိက်က် မရခဲ့ေတာ့။

သို႔ေသာ္ ဦးဘိုေက်ာ္တို႔ အစကေလးတစ္ခုေတာ့ ဆြဲထုတ္လာႏိုင္ခဲ့သည္။ သမီးငယ္ကို တိုက္သည့္ ဒိုင္နာပံုေျပာင္းယာဥ္က သံုးဘီးဆိုင္ကယ္ကို အရင္ေက်ာ္သြားသည္တဲ့။ ထိုအစအနကေလးျဖင့္ ဘယ္လိုဆက္ဆြဲထုတ္ရမလဲ။ ဦးဘိုေက်ာ္တို႔တစ္ေတြ စဥ္းစားသည္။ ကားလာရာလမ္းေၾကာင္းတစ္ေလွ်ာက္ လုိက္ၾကည့္ၾကသည္။ အခင္းျဖစ္ရာႏွင့္ အနည္းငယ္လွမ္းသည့္ ေနရာတစ္ခုတြင္  ဓာတ္ဆီဆုိင္တစ္ခုရွိသည္ကို ေတြ႕ရသည္။ အခင္းျဖစ္ေနရာသို႔သြားမည္ဆိုလွ်င္ ထုိဓာတ္ဆီဆုိင္ေရွ႕ကေန မျဖစ္မေန ျဖတ္ရမည္ျဖစ္သည္။ ဦးဘိုေက်ာ္တို႔ ကံေကာင္းသည္က ထိုဓာတ္ဆီဆိုင္မွာ စီစီတီဗီကင္မရာ တပ္ဆင္ထားျခင္းပင္ ျဖစ္ေနသည္။

သို႔ျဖင့္ ဆီဆိုင္ကို အကူအညီေတာင္းကာ ထိုေန႔ နံနက္ ၁၁ နာရီခန္႔က စီစီတီဗီ႐ုပ္သံမွတ္တမ္းေတြ ရွာၾကည့္သည္။ ဓာတ္ဆီဆိုင္က စီစီတီဗီကင္မရာကို သူ႔ဆိုင္ဆီလာထည့္သည့္ယာဥ္ေတြကို ျမင္ရသည့္ တစ္လံုး၊ ဆီဆုိင္ေရွ႕ ေက်ာက္ဆည္-တံတားဦးလမ္းေပၚကို ျမင္ရသည့္တစ္လံုး တပ္ဆင္ထားသည္။ ဦးဘိုေက်ာ္တို႔ ထုိ႐ုပ္သံမွတ္တမ္းေတြ ရွာအၾကည့္မွာေတာ့ လမ္းေပၚမွာ ဦးဘိုေက်ာ္တို႔ သတင္းအစအနရခဲ့သည့္ သံုးဘီးဆိုင္ကယ္ ျဖတ္သြားသည္ကို ေတြ႕ရသည္။ ထိုသံုးဘီးဆုိင္ကယ္ျဖတ္သြားၿပီးေနာက္ ကပ္ပါသြားသည္က အမိုးကိုင္းမပါသည့္ ဒိုင္နာယာဥ္။ သူ႔ေနာက္မွာ တျခားယာဥ္မ်ား ထပ္လိုက္လာဦးမည္လား ဦးဘိုေက်ာ္တို႔ ေသခ်ာၾကည့္ၾကသည္။ အခ်ိန္အတန္ၾကာသည္အထိ ဘယ္ကားမွ် ထပ္လိုက္မလာ။ ဒါဆိုလွ်င္ ထိုဒိုင္နာယာဥ္သည္ သမီးငယ္ကို တုိက္သြားသည့္ ယာဥ္ျဖစ္ရန္ သံသယျဖစ္စရာ မ်ားသြားခဲ့ေလသည္။

ဦးဘိုေက်ာ္တို႔တစ္ေတြ စီစီတီဗီမွတ္တမ္းကေန ကားနံပါတ္ ၾကည့္သည္။ သို႔ေသာ္ ကံဆိုးစြာပင္ကားနံပါတ္ျပားက မပါ။ ဦးဘိုေက်ာ္တို႔ ထပ္ေမာသြားခဲ့ရသည္။  နံပါတ္မပါသည့္ကားကို ဘယ္လိုရွာၾကမည္နည္း။ ကားကို ေသခ်ာစြာ ထပ္မံၾကည့္လိုက္သည့္အခါတြင္ေတာ့ ကားေနာက္ဖံုး၌ အမွတ္အသားႏွစ္ခုကို ေတြ႕လိုက္ၾကရသည္။ သိန္းငွက္ပံု စတစ္ကာႀကီး ႏွစ္ခု။

စီစီတီဗီမွတ္တမ္းေတြကို ဓာတ္ပံုထုတ္ၿပီး ရဲစခန္းသြားျပသည္။ ရဲအရာရွိေတြကလည္း သူတို႔မွာ ထိုမွတ္တမ္းေတြရေနၿပီဟု ဆိုျပန္သည္။ လိုသည္က မ်က္ျမင္သက္ေသ။ ဦးဘိုေက်ာ္ သမီးငယ္အမႈမွာက မ်က္ျမင္သက္ေသလံုးဝမရျဖစ္ေနသည္။ ဦးဘိုေက်ာ္ စိတ္ဓာတ္ေတြ က်ျပန္သည္။ သို႔ေသာ္ ဦးဘိုေက်ာ္ အားျပန္တင္းသည္။ သူ႔မွာ ယခင္ကထက္စာလွ်င္ သမီးငယ္ကို တုိက္သြားသည့္ ကားပံုစံသိရေနၿပီ။ ေနာက္ၿပီး ကားေနာက္ဖံုးမွာပါသည့္ သိန္းငွက္ပံုႀကီးႏွစ္ခု။ ပင္လယ္ထဲ ဒီအတိုင္း လက္ပစ္ကူးလိုက္တာထက္စာလွ်င္ ဦးဘိုေက်ာ္မွာ အားကိုးရာ ေကာက္႐ိုးတစ္မွ်င္ေလးေတာ့ ရေလၿပီ။

ဦးဘိုေက်ာ္ စီစီတီဗီမွတ္တမ္းေတြ အထပ္ထပ္အခါခါ ျပန္ၾကည့္သည္။ ေနာက္ၿပီး ဦးဘိုေက်ာ္ ဦးေႏွာက္တစ္ခုလံုး ေျဗာင္းဆန္သြားေအာင္ စဥ္းစားသည္။ ထုိဒိုင္နာယာဥ္သည္ အေနာက္က နံပါတ္ျပားလည္း မပါ။ ၿမိဳ႕ေပၚက (သို႔မ ဟုတ္) ၿမိဳ႕ႏွင့္ရြာကူးေနသည့္ကား ဆိုလွ်င္လည္း နံပါတ္ျပားပါႏုိင္ေကာင္းသည္။ အခု ထိုယာဥ္က နံပါတ္ျပားမပါေတာ့ ေသခ်ာသည္။ ရြာမွာတင္ သံုးေနသည့္ ယာဥ္တစ္စီးစီးျဖစ္မည္။ ထုိ႔အျပင္ ဒိုင္နာယာဥ္သည္ ေရွ႕ခန္းတြင္ လူႏွစ္ေယာက္၊ ေနာက္ခန္းတြင္ လူသံုးေယာက္ပါသည္။ ေနာက္မွာ ထိုင္လိုက္လာသည့္ လူသံုးေယာက္ပံုစံက အလုပ္သမားပံုစံေတြျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔သည္ လုပ္ငန္းခြင္တစ္ေနရာရာကို သြားတာမ်ိဳးျဖစ္မည္။ တံတားဦးဘက္မွာလည္း ဖရဲစိုက္ခင္းေတြရွိေနတာေၾကာင့္ ထုိလုပ္ငန္းေတြက အလုပ္သမားေတြ ျဖစ္ႏိုင္သည္။ ဒါဆိုလွ်င္ ထုိကားသည္ အခင္းျဖစ္ရာ ေက်ာက္ဆည္-တံတားဦးလမ္းေပၚ သင္ပုတ္ရြာလမ္းခြဲသို႔ မၾကာခဏ ျဖတ္သန္းႏုိင္ေလာက္မည္ဟု ဆက္စပ္ကာ ေတြးၾကည့္သည္။

ထုိအေတြးအတုိင္း ဦးဘိုေက်ာ္တစ္ေယာက္ သင္ပုတ္ရြာလမ္းခြဲအနီး မၾကာခဏ ဆိုင္ကယ္တစ္စီးျဖင့္ ပတ္ေမာင္းသည္။ ကားေတြကို လိုက္ၾကည့္သည္။ ထိုအနီးအနားဝန္းက်င္တြင္ ဦးဘိုေက်ာ္ကို မ်က္မွန္းတန္းမိၾကသျဖင့္ တျခားသူေတြမသိေအာင္ ဆိုင္ကယ္ေရွ႕ ေလကာမွန္ကိုခ်ကာ ေမာင္းသည္။ သမီးငယ္ ကားျဖင့္အတုိက္ခံရသည့္ သင္ပုတ္ရြာလမ္းခြဲတစ္ဝိုက္ကို ဆုိင္ကယ္ျဖင့္ပတ္သည္။ တစ္ရက္မွာေတာ့ ဦးဘိုေက်ာ္ သင္ပုတ္ရြာလမ္းခြဲအေက်ာ္အထိ ဆိုင္ကယ္ေမာင္းၿပီး ျပန္ေကြ႕လာခဲ့ရာ ထုိလမ္းခြဲမေရာက္မီ ေက်းရြာတစ္ ရာအနီးရွိ ဘီယာဆုိင္တစ္ဆိုင္ေရွ႕တြင္ ကားတစ္စီးကို ဘြားခနဲေတြ႕လိုက္ရသည္။ ထုိကားကို ေတြ႕လိုက္ရသည္ႏွင့္ ဦးဘိုေက်ာ္တစ္ေယာက္ စိတ္ေတြ လႈပ္ရွားသြားသည္။ ထုိယာဥ္မွာ စီစီတီဗီမွတ္တမ္းထဲတြင္ ေတြ႕လိုက္ရသည့္ ဦးဘိုေက်ာ္၏သမီးငယ္အား တိုက္ေျပးသြားသည္ဟု သံသယရွိခံရသည့္ အမိုးကိုင္းမပါ ဒိုင္နာပံုေျပာင္းယာဥ္ ျဖစ္ေနေသာေၾကာင့္ပင္။

ဦးဘိုေက်ာ္ ဆိုင္ကယ္ကို မရပ္ရဲဘဲ ခပ္ျဖည္းျဖည္းေလးေမာင္းကာ ၾကည့္သည္။ ကားေရွ႕ဘယ္ဘက္မီးခြက္တစ္ခုမွာ ကားနဲ႔မလိုက္ဖက္စြာ သစ္လြင္ေနသည္။ ထိုကားကို ေက်ာ္လြန္ေအာင္ ေမာင္းလာၿပီး ေနာက္ျပန္လွည့္အၾကည့္မွာေတာ့ ထုိကားေနာက္အဖံုးေပၚမွာ ျမင္ေတြ႕လိုက္ရသည္က စီစီတီဗီမွတ္တမ္းထဲမွာ ပါသည့္အတုိင္း သိန္းငွက္ႏွစ္ေကာင္အ႐ုပ္ႀကီးေတြက ထင္းခနဲ။ ေသခ်ာခဲ့ၿပီ။ ရက္ေပါင္းမ်ားစြာ ရွာေဖြေနခဲ့သည့္ ယာဥ္သည္ ဦးဘိုေက်ာ္ မ်က္စိေရွ႕ေမွာက္သို႔ ေရာက္ရွိလို႔လာခဲ့ၿပီ။

ဦးဘိုေက်ာ္ ထုိကားေနာက္ကို လိုက္သြားဖို႔ေတာ့ စဥ္းစားသည္။ သို႔ေသာ္ သူ႔မွာက ဘာမွမပါ။ ၿပီးေတာ့ သူတစ္ေယာက္တည္း။ သူတို႔ဘက္က သိသြားခဲ့လွ်င္ ဦးဘိုေက်ာ္အတြက္ အႏၲရာယ္ျဖစ္လာႏိုင္သည္။

ေနာက္ၿပီး သမီးအတြက္ စိတ္ေတြလႈပ္ရွားလာျပန္ေတာ့ ဘာလုပ္လို႔ ဘာကိုင္ရမည္မသိ။ ကားမွာက နံပါတ္ကို ျပန္တပ္ထားတာ ေတြ႕ရသည္။ သို႔ျဖင့္ နံပါတ္ကို ေသခ်ာလိုက္မွတ္သည္။ ေသခ်ာေအာင္ အိမ္ျပန္ၿပီး ဓာတ္ပံုေတြ ျပန္ယူသည္။ ထိုဘီယာဆိုင္သို႔ ျပန္အလာမွာေတာ့ ကားက မရွိေတာ့။ သို႔ေပမယ့္ ဦးဘုိေက်ာ္ သဲလြန္စအျဖစ္ ကားနံပါတ္ကို ရရွိႏုိင္ခဲ့ၿပီျဖစ္သည္။

ကားနံပါတ္သိၿပီးေသာ္လည္း ႐ံုးေတြကနားေတြ အကူအညီျဖင့္ ရွာရန္ ႀကိဳးစားခဲ့ေသာ္လည္း ထင္သေလာက္ မလြယ္ကူခဲ့။ ေနာက္ဆံုးကားပံုစံ၊ ကားနံပါတ္ေတြျဖင့္ ထိုကားဘယ္ရြာကလဲသိေအာင္သာ ဦးဘုိေက်ာ္ ထပ္ရွာခဲ့ရသည္။ ေနာက္ဆံုးတြင္ေတာ့ ဦးဘိုေက်ာ္ ရွာေနသည့္ ကားသည္ တံတားဦးၿမိဳ႕နယ္ ပ်ားရြာသားတစ္ဦးပိုင္သည့္ ကားျဖစ္သည္ဟု သိရေတာ့သည္။

ပ်ားရြာကို ဦးဘိုေက်ာ္ႏွင့္ ၈၈ ပြင့္လင္းအဖဲြ႕မွ ကိုစိုးသီဟႏွင့္ ေက်ာက္ဆည္ရဲစခန္းမွ ရဲတပ္ၾကပ္ႏွင့္ အျခားရဲ၀န္ထမ္းတစ္ဦးတုိ႔ လိုက္ပါကာ ကားရွင္ဆီသြားၾကသည္။ ကားရွင္ဆီေရာက္ေတာ့ ကားကို နယ္ေျမရဲစခန္းမွာ စစ္ေဆးဖု႔ိအတြက္ ေမာင္းယူခဲ့ဖို႔ေျပာသည္။ ကားရွင္ကလည္း အျခားရြာမွာေနသည့္ ဒ႐ိုင္ဘာကုိေခၚၿပီး ေမာင္းပို႔ေပးပါမည္ဟု ေျပာသည္။ ဒ႐ိုင္ဘာကို ဖုန္းဆက္လွမ္းေခၚသည့္အခါ လာမည္ဟု ဆိုေသာ္လည္း အခ်ိန္အတန္ၾကာသည္အထိ ေရာက္မလာ။ ဦးဘိုေက်ာ္တို႔ တစ္ေတြကေတာ့ ဒီယာဥ္တိုက္မႈမွာ တရားခံသည္ ထိုဒ႐ိုင္ဘာသာျဖစ္မည္ဟု တြက္ဆၾကသည္။ ေျပးမ်ားေျပးၿပီလားဟုပင္ ေတြးၾကသည္။ သို႔ေသာ္ ညေနေစာင္းမွာေတာ့ ထိုဒ႐ိုင္ဘာေရာက္လာခဲ့သည္။ အက်ိဳးအေၾကာင္း ရွင္းျပေတာ့ သူတိုက္တာမဟုတ္၍ မလိုက္ႏုိင္ဟု ဆုိလာသည္။ ထိုစဥ္ ကားရွင္ကလည္း ရပ္ရြာတြင္ တာ၀န္ရွိသူတစ္ဦးျဖစ္၍ မင္းတို႔မွာ ဖမ္းမိန္႔ပါသလားသေဘာမ်ိဳး ေမးခြန္းျပန္ထုတ္သည္။ ထိုအခါ ဦးဘိုေက်ာ္တို႔တစ္ေတြ အက်ပ္႐ိုက္သည္။ ေနာက္ဆံုး ၈၈ ပြင့္လင္းအဖဲြ႕မွ ကိုစုိးသီဟတို႔က သက္ဆုိင္ရာ အရာရွိေတြဆီီ ဖုန္းဆက္အကူူ အညီေတာင္းသည္။ ထိုသို႔ အကူအညီေတာင္းၿပီးမွ ပ်ားရြာသို႔ ရဲေတြႏွင့္ အုပ္ခ်ဳပ္ေရးပိုင္းတာ၀န္ရွိသူေတြ ေရာက္လာကာ ကားႏွင့္အတူ ဒ႐ိုင္ဘာေရာ ကားပိုင္ရွင္ကိုပါ ေက်ာက္ဆည္ရဲစခန္းဆီသုိ႔ ေခၚလာႏုိင္ခဲ့သည္။

ရက္အနည္းငယ္ စစ္ေဆးၿပီးသည့္ ေနာက္တြင္ေတာ့ ဦးဘုိေက်ာ္ သမီးငယ္၏အမႈမွ တရားခံအစစ္အမွန္ကို သိရွိခဲ့ရသည္။ တရားခံအစစ္မွာ ကားပိုင္ရွင္၏ညီျဖစ္ၿပီး အခင္းျဖစ္သည့္ေန႔က သင္ပုတ္ရြာလမ္းခဲြအနီးအေရာက္၌ ေရွ႕မွေထာ္လာဂ်ီကားကို ေက်ာ္တက္ရာ ေထာ္လာဂ်ီမွာလည္း သူ႔ေရွ႕က ဆုိင္ကယ္ကိုေက်ာ္သျဖင့္ ေထာ္လာဂ်ီကို ေရွာင္ရင္း သူတို႔ကားမွာ တစ္ဖက္ယာဥ္ေၾကာေပၚ ေရာက္ရွိသြားခဲ့သည္။ ထိုသို႔ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္ရွိသြားခ်ိန္ အေဒၚကို ကားဂိတ္ပို႔႐ံုတင္ အားမရ ရြာအထိ လိုက္ပုိ႔ေပးသည့္ ဦးဘုိေက်ာ္သမီး မစုငယ္ၿဖိဳးစီးလာသည့္ဆိုင္ကယ္ကုိ ၀င္တုိက္မိခဲ့သည္။ သူတို႔လည္း ေၾကာက္အားလန္႔အားျဖင့္ ေမာင္းထြက္ေျပးခဲ့ျခင္းျဖစ္ၿပီး အစ္ကိုျဖစ္သူအားသစ္ပင္ ၀င္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္းေျပာကာ ကဲြသြားသည့္ မီးခြက္ကို အသစ္ျပန္တပ္ေပးခဲ့ျခင္း ျဖစ္သည္ဟု စစ္ေဆးေတြ႕ရွိခဲ့ရသည္။

ေျခာက္လေက်ာ္ အအိပ္ပ်က္အစားပ်က္ အလုပ္အကိုင္ေတြပ်က္ၿပီး စိတ္ေသာကေတြမ်ားစြာျဖင့္ လိုက္လံစံုစမ္းခဲ့ရသည့္ သမီးငယ္ကို တိုက္ေျပးခဲ့သည့္ တရားခံကို ဖခင္ျဖစ္သူ ဦးဘုိေက်ာ္ကုိယ္တုိင္ ေဖာ္ထုတ္ႏုိင္ခဲ့ၿပီျဖစ္သည္။ တကယ္ဆိုလွ်င္ ထိုကားသမားအေနျဖင့္ တာ၀န္ယူစိတ္ျဖင့္ သမီးငယ္ကုိ ေဆး႐ံုပို႔ေပးခဲ့မည္ဆုိလွ်င္ သမီးငယ္အသက္ မီႏုိင္ေကာင္း မီႏုိင္သည္။ မမီဦးဆုိေစတာ့ မေတာ္တဆမႈအတြက္ ကိုယ့္တာ၀န္ကိုယူေပးသည့္ ကားသမားစိတ္ဓာတ္ကို အသိအမွတ္ျပဳရမည္ ျဖစ္သည္။ ယခုေတာ့ လမ္းေဘးတိရစၧာန္တစ္ေကာင္ကိုတိုက္သြားသလို ပစ္ထားခဲ့ရသည့္အတြက္ ဦးဘိုေက်ာ္သမီးအတြက္ ယူက်ံဳးမရျဖစ္ခဲ့သည္။ တကယ္ဆို အားလံုး သူ႔တာ၀န္သူယူၾကမည္ဆုိလွ်င္ သမီးငယ္ ယခုေလာက္အထိ အေျခအေနမဆုိးႏုိင္။

မၾကာခင္ေတာ့ ဦးဘုိေက်ာ္ သမီးငယ္ မစုငယ္ၿဖိဳး၏ အမႈမွတရားခံကို ထုိက္သင့္သည့္ ျပစ္ဒဏ္ခ်မွတ္ေတာ့မည္ ျဖစ္သည္။ ဦးဘုိေက်ာ္အေနျဖင့္ေတာ့ သမီးငယ္၏ အမႈကို တရားမွ်တစြာ စီရင္ေပးေစခ်င္သည္။ ဒ႐ိုင္ဘာသာမက ကားေပၚပါလာၿပီး ယာဥ္တိုက္မႈကို ႏႈတ္ပိတ္ဖံုးကြယ္ခဲ့ၾကသည့္ လူေလးေယာက္ကုိလည္း ထိေရာက္သည့္ ျပစ္ဒဏ္ခ်မွတ္ေစခ်င္သည္။ ဒါမွသာ ယာဥ္တိုက္မႈမ်ိဳးျဖစ္သည့္အခါ ယာဥ္ေမာင္းတင္မက ယာဥ္ေပၚပါလာသူမ်ားပါ ယာဥ္တိုက္မႈအေပၚ တာ၀န္ယူလိုစိတ္ရွိလာမည္ဟု ဦးဘိုေက်ာ္က ယူဆသည္။

‘‘ငါခ်စ္ရတဲ့ သမီးကို ကားနဲ႔ တိုက္သြားတဲ့သူကို ငါ ဖမ္းေပးလိုက္ႏုိင္ခဲ့ၿပီ။ အဲဒီအတြက္ ငါေက်နပ္တယ္လို႔ပဲ ေတြးတယ္။ တရားခံကိုလည္း ရန္လိုတဲ့စိတ္မရွိပါဘူး။ ဘယ္သူက တိုက္ခ်င္မွာလဲ။ ဒါေပမဲ့ သူတို႔သာျဖစ္ျဖစ္ခ်င္းတာ၀န္ယူၿပီး ေဆး႐ံုသာ ပို႔ေပးမယ္ဆုိရင္...’’ ဦးဘုိေက်ာ္ ဆက္မေျပာႏုိင္ေတာ့။

သမီးငယ္၏ ဓာတ္ပံုမွန္ေပါင္ကိုၾကည့္ရင္း မ်က္၀န္းမွာမ်က္ရည္ေတြ ျပည့္လာခဲ့သည္။ ဦးဘိုေက်ာ္ကိုင္ထားသည့္ ဓာတ္ပံုမွန္ေပါင္ထဲတြင္ေတာ့ သမီးငယ္ မစုငယ္ၿဖိဳးက တာ၀န္ေက်ခဲ့သည့္ ဖခင္ျဖစ္သူကုိ ေက်နပ္ေနသေယာင္ ၿပံဳးျပလ်က္...။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version

 ကျောက်ဆည်မြို့မှ တံတားဦးမြို့သို့ သွားလာသည့် လမ်းပေါ်တွင် အသက်(၅၀)ခန့်ရှိမည့် အမျိုးသားကြီးတစ်ယောက် ဆိုင်ကယ်တစ်စီးဖြင့် သွားနေသည်။ ထိုအမျိုးသားကြီးသည် ကျောက်ဆည်-တံတားဦးလမ်းပေါ်ရှိ သင်ပုတ်ရွာလမ်းခွဲအနီးတွင်သာ ဆိုင်ကယ်ကို ခေါက်တုံ့ခေါက်ပြန်မောင်းနေခြင်းဖြစ်သည်။ ထိုသို့မောင်းနေရင်း ဖြတ်သွားဖြတ်လာကားများကို မျက်စိတစ်ဆုံး လိုက်လံကြည့်ရှုနေသည်။ အထူးသဖြင့် ဒိုင်နာကားမျိုးဆိုလျှင် အသေအချာ လိုက်ကြည့်သည်။ ဒိုင်နာကားများ၏ နောက်အဖုံးမှာ တစ်ခုခုများ ကပ်ထားမလား ရှာဖွေနေခြင်းဖြစ်သည်။ ဒီထက် ပြည့်ပြည့်စုံစုံပြောရလျှင် ကားနောက်အဖုံးပေါ်တွင် သိန်းငှက်နှစ်ကောင် အမှတ်တံဆိပ်ရေးထိုးထားသည့် အမိုးကိုင်းဖြုတ်ဒိုင်နာပုံပြောင်းယာဉ်တစ်စီးကို ရှာဖွေနေခြင်းဖြစ်လေသည်။

ဦးဘိုကျော်ဟုခေါ်သည့် ကျောက်ဆည်သားကြီး ဖြစ်ပါသည်။ ဦးဘိုကျော်သည် ကျောက်ဆည်-တံတားဦးလမ်းပေါ်ရှိ သင်ပုတ်ရွာလမ်းခွဲနှင့် လေးမိုင်ကျော်ဝေးသည့် ကျောက်ဆည်မြို့တွင် နေထိုင်ခြင်းဖြစ်သည်။ လေးမိုင်ခရီးကို ဆိုင်ကယ်တစ်စီးဖြင့် ဦးဘိုကျော် အခေါက်ပေါင်းမရေတွက်နိုင်အောင် ရောက်ခဲ့ရပါသည်။ ရောက်တိုင်းလည်း ရင်တွင်းမှ နာကျင်မှုပေါင်းများစွာနှင့်ပါ။ သင်ပုတ်ရွာလမ်းခွဲက ဦးဘိုကျော်ရော သူ့မိသားစုကိုပါ တစ်သက်လုံး ဖျောက်ဖျက်၍ မရနိုင်တော့အောင် စိတ်ဒဏ်ရာများရခဲ့ရာနေရာဖြစ်နေသည်။ ထို့ကြောင့် ထိုနေရာကို မရောက်ချင်၊ မဖြတ်ချင်ပေမယ့်လည်း ဒီလမ်းခွဲကို ဦးဘိုကျော်ဖြတ်ရပါသည်။

အရင်ကတော့ ဦးဘိုကျော် သည်လမ်းသည်နေရာတွေကို မရောက်ဖြစ်ခဲ့ပေ။ ကျောက်ဆည်မှာရှိသည့် ဒိုင်နမိုမော်တာဝိုင်ယာရိန်းဆိုင်လေးဖြင့်သာ အလုပ်တွေများနေခဲ့သည်။ အလုပ်တွေ ဖိလုပ်နေသည်ကလည်း သူ့တွင် အရွယ်ရောက်ပြီး နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တက်နေသည့် သမီးချောနှစ်ယောက်ကြောင့်ပင်။ သမီးတွေက ဦးဘိုကျော်နှင့်ဇနီးတို့၏ ဆန္ဒရည်မှန်းမှုတွေအတိုင်း ပညာရေးမှာ ထူးချွန်ခဲ့ကြသည်။ ဘွဲ့ထူးဂုဏ်ထူးတွေ မရှိခဲ့ကြသည့် ဦးဘိုကျော်တို့ဇနီးမောင်နှံအတွက်တော့ သမီးချောနှစ်ယောက်၏ အင်ဂျင်နီယာအိပ်မက်တွေကို ဝမ်းမြောက်ဝမ်းသာ အားဖြည့်ခဲ့ကြသည်။ မိသားစုလေးဦးသာရှိသည့် ကျောက်ဆည်မြို့က သူတို့အိမ်ကလေးသည် ပျော်ရွှင်သာယာမှုရှိခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လ ၁၃ ရက် နံနက် ၁၁ နာရီခန့်မတိုင်မီအထိ ဖြစ်သည်။ ထိုနေ့ နံနက် ၉ နာရီခန့် က ဦးဘိုကျော်၏သမီးငယ် မစုငယ်ဖြိုးတစ်ယောက် တံတားဦးမြို့နယ်ဘက် ရွာကနေ သူတို့အိမ်ကို အလည်လာသည့် အဒေါ်ဖြစ်သူ ရွာပြန်မည်ဆို၍ ကျောက်ဆည်-တံတားဦးလမ်းပေါ်ရှိ ကားဂိတ်သို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးသည်။ ကားဂိတ်သို့ လိုက်ပို့မည်ဆိုသော်လည်း သမီးငယ်မှာ နံနက် ၁၁ နာရီခန့်အထိ ပြန်မရောက်လာ။ နံနက် ၁၁ နာရီခွဲလောက်မှာတော့ ဦးဘိုကျော်တို့ဆီ သတင်းစကားတစ်ခု ရောက်လာခဲ့သည်။ ကျောက်ဆည်-တံတားဦးလမ်းမပေါ်ရှိ သင်ပုတ်ရွာလမ်းခွဲတွင် ကားတစ်စီးက ကလစ်ဆိုင်ကယ်စီးလာသည့် အမျိုးသမီးငယ်တစ်ဦးကို ဝင်တိုက်ကာ ထွက်ပြေးသွားသည်တဲ့။ သမီးငယ်ကလည်း သူ့အဒေါ်ကို လိုက်ပို့သည်။ စီးသွားတာကလည်း ကလစ်ဆိုင်ကယ်ဆိုတော့ ဦးဘိုကျော်တစ်ယောက် ရင်ထဲထိတ်ခနဲဖြစ်သွားသည်။ သို့ဖြင့် အခင်းဖြစ်နေရာသို့ လိုက်သွားသည်။ တွေ့လိုက်ရသည်က သမီးငယ်၏ဆိုင်ကယ်။ ဦးဘိုကျော်ချာချာလည်သွားတော့သည်။ သမီးငယ်ကို ကျောက်ဆည်ဆေးရုံပို့လိုက်ပြီဖြစ်သည်။ ဦးဘိုကျော်တို့ ကျောက်ဆည်ဆေးရုံသို့လိုက်သည်။ ဒဏ်ရာဗရပွနှင့် သမီးငယ်ကို တွေ့လိုက်ကြရသည်။ အခင်းဖြစ်ပြီး နှစ်နာရီခန့်အကြာမှာတော့ သမီးငယ် မစုငယ်ဖြိုးသည် ရရှိထားသည့် ဒဏ်ရာများဖြင့် ဦးဘိုကျော်တို့မိသားစုကို နှုတ်ဆက်ခွင့်ပင်မရတော့ဘဲ ဆုံးပါးသွားရှာသည်။

သမီးငယ်ဆုံးသည့် သတင်းက ကျောက်ဆည်မြို့ကလေးမှာ လူပြောအများဆုံး သတင်းဖြစ်ခဲ့သည်။ သမီးငယ်က ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂထဲလည်းဝင်ကာ ကျောင်းသားလှုပ်ရှားမှုတွေ၊ ပညာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်လေတော့ ကျောင်းသားထုတွေ၊ နိုင်ငံရေးအင်အားစုတွေက ရင်ထုမနာ နှမြောတသဖြစ်ကြရသည်။ သာ၍စိုးသည်က သမီးငယ် မစုငယ်ဖြိုးမှာ ကားဖြင့် အတိုက်ခံရသည့်အပြင် တိုက်သွားသည့်ကားက တာ ဝန်မယူဘဲ ထွက်ပြေးသွား၍ သမီးငယ်ကို ပို၍ ကရုဏာဖြစ်ခဲ့ကြသည်။ ထိုသူတွေထဲမှာတော့ ဦးဘိုကျော်တို့မိသားစုက အဆိုးရွားဆုံး ခံစားခဲ့ရသူတွေပင်ဖြစ်သည်။

သမီးငယ်နာရေးကိစ္စတွေပြီးသွားတော့ ဦးဘိုကျော် ကျောက်ဆည်ရဲစခန်းမှာ သမီးငယ်ကို တိုက်ပြေးသွားသူအား အမြန်ဆုံးဖော်ထုတ်ပေးဖို့ သွားပြောသည်။ တာဝန်ရှိသူတွေကတော့ စုံစမ်းနေကြောင်း ရှင်းပြသည်။ ဦးဘိုကျော်ကတော့ သမီးငယ်ကို တိုက်ပြေးသွားသည့်ယာဉ်မောင်းကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်လှပြီဖြစ်သည်။ သို့သော် ဦးဘိုကျော် ကံဆိုးသည်က သမီးငယ်အမှုလိုက်ပေးသည့် အမှုစစ်ရဲအရာရှိမှာလည်း တာဝန်အရ ရဲရွာဘက်သို့ ပြောင်းသွားသည်။ တရားခံပေါ်ဖို့အရေးထက် သမီးငယ် ဆိုင်ကယ်ပြန်ထုတ်ဖို့ပင် အတော်ခက်ခက်ခဲခဲ လုပ်ယူရသည်။ ထို့အတွက် ဦးဘိုကျော်တစ်ယောက် စိတ်ဓာတ်တွေ ထိုးကာကျသည်။ သမီးငယ်ကို ကားဖြင့်တိုက်ပြီး တာဝန်ယူမှု တစ်စက်မျှမရှိခဲ့သည့် ကားသမားကို သူရအောင်ဖော်ထုတ်ချင်သည်။ ထို့အတွက် ဦးဘိုကျော် ဘာလုပ်ရမည်နည်း။

နောက်ဆုံးတော့ ဦးဘိုကျော်တစ်ယောက် သမီးငယ်ယာဉ်တိုက်မှုဖြစ်သည့် သင်ပုတ်ရွာလမ်းခွဲဝန်းကျင်ကို သွားရောက်ကာ စုံစမ်းရသည်။ ဦးဘိုကျော်နှင့်အတူ ကျောက်ဆည် ၈၈ ပွင့်လင်းအဖွဲ့က လူတွေ၊ ကျောင်းသားအဖွဲ့တွေကလည်း တတ်နိုင်သလောက် ဝိုင်းကူကြသည်။ ဦးဘိုကျော်က မြင်သလောက်ကလေး၊ သိသလောက်ကလေးကို ပြောပြကြဖို့ အခင်းဖြစ်နေရာ အနီးနားနေသူတွေကို တောင်းပန်သည်။ သို့သော်တောသူတောင်သား လူတန်းစားတွေမို့ ရုံးရောက်ဂါတ်ရောက် ရောက်ကြရမည်ကို သေမလောက် ကြောက်ကြသည်။ အမှန်တရားတစ်ခုအတွက် ထုတ်ဖော်ပြောကြားချင်သော်ငြားလည်း ကိုယ်ပါအမှုတွဲထဲပါသွားမည်ကို စိုးထိတ်ကြသည်။ ထို့အတွက် ဦးဘိုကျော်အဖို့ မျက်မြင်သက်သေရရန် ဘယ်လိုမှ မလွယ်တော့။

    ဦးဘိုကျော် ထိုလမ်းခွဲနားမှာတင် မျက်ရည်ပေါက်ကြီးငယ်တွေ အကြိမ်ကြိမ်ကျခဲ့ရသည်။ နောက်ဆုံးတော့ ဦးဘိုကျော်ကို သနားလာ၍ ထင်သည်။ သုံးဘီးဆိုင်ကယ် ယာဉ်မောင်းသူတစ်ဦးထံမှ ဦးဘိုကျော် သမီးကို တိုက်သွားသည့် ယာဉ်သည် အမိုးကိုင်းမပါသည့် ဒိုင်နာယာဉ်ဟုသိလိုက်ရပြီး မတိုက်မီ သူ့သုံးဘီးဆိုင်ကယ်ကို အရင်ကျော်သွားသည်ဟု သတင်းစကားကြားခဲ့ရသည်။ ထိုသုံးဘီးသမားကို ဦးဘိုကျော်နှင့်အဖွဲ့တွေ သွားရောက်မေးမြန်းသည့်အခါတွင်တော့ သုံးဘီးသမား၏မိသားစုဝင်တွေက ဟန့်တားကြသောကြောင့် သတင်းစကား တိတိကျကျ မရခဲ့တော့။

သို့သော် ဦးဘိုကျော်တို့ အစကလေးတစ်ခုတော့ ဆွဲထုတ်လာနိုင်ခဲ့သည်။ သမီးငယ်ကို တိုက်သည့် ဒိုင်နာပုံပြောင်းယာဉ်က သုံးဘီးဆိုင်ကယ်ကို အရင်ကျော်သွားသည်တဲ့။ ထိုအစအနကလေးဖြင့် ဘယ်လိုဆက်ဆွဲထုတ်ရမလဲ။ ဦးဘိုကျော်တို့တစ်တွေ စဉ်းစားသည်။ ကားလာရာလမ်းကြောင်းတစ်လျှောက် လိုက်ကြည့်ကြသည်။ အခင်းဖြစ်ရာနှင့် အနည်းငယ်လှမ်းသည့် နေရာတစ်ခုတွင်  ဓာတ်ဆီဆိုင်တစ်ခုရှိသည်ကို တွေ့ရသည်။ အခင်းဖြစ်နေရာသို့သွားမည်ဆိုလျှင် ထိုဓာတ်ဆီဆိုင်ရှေ့ကနေ မဖြစ်မနေ ဖြတ်ရမည်ဖြစ်သည်။ ဦးဘိုကျော်တို့ ကံကောင်းသည်က ထိုဓာတ်ဆီဆိုင်မှာ စီစီတီဗီကင်မရာ တပ်ဆင်ထားခြင်းပင် ဖြစ်နေသည်။

သို့ဖြင့် ဆီဆိုင်ကို အကူအညီတောင်းကာ ထိုနေ့ နံနက် ၁၁ နာရီခန့်က စီစီတီဗီရုပ်သံမှတ်တမ်းတွေ ရှာကြည့်သည်။ ဓာတ်ဆီဆိုင်က စီစီတီဗီကင်မရာကို သူ့ဆိုင်ဆီလာထည့်သည့်ယာဉ်တွေကို မြင်ရသည့် တစ်လုံး၊ ဆီဆိုင်ရှေ့ ကျောက်ဆည်-တံတားဦးလမ်းပေါ်ကို မြင်ရသည့်တစ်လုံး တပ်ဆင်ထားသည်။ ဦးဘိုကျော်တို့ ထိုရုပ်သံမှတ်တမ်းတွေ ရှာအကြည့်မှာတော့ လမ်းပေါ်မှာ ဦးဘိုကျော်တို့ သတင်းအစအနရခဲ့သည့် သုံးဘီးဆိုင်ကယ် ဖြတ်သွားသည်ကို တွေ့ရသည်။ ထိုသုံးဘီးဆိုင်ကယ်ဖြတ်သွားပြီးနောက် ကပ်ပါသွားသည်က အမိုးကိုင်းမပါသည့် ဒိုင်နာယာဉ်။ သူ့နောက်မှာ တခြားယာဉ်များ ထပ်လိုက်လာဦးမည်လား ဦးဘိုကျော်တို့ သေချာကြည့်ကြသည်။ အချိန်အတန်ကြာသည်အထိ ဘယ်ကားမျှ ထပ်လိုက်မလာ။ ဒါဆိုလျှင် ထိုဒိုင်နာယာဉ်သည် သမီးငယ်ကို တိုက်သွားသည့် ယာဉ်ဖြစ်ရန် သံသယဖြစ်စရာ များသွားခဲ့လေသည်။

ဦးဘိုကျော်တို့တစ်တွေ စီစီတီဗီမှတ်တမ်းကနေ ကားနံပါတ် ကြည့်သည်။ သို့သော် ကံဆိုးစွာပင်ကားနံပါတ်ပြားက မပါ။ ဦးဘိုကျော်တို့ ထပ်မောသွားခဲ့ရသည်။  နံပါတ်မပါသည့်ကားကို ဘယ်လိုရှာကြမည်နည်း။ ကားကို သေချာစွာ ထပ်မံကြည့်လိုက်သည့်အခါတွင်တော့ ကားနောက်ဖုံး၌ အမှတ်အသားနှစ်ခုကို တွေ့လိုက်ကြရသည်။ သိန်းငှက်ပုံ စတစ်ကာကြီး နှစ်ခု။

စီစီတီဗီမှတ်တမ်းတွေကို ဓာတ်ပုံထုတ်ပြီး ရဲစခန်းသွားပြသည်။ ရဲအရာရှိတွေကလည်း သူတို့မှာ ထိုမှတ်တမ်းတွေရနေပြီဟု ဆိုပြန်သည်။ လိုသည်က မျက်မြင်သက်သေ။ ဦးဘိုကျော် သမီးငယ်အမှုမှာက မျက်မြင်သက်သေလုံးဝမရဖြစ်နေသည်။ ဦးဘိုကျော် စိတ်ဓာတ်တွေ ကျပြန်သည်။ သို့သော် ဦးဘိုကျော် အားပြန်တင်းသည်။ သူ့မှာ ယခင်ကထက်စာလျှင် သမီးငယ်ကို တိုက်သွားသည့် ကားပုံစံသိရနေပြီ။ နောက်ပြီး ကားနောက်ဖုံးမှာပါသည့် သိန်းငှက်ပုံကြီးနှစ်ခု။ ပင်လယ်ထဲ ဒီအတိုင်း လက်ပစ်ကူးလိုက်တာထက်စာလျှင် ဦးဘိုကျော်မှာ အားကိုးရာ ကောက်ရိုးတစ်မျှင်လေးတော့ ရလေပြီ။

ဦးဘိုကျော် စီစီတီဗီမှတ်တမ်းတွေ အထပ်ထပ်အခါခါ ပြန်ကြည့်သည်။ နောက်ပြီး ဦးဘိုကျော် ဦးနှောက်တစ်ခုလုံး ဗြောင်းဆန်သွားအောင် စဉ်းစားသည်။ ထိုဒိုင်နာယာဉ်သည် အနောက်က နံပါတ်ပြားလည်း မပါ။ မြို့ပေါ်က (သို့မ ဟုတ်) မြို့နှင့်ရွာကူးနေသည့်ကား ဆိုလျှင်လည်း နံပါတ်ပြားပါနိုင်ကောင်းသည်။ အခု ထိုယာဉ်က နံပါတ်ပြားမပါတော့ သေချာသည်။ ရွာမှာတင် သုံးနေသည့် ယာဉ်တစ်စီးစီးဖြစ်မည်။ ထို့အပြင် ဒိုင်နာယာဉ်သည် ရှေ့ခန်းတွင် လူနှစ်ယောက်၊ နောက်ခန်းတွင် လူသုံးယောက်ပါသည်။ နောက်မှာ ထိုင်လိုက်လာသည့် လူသုံးယောက်ပုံစံက အလုပ်သမားပုံစံတွေဖြစ်သည်။ ထို့ကြောင့် သူတို့သည် လုပ်ငန်းခွင်တစ်နေရာရာကို သွားတာမျိုးဖြစ်မည်။ တံတားဦးဘက်မှာလည်း ဖရဲစိုက်ခင်းတွေရှိနေတာကြောင့် ထိုလုပ်ငန်းတွေက အလုပ်သမားတွေ ဖြစ်နိုင်သည်။ ဒါဆိုလျှင် ထိုကားသည် အခင်းဖြစ်ရာ ကျောက်ဆည်-တံတားဦးလမ်းပေါ် သင်ပုတ်ရွာလမ်းခွဲသို့ မကြာခဏ ဖြတ်သန်းနိုင်လောက်မည်ဟု ဆက်စပ်ကာ တွေးကြည့်သည်။

ထိုအတွေးအတိုင်း ဦးဘိုကျော်တစ်ယောက် သင်ပုတ်ရွာလမ်းခွဲအနီး မကြာခဏ ဆိုင်ကယ်တစ်စီးဖြင့် ပတ်မောင်းသည်။ ကားတွေကို လိုက်ကြည့်သည်။ ထိုအနီးအနားဝန်းကျင်တွင် ဦးဘိုကျော်ကို မျက်မှန်းတန်းမိကြသဖြင့် တခြားသူတွေမသိအောင် ဆိုင်ကယ်ရှေ့ လေကာမှန်ကိုချကာ မောင်းသည်။ သမီးငယ် ကားဖြင့်အတိုက်ခံရသည့် သင်ပုတ်ရွာလမ်းခွဲတစ်ဝိုက်ကို ဆိုင်ကယ်ဖြင့်ပတ်သည်။ တစ်ရက်မှာတော့ ဦးဘိုကျော် သင်ပုတ်ရွာလမ်းခွဲအကျော်အထိ ဆိုင်ကယ်မောင်းပြီး ပြန်ကွေ့လာခဲ့ရာ ထိုလမ်းခွဲမရောက်မီ ကျေးရွာတစ် ရာအနီးရှိ ဘီယာဆိုင်တစ်ဆိုင်ရှေ့တွင် ကားတစ်စီးကို ဘွားခနဲတွေ့လိုက်ရသည်။ ထိုကားကို တွေ့လိုက်ရသည်နှင့် ဦးဘိုကျော်တစ်ယောက် စိတ်တွေ လှုပ်ရှားသွားသည်။ ထိုယာဉ်မှာ စီစီတီဗီမှတ်တမ်းထဲတွင် တွေ့လိုက်ရသည့် ဦးဘိုကျော်၏သမီးငယ်အား တိုက်ပြေးသွားသည်ဟု သံသယရှိခံရသည့် အမိုးကိုင်းမပါ ဒိုင်နာပုံပြောင်းယာဉ် ဖြစ်နေသောကြောင့်ပင်။

ဦးဘိုကျော် ဆိုင်ကယ်ကို မရပ်ရဲဘဲ ခပ်ဖြည်းဖြည်းလေးမောင်းကာ ကြည့်သည်။ ကားရှေ့ဘယ်ဘက်မီးခွက်တစ်ခုမှာ ကားနဲ့မလိုက်ဖက်စွာ သစ်လွင်နေသည်။ ထိုကားကို ကျော်လွန်အောင် မောင်းလာပြီး နောက်ပြန်လှည့်အကြည့်မှာတော့ ထိုကားနောက်အဖုံးပေါ်မှာ မြင်တွေ့လိုက်ရသည်က စီစီတီဗီမှတ်တမ်းထဲမှာ ပါသည့်အတိုင်း သိန်းငှက်နှစ်ကောင်အရုပ်ကြီးတွေက ထင်းခနဲ။ သေချာခဲ့ပြီ။ ရက်ပေါင်းများစွာ ရှာဖွေနေခဲ့သည့် ယာဉ်သည် ဦးဘိုကျော် မျက်စိရှေ့မှောက်သို့ ရောက်ရှိလို့လာခဲ့ပြီ။

ဦးဘိုကျော် ထိုကားနောက်ကို လိုက်သွားဖို့တော့ စဉ်းစားသည်။ သို့သော် သူ့မှာက ဘာမှမပါ။ ပြီးတော့ သူတစ်ယောက်တည်း။ သူတို့ဘက်က သိသွားခဲ့လျှင် ဦးဘိုကျော်အတွက် အန္တရာယ်ဖြစ်လာနိုင်သည်။

နောက်ပြီး သမီးအတွက် စိတ်တွေလှုပ်ရှားလာပြန်တော့ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ။ ကားမှာက နံပါတ်ကို ပြန်တပ်ထားတာ တွေ့ရသည်။ သို့ဖြင့် နံပါတ်ကို သေချာလိုက်မှတ်သည်။ သေချာအောင် အိမ်ပြန်ပြီး ဓာတ်ပုံတွေ ပြန်ယူသည်။ ထိုဘီယာဆိုင်သို့ ပြန်အလာမှာတော့ ကားက မရှိတော့။ သို့ပေမယ့် ဦးဘိုကျော် သဲလွန်စအဖြစ် ကားနံပါတ်ကို ရရှိနိုင်ခဲ့ပြီဖြစ်သည်။

ကားနံပါတ်သိပြီးသော်လည်း ရုံးတွေကနားတွေ အကူအညီဖြင့် ရှာရန် ကြိုးစားခဲ့သော်လည်း ထင်သလောက် မလွယ်ကူခဲ့။ နောက်ဆုံးကားပုံစံ၊ ကားနံပါတ်တွေဖြင့် ထိုကားဘယ်ရွာကလဲသိအောင်သာ ဦးဘိုကျော် ထပ်ရှာခဲ့ရသည်။ နောက်ဆုံးတွင်တော့ ဦးဘိုကျော် ရှာနေသည့် ကားသည် တံတားဦးမြို့နယ် ပျားရွာသားတစ်ဦးပိုင်သည့် ကားဖြစ်သည်ဟု သိရတော့သည်။

ပျားရွာကို ဦးဘိုကျော်နှင့် ၈၈ ပွင့်လင်းအဖွဲ့မှ ကိုစိုးသီဟနှင့် ကျောက်ဆည်ရဲစခန်းမှ ရဲတပ်ကြပ်နှင့် အခြားရဲဝန်ထမ်းတစ်ဦးတို့ လိုက်ပါကာ ကားရှင်ဆီသွားကြသည်။ ကားရှင်ဆီရောက်တော့ ကားကို နယ်မြေရဲစခန်းမှာ စစ်ဆေးဖု့ိအတွက် မောင်းယူခဲ့ဖို့ပြောသည်။ ကားရှင်ကလည်း အခြားရွာမှာနေသည့် ဒရိုင်ဘာကိုခေါ်ပြီး မောင်းပို့ပေးပါမည်ဟု ပြောသည်။ ဒရိုင်ဘာကို ဖုန်းဆက်လှမ်းခေါ်သည့်အခါ လာမည်ဟု ဆိုသော်လည်း အချိန်အတန်ကြာသည်အထိ ရောက်မလာ။ ဦးဘိုကျော်တို့ တစ်တွေကတော့ ဒီယာဉ်တိုက်မှုမှာ တရားခံသည် ထိုဒရိုင်ဘာသာဖြစ်မည်ဟု တွက်ဆကြသည်။ ပြေးများပြေးပြီလားဟုပင် တွေးကြသည်။ သို့သော် ညနေစောင်းမှာတော့ ထိုဒရိုင်ဘာရောက်လာခဲ့သည်။ အကျိုးအကြောင်း ရှင်းပြတော့ သူတိုက်တာမဟုတ်၍ မလိုက်နိုင်ဟု ဆိုလာသည်။ ထိုစဉ် ကားရှင်ကလည်း ရပ်ရွာတွင် တာဝန်ရှိသူတစ်ဦးဖြစ်၍ မင်းတို့မှာ ဖမ်းမိန့်ပါသလားသဘောမျိုး မေးခွန်းပြန်ထုတ်သည်။ ထိုအခါ ဦးဘိုကျော်တို့တစ်တွေ အကျပ်ရိုက်သည်။ နောက်ဆုံး ၈၈ ပွင့်လင်းအဖွဲ့မှ ကိုစိုးသီဟတို့က သက်ဆိုင်ရာ အရာရှိတွေဆီ ဖုန်းဆက်အကူူ အညီတောင်းသည်။ ထိုသို့ အကူအညီတောင်းပြီးမှ ပျားရွာသို့ ရဲတွေနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေ ရောက်လာကာ ကားနှင့်အတူ ဒရိုင်ဘာရော ကားပိုင်ရှင်ကိုပါ ကျောက်ဆည်ရဲစခန်းဆီသို့ ခေါ်လာနိုင်ခဲ့သည်။

ရက်အနည်းငယ် စစ်ဆေးပြီးသည့် နောက်တွင်တော့ ဦးဘိုကျော် သမီးငယ်၏အမှုမှ တရားခံအစစ်အမှန်ကို သိရှိခဲ့ရသည်။ တရားခံအစစ်မှာ ကားပိုင်ရှင်၏ညီဖြစ်ပြီး အခင်းဖြစ်သည့်နေ့က သင်ပုတ်ရွာလမ်းခွဲအနီးအရောက်၌ ရှေ့မှထော်လာဂျီကားကို ကျော်တက်ရာ ထော်လာဂျီမှာလည်း သူ့ရှေ့က ဆိုင်ကယ်ကိုကျော်သဖြင့် ထော်လာဂျီကို ရှောင်ရင်း သူတို့ကားမှာ တစ်ဖက်ယာဉ်ကြောပေါ် ရောက်ရှိသွားခဲ့သည်။ ထိုသို့ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားချိန် အဒေါ်ကို ကားဂိတ်ပို့ရုံတင် အားမရ ရွာအထိ လိုက်ပို့ပေးသည့် ဦးဘိုကျော်သမီး မစုငယ်ဖြိုးစီးလာသည့်ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့သည်။ သူတို့လည်း ကြောက်အားလန့်အားဖြင့် မောင်းထွက်ပြေးခဲ့ခြင်းဖြစ်ပြီး အစ်ကိုဖြစ်သူအားသစ်ပင် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်းပြောကာ ကွဲသွားသည့် မီးခွက်ကို အသစ်ပြန်တပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ရသည်။

ခြောက်လကျော် အအိပ်ပျက်အစားပျက် အလုပ်အကိုင်တွေပျက်ပြီး စိတ်သောကတွေများစွာဖြင့် လိုက်လံစုံစမ်းခဲ့ရသည့် သမီးငယ်ကို တိုက်ပြေးခဲ့သည့် တရားခံကို ဖခင်ဖြစ်သူ ဦးဘိုကျော်ကိုယ်တိုင် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ တကယ်ဆိုလျှင် ထိုကားသမားအနေဖြင့် တာဝန်ယူစိတ်ဖြင့် သမီးငယ်ကို ဆေးရုံပို့ပေးခဲ့မည်ဆိုလျှင် သမီးငယ်အသက် မီနိုင်ကောင်း မီနိုင်သည်။ မမီဦးဆိုစေတာ့ မတော်တဆမှုအတွက် ကိုယ့်တာဝန်ကိုယူပေးသည့် ကားသမားစိတ်ဓာတ်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ယခုတော့ လမ်းဘေးတိရစ္ဆာန်တစ်ကောင်ကိုတိုက်သွားသလို ပစ်ထားခဲ့ရသည့်အတွက် ဦးဘိုကျော်သမီးအတွက် ယူကျုံးမရဖြစ်ခဲ့သည်။ တကယ်ဆို အားလုံး သူ့တာဝန်သူယူကြမည်ဆိုလျှင် သမီးငယ် ယခုလောက်အထိ အခြေအနေမဆိုးနိုင်။

မကြာခင်တော့ ဦးဘိုကျော် သမီးငယ် မစုငယ်ဖြိုး၏ အမှုမှတရားခံကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်တော့မည် ဖြစ်သည်။ ဦးဘိုကျော်အနေဖြင့်တော့ သမီးငယ်၏ အမှုကို တရားမျှတစွာ စီရင်ပေးစေချင်သည်။ ဒရိုင်ဘာသာမက ကားပေါ်ပါလာပြီး ယာဉ်တိုက်မှုကို နှုတ်ပိတ်ဖုံးကွယ်ခဲ့ကြသည့် လူလေးယောက်ကိုလည်း ထိရောက်သည့် ပြစ်ဒဏ်ချမှတ်စေချင်သည်။ ဒါမှသာ ယာဉ်တိုက်မှုမျိုးဖြစ်သည့်အခါ ယာဉ်မောင်းတင်မက ယာဉ်ပေါ်ပါလာသူများပါ ယာဉ်တိုက်မှုအပေါ် တာဝန်ယူလိုစိတ်ရှိလာမည်ဟု ဦးဘိုကျော်က ယူဆသည်။

‘‘ငါချစ်ရတဲ့ သမီးကို ကားနဲ့ တိုက်သွားတဲ့သူကို ငါ ဖမ်းပေးလိုက်နိုင်ခဲ့ပြီ။ အဲဒီအတွက် ငါကျေနပ်တယ်လို့ပဲ တွေးတယ်။ တရားခံကိုလည်း ရန်လိုတဲ့စိတ်မရှိပါဘူး။ ဘယ်သူက တိုက်ချင်မှာလဲ။ ဒါပေမဲ့ သူတို့သာဖြစ်ဖြစ်ချင်းတာဝန်ယူပြီး ဆေးရုံသာ ပို့ပေးမယ်ဆိုရင်...’’ ဦးဘိုကျော် ဆက်မပြောနိုင်တော့။

သမီးငယ်၏ ဓာတ်ပုံမှန်ပေါင်ကိုကြည့်ရင်း မျက်ဝန်းမှာမျက်ရည်တွေ ပြည့်လာခဲ့သည်။ ဦးဘိုကျော်ကိုင်ထားသည့် ဓာတ်ပုံမှန်ပေါင်ထဲတွင်တော့ သမီးငယ် မစုငယ်ဖြိုးက တာဝန်ကျေခဲ့သည့် ဖခင်ဖြစ်သူကို ကျေနပ်နေသယောင် ပြုံးပြလျက်...။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top